ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၈ အမှတ် ၁ စာ. ၃
  • အခုချိန်မှာ ကျမ်းစာလမ်းညွှန်ချက်ဟာ လက်တွေ့ကျသေးရဲ့လား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အခုချိန်မှာ ကျမ်းစာလမ်းညွှန်ချက်ဟာ လက်တွေ့ကျသေးရဲ့လား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • နိဒါန်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၈
  • မျက်မှောက်ခေတ်အသက်ရှင်နေထိုင်မှုအတွက် လက်တွေ့ကျသောစာအုပ်
    လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ်
  • အသုံးတည့်သော ဘာသာပြန်အထောက်အကူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • လမ်းညွှန်မှုရရန် သမ္မာကျမ်းစာကို အဘယ်ကြောင့် ဂရုပြုသင့်သနည်း
    နိုးလော့!—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၈
ကလ၁၈ အမှတ် ၁ စာ. ၃
အာကာသယာဉ်မှူးတစ်ဦး၊ ဂျက်လေယာဉ်တစ်စင်း၊ သိပ္ပံပညာရှင်တစ်ဦး၊ မိသားတစ်စု၊ ကျမ်းစာဖတ်နေတဲ့ အမျိုးသားတစ်ဦး

အခုချိန်မှာ ကျမ်းစာလမ်းညွှန်ချက်ဟာ လက်တွေ့ကျသေးရဲ့လား

လက်တွေ့မကျဘူးလို့ တချို့ပြောကြတယ်။ လမ်းညွှန်ချက်ရဖို့ ကျမ်းစာကို အားထားတာဟာ ၁၉၂၀ ခုနှစ်လောက်ကထုတ်တဲ့ ပြဋ္ဌာန်းစာအုပ်ကို သုံးပြီး ဓာတုဗေဒအကြောင်း သင်ပေးတာနဲ့တူတယ်လို့ ဆရာဝန်တစ်ဦး ပြောတယ်။ နောက်ဆုံးပေါ် ကွန်ပျူတာ အသုံးပြုနည်းကို သိချင်ရင် ခေတ်ကုန်နေတဲ့ ကွန်ပျူတာလက်စွဲစာအုပ်ကို သုံးပါ့မလားလို့တောင် ကျမ်းစာကို မယုံသူတစ်ဦး ပြောကောင်းပြောမယ်။ ကျမ်းစာကို လုံးဝခေတ်နောက်ကျနေတဲ့ စာအုပ်လို့ လူတချို့ ယူဆကြတယ်။

အဆင့်မြင့်နည်းပညာ ထွန်းကားနေတဲ့ အခုချိန်မှာ ခေတ်ကုန်နေတဲ့ လမ်းညွှန်စာအုပ်ကို သုံးပါ့မလား။ အင်တာနက်ဝက်ဘ်ဆိုက်တွေမှာ နောက်ဆုံးပေါ် လမ်းညွှန်ချက်တွေ၊ အကြံဉာဏ်တွေ အဆက်မပြတ် တင်ပေးနေတယ်။ အလွန်တော်တဲ့ စိတ်ကျန်းမာရေးပညာရှင်တွေ၊ ဘဝနေနည်းအကြံပေးပုဂ္ဂိုလ်တွေ၊ စာရေးဆရာတွေလည်း တီဗီအစီအစဉ်ကနေ အကြံပေးလမ်းညွှန်နေတယ်။ စာအုပ်ဆိုင်တွေမှာလည်း အကြံပေးလမ်းညွှန်စာအုပ်တွေ ရောင်းကောင်းလွန်းလို့ ဒေါ်လာသန်းထောင်ပေါင်းများစွာ ဝင်ငွေရတယ်။

မိနစ်တိုင်း သတင်းအချက်အလက်အသစ်တွေ ရနိုင်တဲ့ ဒီခေတ်မှာ လွန်ခဲ့တဲ့ အနှစ် ၂,၀၀၀ နီးပါးက ရေးသားပြီးစီးခဲ့တဲ့ ကျမ်းစာကို ဘာကြောင့် အားထားနေမှာလဲ။ လမ်းညွှန်ချက်ရဖို့ ရှေးဟောင်းစာအုပ်ကို အားထားတာဟာ ခေတ်နောက်ကျနေတဲ့ ဓာတုဗေဒပြဋ္ဌာန်းစာအုပ် ဒါမှမဟုတ် ကွန်ပျူတာလက်စွဲစာအုပ်ကို သုံးတာနဲ့တူတယ်လို့ ပြောတာ မှန်နေမလား။ တကယ်တော့ မမှန်ပါဘူး။ သိပ္ပံပညာနဲ့ နည်းပညာတွေ တစ်ဟုန်ထိုး ပြောင်းလဲနေပေမဲ့ လူတွေရဲ့ အခြေခံလိုအပ်ရာတွေက ပြောင်းလဲသွားလို့လား။ လူတွေဟာ ဘဝရဲ့အဓိပ္ပာယ်ကို သိချင်နေဆဲပဲ။ ပျော်ရွှင်မှု၊ ဘေးကင်းလုံခြုံမှု၊ စည်းလုံးတဲ့မိသားစု၊ ချစ်ရတဲ့ မိတ်ဆွေတွေကို လိုလားနေတုန်းပဲ။

ကျမ်းစာဟာ အလွန်ရှေးကျပေမဲ့ အဲဒီလိုအပ်ချက်တွေ ရနိုင်ပုံကို ဖော်ပြပေးတယ်။ ကျမ်းစာကို ဘုရားသခင့် စွမ်းအားတော်လမ်းညွှန်မှုနဲ့ ရေးထားတယ်လို့လည်း ဖော်ပြတယ်။ ဘဝကဏ္ဍအသီးသီးအတွက် လမ်းညွှန်ချက်တွေ ပါတယ်။ အခက်အခဲတွေကို ရင်ဆိုင်နိုင်အောင် အသင့်ပြင်ဆင်ပေးတယ်။ (၂ တိမောသေ ၃:၁၆၊ ၁၇) ဒါ့အပြင် အမြဲတမ်း လက်တွေ့ကျတဲ့၊ ဘယ်တော့မှ ခေတ်နောက်မကျတဲ့ အကြံဉာဏ်တွေကိုလည်း ဖော်ပြတယ်။ “ဘုရားသခင်ရဲ့ နှုတ်ထွက်စကားဟာ ရှင်သန်နေတယ်” လို့ ကျမ်းစာပြောတယ်။—ဟီဘရူး ၄:၁၂။

ကျမ်းစာမှာပါတာတွေဟာ တကယ်ပဲ မှန်သလား။ ကျမ်းစာဟာ ခေတ်နောက်ကျနေပြီလား ဒါမှမဟုတ် အလွန်လက်တွေ့ကျတဲ့စာအုပ်၊ ရှင်သန်နေတဲ့ စာအုပ်လား။ အဲဒီမေးခွန်းတွေရဲ့ အဖြေရနိုင်အောင် ဒီအထူးထုတ် ကင်းမျှော်စင်က ကူညီပေးပါလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ