ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၈ ဇူလိုင် စာ. ၃၀-၃၁
  • ထိရောက်ပျော်ရွှင်စွာ ကျမ်းစာလေ့လာနိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ထိရောက်ပျော်ရွှင်စွာ ကျမ်းစာလေ့လာနိုင်ပုံ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်သည် ကျွန်ုပ်တို့ဘ၀ကို အောင်မြင်စေလို
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ယောရှု ၁:၉—“အားယူ၍ ရဲရင့်ခြင်း ရှိလော့”
    ကျမ်းပိုဒ် ရှင်းပြချက်များ
  • လေ့လာခြင်း—ဆုကျေးဇူးဖြစ်ကာ နှစ်သက်ဖွယ်ဖြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ယေဟောဝါ ပြင်ဆင်ပေးတဲ့အရာတွေကနေ အကျိုးအပြည့်အဝ ရယူပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
က၁၈ ဇူလိုင် စာ. ၃၀-၃၁
ပညတ်တရားကို ယောရှု မီးခွက်နဲ့ ဖတ်နေ

ထိရောက်ပျော်ရွှင်စွာ ကျမ်းစာလေ့လာနိုင်ပုံ

ပညတ်တရားကို ယောရှု ဖတ်နေ၊ ယေရိခေါမြို့ရိုး ပြိုကျ၊ ရာခပ်အိမ် မပြိုလဲ၊ လက်ကို မိုးပေါ်မြှောက်ပြီး ယောရှု ဆုတောင်းနေ

ယောရှု စိန်ခေါ်ချက်ကြီးတစ်ခု ရင်ဆိုင်နေရတယ်။ အခက်အခဲတွေကြား အစ္စရေးတွေကို ကတိထားရာပြည်ထဲ ဦးဆောင်ခေါ်သွားရမယ်။ ဒါပေမဲ့ ‘ရဲစွမ်းသတ္တိ ရှိပါ။ ပညတ်တရားကို လိုက်နာပါ။ အဲဒီမှာရေးထားသမျှကို ဂရုတစိုက် လိုက်နာနိုင်ဖို့ နေ့ညမပြတ် ဖတ်ရွတ်ပါ။ ဒါဆိုရင် ဘဝလမ်းခရီး အောင်မြင်ပြီး ဉာဏ်ပညာရှိရှိ လုပ်ဆောင်နိုင်မယ်’ လို့ ယေဟောဝါ အားပေးတယ်။—ယောရှု ၁:၇၊ ၈။

“အလွန် ခက်ခဲကျပ်တည်း” တဲ့ နောက်ဆုံးကာလမှာ ကျွန်တော်တို့လည်း အခက်အခဲတွေ ကြုံနေရတယ်။ (၂ တိ. ၃:၁) ယေဟောဝါပေးတဲ့ အကြံဉာဏ်ကို လိုက်နာခြင်းအားဖြင့် ယောရှုလိုပဲ အောင်မြင်နိုင်တယ်။ ကျမ်းစာ မှန်မှန်ဖတ်ပြီး ကျမ်းစာမူတွေကို ကျင့်သုံးရမယ်။

ကျွန်တော်တို့ အများစုက စာဖတ်ဝါသနာပါသူတွေ မဟုတ်ကြဘူး။ ဒါပေမဲ့ ကျမ်းစာလေ့လာဖို့တော့ အလွန်အရေးကြီးတယ်။ “အကြံပြုချက်တွေကို စမ်းကြည့်ပါ” ဆိုတဲ့ လေးထောင့်ကွက်မှာ ထိရောက်ပျော်ရွှင်စွာ ကျမ်းစာလေ့လာနိုင်မယ့် နည်းတွေကို ဖော်ပြထားတယ်။

“ပညတ်လမ်းစဉ်အတိုင်း လမ်းပြပေးလှည့်ပါ။ ပညတ်ချက်တွေကို နှစ်သက်မြတ်နိုးလို့ပါ” လို့ ဆာလံဆရာ ပြောတယ်။ (ဆာ. ၁၁၉:၃၅) ကျမ်းစာလေ့လာခြင်းကနေ ပျော်ရွှင်မှု ရနိုင်ပါတယ်။ ဘုရားရေးရာ ရတနာများစွာကို တူးဖော်နိုင်ပါတယ်။

ကျွန်တော်တို့ဟာ ယောရှုလို လူမျိုးတစ်မျိုးကို ဦးဆောင်နေရတာ မဟုတ်ပေမဲ့ အခက်အခဲကိုယ်စီ ရှိကြတယ်။ ကျွန်တော်တို့ အကျိုးအတွက် ရေးထားတဲ့ကျမ်းစာကို ယောရှုလိုပဲ ဖတ်ရှု၊ လိုက်နာမယ်ဆိုရင် အောင်မြင်ပြီး ပညာရှိရှိ လုပ်ဆောင်နိုင်ပါလိမ့်မယ်။

အကြံပြုချက်တွေကို စမ်းကြည့်ပါ

  • လူတစ်ယောက် လက်ဆုပ်ထား

    မလေ့လာခင် ဆုတောင်းပါ။ ကျမ်းစာမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အတွေးအခေါ်တွေကို ကျွန်တော်တို့ အကျိုးအတွက် မှတ်တမ်းတင်ထားတယ်။ ဒါကြောင့် ကျမ်းစာဖတ်တဲ့အခါ နားလည်နိုင်ဖို့၊ ဘဝမှာ ကျင့်သုံးနိုင်ဖို့ ဆုတောင်းပါ။—ဧဇ. ၇:၁၀။

  • လူတစ်ယောက် ကိုယ့်ကိုယ်ကိုယ် မေးခွန်းမေးနေ

    ကိုယ့်ကိုယ်ကိုယ် မေးပါ။ ကျမ်းစာနဲ့ ကျမ်းစာစာပေတွေ ဖတ်တဲ့အခါ ‘ဒီကျမ်းချက်က ယေဟောဝါအကြောင်း ဘာပြောသလဲ။ ကျမ်းစာရဲ့ အဓိကအချက်နဲ့ ဘယ်လို ဆက်စပ်သလဲ။ ဒါကိုသုံးပြီး တခြားသူတွေကို ဘယ်လို ကူညီနိုင်မလဲ’ လို့ မေးပါ။

  • လူတစ်ယောက် တွေးတောဆင်ခြင်နေ

    လေ့လာထားတာကို တွေးတောဆင်ခြင်ပါ။ ဖတ်တာကိုရပ်ပြီး တွေးတောပါ။ ‘ဒီအကြောင်းအရာကြောင့် ငါ ဘယ်လို ခံစားရသလဲ။ ဘာကြောင့်လဲ။ ငါ့ရဲ့ အတိတ်၊ လက်ရှိ၊ အနာဂတ် အခြေအနေတွေနဲ့ ဘယ်လို ဆက်စပ်သလဲ။ ဘဝမှာ ဒီကျမ်းစာမူတွေကို ဘယ်လို ကျင့်သုံးနိုင်မလဲ။’ (ယောဘ ၂၃:၅။ ဆာ. ၄၉:၃) အပြုအမူတချို့ကို ရှောင်ဖို့ ယေဟောဝါ ဘာကြောင့် တားမြစ်ထားကြောင်း၊ မရှောင်ရင် ဘာဆိုးကျိုးတွေ ကြုံရနိုင်ကြောင်းကို ရှင်းပြနိုင်မလား။—တရား. ၃၂:၂၈၊ ၂၉။

  • လူတစ်ယောက် ကျမ်းစာမှတ်တမ်းတွေကို စိတ်ကူးပုံဖော်ကြည့်နေ

    စိတ်ကူးပုံဖော်ကြည့်ပါ။ ဥပမာ၊ ယောသပ်ကို အိရှမေလလူမျိုးတွေဆီ အစ်ကိုတွေ ရောင်းစားလိုက်တဲ့ မြင်ကွင်းကို စိတ်ကူးပုံဖော်ကြည့်ပါ။ (က. ၃၇:၁၈-၂၈) မြင်ယောင်၊ ကြားယောင်ကြည့်ပါ။ ရနံ့ကို ရှူရှိုက်ကြည့်ပါ။ ဇာတ်ကောင်တွေရဲ့ နေရာမှာ ဝင်ခံစားကြည့်ပါ။ သူတို့ ဘာစဉ်းစားနေသလဲ။ ဘယ်လို ခံစားနေရသလဲ။ အဲဒီလို စိတ်ကူးပုံဖော်လိုက်ရင် လေ့လာရတာ ပိုအဓိပ္ပာယ်ရှိလာပါလိမ့်မယ်။

  • လူတစ်ယောက် လေ့လာမှု ကိရိယာတွေ သုံးနေ

    လေ့လာမှု ကိရိယာတွေကို သုံးပါ။ ဒါက ရှာဖွေလေ့လာရတာကို ပိုစိတ်ဝင်စားစေပါလိမ့်မယ်။ အွန်လိုင်းဖြစ်စေ၊ ပုံနှိပ်စာပေဖြစ်စေ ကိုယ့်ဘာသာစကားနဲ့ ရနိုင်တဲ့ ကိရိယာတွေနဲ့ အကျွမ်းတဝင်ဖြစ်နေပါ။ ထိထိရောက်ရောက် မသုံးတတ်သေးရင် မေးဖို့ မရှက်ပါနဲ့။ ဥပမာ၊ ယေဟောဝါသက်သေတွေရဲ့ လေ့လာမှုလမ်းညွှန်က အကြောင်းအရာများစွာကို တွေ့အောင် ကူညီပေးပြီး ကျမ်းချက်တွေကို ရှင်းပြထားတယ်။ သင့်ဘာသာစကားနဲ့ ရနိုင်မယ်ဆိုရင် ကမ္ဘာသစ်ဘာသာပြန်ကျမ်း နောက်ဆက်တွဲတွေကို လေ့လာပါ။ အဲဒီမှာ နေရာဒေသ၊ မျိုးရိုးစဉ်ဆက်၊ အတိုင်းအတာ၊ အချင်အတွယ် စတဲ့ အဖိုးတန်အချက်အလက်တွေကို ဖော်ပြထားတယ်။

  • လူတစ်ယောက် အဓိကအချက်တွေကို ထုတ်နုတ်နေ

    အဓိကအချက်ကို ထုတ်နုတ်ပါ။ ဒါက လေ့လာခဲ့တာကို ပိုမှတ်မိစေပါလိမ့်မယ်။ တခြားသူတွေကို ပြောပြပါ။ အမှုဆောင်လုပ်ငန်းမှာ သုံးနိုင်တာ ရှိသလား။ ဒီနည်းတွေက အဓိကအချက်တွေကို မှတ်မိစေရုံမက တခြားသူတွေကိုလည်း အကျိုးရစေပါလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ