ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၇ ဒီဇင်ဘာ စာ. ၁၄-စာ. ၁၅ ပိုဒ်. ၈
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • မှန်ကန်တဲ့ရွေးချယ်မှုတွေလုပ်ခြင်းအားဖြင့် သင့်အမွေကို စောင့်ရှောက်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • သင်သိပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ယာကုပ် အမွေရရှိခဲ့
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ယာကုပ်နဲ့ ဧသော ပြန်သင့်မြတ်သွား
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
က၁၇ ဒီဇင်ဘာ စာ. ၁၄-စာ. ၁၅ ပိုဒ်. ၈
ဧသောရဲ့ သားဦးအရာကို ယာကုပ် ဝယ်ယူခဲ့

ဧသောရဲ့ သားဦးအရာကို ယာကုပ် ဝယ်ယူခဲ့လို့ မေရှိယ ဘိုးဘေး ဖြစ်လာတာလား

စာရှုသူများထံမှ မေးခွန်းလွှာ

ရှေးခေတ်အစ္စရေးမှာ မေရှိယ ဆင်းသက်မယ့်မျိုးရိုးဟာ သားဦးအခွင့်အရာနဲ့ သက်ဆိုင်သလား။

အဲဒီလို ကျွန်တော်တို့ တစ်ခါတလေ ဖော်ပြလေ့ရှိတယ်။ အဲဒါဟာ ဟီဘရူး ၁၂:၁၆ မှာပါတဲ့အချက်နဲ့ ကိုက်ညီပုံရတယ်။ အဲဒီကျမ်းချက်မှာ ဧသောဟာ ‘မြင့်မြတ်တဲ့အရာကို တန်ဖိုးမထားဘဲ’ “သားဦးအခွင့်အရေးကို တစ်နပ်စာနဲ့ လဲလှယ်ခဲ့တယ်” လို့ ဖော်ပြထားတယ်။ ယာကုပ်က “သားဦးအခွင့်အရေး” ရတဲ့အခါ မေရှိယရဲ့ ဘိုးဘေးလည်း ဖြစ်လာတယ်ဆိုတဲ့သဘော သက်ရောက်ပုံရတယ်။—မ. ၁:၂၊ ၁၆။ လု. ၃:၂၃၊ ၃၄။

ဒါပေမဲ့ မေရှိယရဲ့ ဘိုးဘေးဖြစ်ဖို့ သားဦး ဖြစ်စရာ မလိုဘူးလို့ ကျမ်းစာမှတ်တမ်းတွေက ဖော်ပြတယ်။ အထောက်အထားတချို့ကို သုံးသပ်ကြည့်ပါ–

ယာကုပ် (အစ္စရေး) ရဲ့သားတွေထဲမှာ သားဦးက လေအာမွေးတဲ့ ရုဗင် ဖြစ်တယ်။ နောက်ပိုင်းမှာ ယာကုပ် ချစ်တဲ့ဇနီးရဲ့ သားဦးက ယောသပ် ဖြစ်တယ်။ ရုဗင် အမှားကျူးလွန်တဲ့အခါ သားဦးအခွင့်အရေးကို ယောသပ် ရသွားတယ်။ (က. ၂၉:၃၁-၃၅။ ၃၀:၂၂-၂၅။ ၃၅:၂၂-၂၆။ ၄၉:၂၂-၂၆။ ၁ ရာ. ၅:၁၊ ၂) ဒါပေမဲ့ မေရှိယမျိုးရိုးဟာ ရုဗင်ကနေရော၊ ယောသပ်ကနေပါ မဆင်းသက်ခဲ့ဘူး။ လေအာ မွေးတဲ့ စတုတ္ထသား ယုဒကနေ ဆင်းသက်တယ်။—က. ၄၉:၁၀။

လုကာ ၃:၃၂ မှာ မေရှိယ ဆင်းသက်တဲ့မျိုးရိုး ငါးဆက်ကို ဖော်ပြတယ်။ အားလုံးက သားဦးတွေ ဖြစ်ပုံရတယ်။ ဒါကြောင့် ဗောဇသား ဩဗက်၊ ဩဗက်သား ယေရှဲ ဖြစ်တယ်။—ရု. ၄:၁၇၊ ၂၀-၂၂။ ၁ ရာ. ၂:၁၀-၁၂။

ဒါပေမဲ့ ဒါဝိဒ်ဟာ ယေရှဲရဲ့ သားဦး မဟုတ်ဘူး။ ရှစ်ယောက်မြောက်သား ဖြစ်တယ်။ ဒါဝိဒ်ကတစ်ဆင့် မေရှိယ ဆင်းသက်လာတယ်။ (၁ ရှ. ၁၆:၁၀၊ ၁၁။ ၁၇:၁၂။ မ. ၁:၅၊ ၆) အလားတူပဲ ဒါဝိဒ်ရဲ့ သားဦး မဟုတ်တဲ့ ရှောလမုန်ကနေ ဆင်းသက်လာတယ်။—၂ ရှ. ၃:၂-၅။

သားဦးဖြစ်ခြင်းဟာ အရေးမပါဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။ သားဦးဟာ ဂုဏ်ရှိတဲ့အနေအထား ဖြစ်ပြီး အိမ်ထောင်ဦးစီး ဖြစ်လာလေ့ရှိတယ်။ အမွေနှစ်ဆ ရတဲ့သားလည်း ဖြစ်တယ်။—က. ၄၃:၃၃။ တရား. ၂၁:၁၇။ ယောရှု ၁၇:၁။

ဒါပေမဲ့ သားဦးအရာကို လွှဲပြောင်းနိုင်တယ်။ အာဗြဟံက အိရှမေလကို မောင်းထုတ်ပြီး အိဇက်ကို သားဦးအရာ ပေးခဲ့တယ်။ အထက်မှာဖော်ပြခဲ့တဲ့အတိုင်း ရုဗင်ရဲ့ သားဦးအရာကို ယောသပ်ကို လွှဲပြောင်းခဲ့တယ်။

“ခင်ဗျားတို့ဆီမှာ လိင်အကျင့်ယိုယွင်းသူတွေ၊ မြင့်မြတ်တဲ့အရာကို ဧသောလို တန်ဖိုးမထားသူတွေ မရှိအောင် သတိထားပါ။ ဧသောက သားဦးအခွင့်အရေးကို တစ်နပ်စာနဲ့ လဲလှယ်ခဲ့တယ်” လို့ဖော်ပြတဲ့ ဟီဘရူး ၁၂:၁၆ ကို ပြန်သုံးသပ်ကြည့်ရအောင်။ ဘယ်အချက်ကို ဖော်ပြနေသလဲ။

ဒီနေရာမှာ တမန်တော်ပေါလုဟာ မေရှိယရဲ့ ဘိုးဘေးအကြောင်း ဆွေးနွေးနေတာ မဟုတ်ဘူး။ “ကိုယ်သွားမယ့်လမ်းတွေကို အမြဲဖြောင့်ဖြူးစေ” ဖို့ ခရစ်ယာန်တွေကို တိုက်တွန်းနေတာပါ။ ဒါမှ “ဘုရားသခင်ရဲ့ မဟာကရုဏာကို မခံစားရတဲ့အဖြစ်မျိုး မရောက်မှာ။” လိင်အကျင့် ယိုယွင်းရင် ဘုရားရဲ့ မဟာကရုဏာ မခံစားရဘူး။ (ဟီ. ၁၂:၁၂-၁၆) လိင်အကျင့် ယိုယွင်းရင် ဧသောနဲ့ တူသွားမယ်။ ဧသောဟာ ‘မြင့်မြတ်တဲ့အရာကို တန်ဖိုးမထား’ ဘဲ “ညစ်ညူး” စေခဲ့တယ်။

ဧသောဟာ ဖခင်ကြီးစိုးတဲ့ခေတ်ကာလမှာ အသက်ရှင်ခဲ့လို့ ပူဇော်သကာတွေ ဆက်သခွင့်တောင် ရရှိနိုင်တယ်။ (က. ၈:၂၀၊ ၂၁။ ၁၂:၇၊ ၈။ ယောဘ ၁:၄၊ ၅) ဒါပေမဲ့ အသွေးအသားဆန္ဒကို အလိုလိုက်တဲ့အတွက် ပဲဟင်းတစ်ခွက်နဲ့ အဲဒီအခွင့်ထူးတွေအားလုံးကို လဲခဲ့တယ်။ အာဗြဟံရဲ့ မျိုးနွယ် ခံရမယ့်ဒုက္ခကို ရှောင်ချင်ခဲ့တာ ဖြစ်နိုင်တယ်။ (က. ၁၅:၁၃) မိဘတွေ မကြိုက်တဲ့ အယူမှား မိန်းမနှစ်ယောက်ကို ထိမ်းမြားခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ညစ်ညူးစေခဲ့တယ်။ မြင့်မြတ်တဲ့အရာတွေကို တန်ဖိုးမထားကြောင်း ပြခဲ့တယ်။ (က. ၂၆:၃၄၊ ၃၅) စစ်မှန်တဲ့ဘုရားကို ကိုးကွယ်တဲ့အမျိုးသမီးနဲ့ လက်ထပ်ခဲ့တဲ့ ယာကုပ်နဲ့ ကွာခြားလိုက်လေခြင်း။—က. ၂၈:၆၊ ၇။ ၂၉:၁၀-၁၂၊ ၁၈။

ယေရှုလေး အိပ်နေတဲ့ နွားစားခွက်နားမှာ မာရိနဲ့ ယောသပ်ရှိနေ

ဒါကြောင့် မေရှိယ ယေရှု ဆင်းသက်လာတဲ့မျိုးရိုးအကြောင်း ဘာကောက်ချက်ချနိုင်သလဲ။ တစ်ခါတလေ မျိုးရိုးဟာ သားဦးကနေ ဆင်းသက်လာပေမဲ့ အမြဲတော့ မဟုတ်ဘူး။ ဒီအချက်ကို ဂျူးတွေ နားလည်လက်ခံတယ်။ ခရစ်တော်ဟာ ယေရှဲရဲ့ သားအငယ်ဆုံး ဒါဝိဒ်ကနေ ဆင်းသက်လာမယ်ဆိုတာကို ဂျူးတွေ ဝန်ခံခဲ့ကြတယ်။—မ. ၂၂:၄၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ