ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၉ အမှတ် ၃ စာ. ၆-၇
  • အသက်ရှင်ဖို့ ဖန်ဆင်းခံရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသက်ရှင်ဖို့ ဖန်ဆင်းခံရ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မျှော်လင့်ချက် ရှိ
  • အလွန်အသက်ရှည်ခဲ့ကြသူများ
  • နောက်ဆုံးရန်သူသေခြင်းဟာ ဆုံးရှုံးခြင်းသို့ ရောက်ရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • သူတို့သည်အမှန်ပင် ထိုမျှတိုင် အသက်ရှင်ခဲ့သလော
    နိုးလော့!—၂၀၀၇
  • ယေရှုရဲ့ သေခြင်းနဲ့ အသက်ပြန်ရှင်လာခြင်း—သင့်အတွက် ဘာအကျိုးရှိနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ပထမလူသားမောင်နှံထံမှ ကျွန်ုပ်တို့သင်ယူနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
ကလ၁၉ အမှတ် ၃ စာ. ၆-၇
တောအုပ်ထဲ လမ်းလျှောက်ရင်း သဘာဝအလှ ခံစားနေကြစဉ်

အသက်ရှင်ဖို့ ဖန်ဆင်းခံရ

လူတိုင်း အသက်ရှည်ရှည်၊ ပျော်ပျော်ရွှင်ရွှင် နေထိုင်ချင်ကြတယ်။ ကျန်းမာပျော်ရွှင်တဲ့ဘဝနဲ့ ထာဝစဉ် အသက်ရှင်နိုင်ရင် ဘယ်လောက် ကောင်းမလဲဆိုတာ စဉ်းစားကြည့်ပါ။ ချစ်ခင်ရသူတွေကို အချိန်ပိုပေးနိုင်မယ်။ ကမ္ဘာပတ်နိုင်မယ်။ အတတ်ပညာသစ်တွေ သင်ယူနိုင်မယ်။ ဉာဏ်ပညာ တိုးလာမယ်။ ကိုယ်စိတ်ဝင်စားသမျှကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာနိုင်မယ်။

အဲဒီဆန္ဒဟာ သဘာဝမကျတဲ့အရာလား။ မဟုတ်ပါဘူး။ အဲဒီဆန္ဒကို ကျွန်တော်တို့အထဲမှာ ဘုရားသခင် ထည့်သွင်းပေးထားတယ်လို့ ကျမ်းစာက ဆိုတယ်။ (ဒေသနာ ၃:၁၁) “ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာ ဖြစ်” တယ်လို့လည်း ဆိုထားတယ်။ (၁ ယောဟန် ၄:၈) ထာဝစဉ် အသက်မရှင်နိုင်ဘဲနဲ့ အဲဒီစိတ်ဆန္ဒကို မေတ္တာရှင် ဘုရားသခင် ထည့်ပေးထားရင် အဓိပ္ပာယ် ရှိပါ့မလား။

သေခြင်းဟာ လူ့မိတ်ဆွေ မဟုတ်ဘူး။ ဘယ်သူမှ မလိုလားတဲ့ “ရန်သူ” ဖြစ်တယ်လို့ ကျမ်းစာက ဆိုတယ်။ (၁ ကောရိန္သု ၁၅:၂၆) ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားတဲ့သူတွေ ရှိသလို အသက်ကြီးမှ သေဆုံးတဲ့သူတွေလည်း ရှိတယ်။ သေခြင်းကို ဘယ်သူမှ မရှောင်လွှဲနိုင်ဘူး။ သေရမှာကို လူတွေ တွေးကြောက်ကြတယ်။ ဒီရန်သူကြီးကို အနိုင်ယူနိုင်ပါ့မလား။ အနိုင်ယူဖို့ တကယ်ဖြစ်နိုင်ပါ့မလား။

မျှော်လင့်ချက် ရှိ

လူသားတွေ သေဖို့ ဘုရား မရည်ရွယ်ခဲ့ဘူးဆိုတာ သိရင် အံ့ဩသွားမလား။ လူသားတွေ ကမ္ဘာပေါ်မှာ ထာဝစဉ် အသက်ရှင်ဖို့ ဘုရား ရည်ရွယ်ထားကြောင်း ကမ္ဘာဦးကျမ်းမှာ ဖော်ပြထားတယ်။ လူတွေ နေထိုင်နိုင်ဖို့ ကမ္ဘာမြေကို လိုလေသေးမရှိ ယေဟောဝါဘုရား ပြင်ဆင်ပေးထားတယ်။ အဲဒီနောက် ပထမလူသား အာဒံကို ဖန်ဆင်းပြီး ပရဒိသု ဧဒင်ဥယျာဉ်မှာ နေရာချပေးတယ်။ “ဘုရားသခင်က ဖန်ဆင်းထားရာအားလုံး သိပ်ကောင်းတယ်ဆိုတာကို မြင်တယ်။”—ကမ္ဘာဦး ၁:၂၆၊ ၃၁။

အာဒံဟာ ဘုရားသခင့်ပုံသဏ္ဌာန်အတိုင်း ပြီးပြည့်စုံလင်စွာ ဖန်ဆင်းခံရတယ်။ (တရားဟောရာ ၃၂:၄) အာဒံ့ဇနီး ဧဝလည်း စိတ်ရော ကိုယ်ပါ အပြစ်အနာအဆာ မရှိဘူး။ “သားသမီးတွေ အများကြီး မွေးကြ။ ကမ္ဘာမြေကို ပြည့်စေပြီး အုပ်ထိန်းကြ။ ပင်လယ်ငါးတွေ၊ မိုးကောင်းကင်မှာပျံတဲ့ ငှက်တွေ၊ ကုန်းသတ္တဝါတွေကို အုပ်စိုးကြ” လို့ သူတို့ကို ယေဟောဝါ မိန့်မှာတယ်။—ကမ္ဘာဦး ၁:၂၈။

ကမ္ဘာမြေကို သားသမီးတွေနဲ့ ပြည့်စေဖို့ အချိန်ယူရမယ်။ ဘုရား ရည်ရွယ်ထားတဲ့အတိုင်း ကမ္ဘာမြေမှာ လူတွေ ပြည့်လာတဲ့အထိ ဧဝရဲ့ သားသမီးတွေကလည်း သားသမီးတွေ ထပ်မွေးကြရမယ်။ (ဟေရှာယ ၄၅:၁၈) ဘာတွေ ဖြစ်လာမလဲ မသိရဘဲ သားသမီးတွေ၊ မြေးတွေ မြင်ရတဲ့အထိပဲ အသက်ရှင်ဖို့ အာဒံနဲ့ ဧဝကို ဖန်ဆင်းထားရင် ဘုရားသခင် အဲဒီလိုမိန့်မှာမယ် ထင်သလား။

တိရစ္ဆာန်တွေကို အုပ်စိုးရမယ့် တာဝန်ကိုလည်း စဉ်းစားကြည့်ပါ။ အာဒံဟာ တိရစ္ဆာန်တွေကို နာမည်ပေးဖို့ မိန့်မှာခံရလို့ အချိန်ယူရမယ်။ (ကမ္ဘာဦး ၂:၁၉) တိရစ္ဆာန်တွေကို အုပ်စိုးနိုင်ဖို့ တိရစ္ဆာန်တွေအကြောင်း လေ့လာရမယ်။ ဘယ်လို ကြည့်ရှုစောင့်ရှောက်ရမလဲဆိုတာကိုလည်း နားလည်ရမယ်။ ဒါကြောင့် အချိန်အများကြီး ယူရမယ်။

ကမ္ဘာမြေကို ပြည့်စေဖို့၊ တိရစ္ဆာန်တွေကို အုပ်စိုးဖို့ ဘုရားမိန့်မှာချက်က ပထမလူသားမောင်နှံကို အသက်ရှည်ရှည်နေဖို့ ဖန်ဆင်းထားမှန်း သိနိုင်တယ်။ အာဒံ တကယ်လည်း အသက်ရှည်ခဲ့ပါတယ်။

မြေကြီးပရဒိသုမှာ လူတွေ ထာဝစဉ် အသက်ရှင်ဖို့ ဘုရား ရည်ရွယ်ထား

အလွန်အသက်ရှည်ခဲ့ကြသူများ

အာဒံAdam

အာဒံ အနှစ် ၉၃၀

မသုရှလ

မသုရှလ ၉၆၉ နှစ်

နောဧ

နောဧ အနှစ် ၉၅၀

အခုခေတ်လူ

ယနေ့ အနှစ် ၇၀-၈၀

တစ်ချိန်တုန်းက လူသားတွေဟာ အခုခေတ် လူတွေထက် အသက်ရှည်ခဲ့ကြကြောင်း ကျမ်းစာ ဖော်ပြတယ်။ “အသက် ၉၃၀ မှာ အာဒံ သေဆုံးသွားတယ်” လို့ ကျမ်းစာ ဆိုတယ်။ အသက် ၉၀၀ ကျော် အသက်ရှင်ခဲ့သူ ခြောက်ယောက်ကိုလည်း ဖော်ပြထားတယ်။ ရှေသ၊ ဧနုတ်၊ ကေနန်၊ ယာရက်၊ မသုရှလ၊ နောဧတို့ ဖြစ်တယ်။ သူတို့အားလုံးဟာ နောဧခေတ် ရေလွှမ်းမိုးဘေး မတိုင်ခင် အသက်ရှင်ခဲ့ကြတယ်။ ရေလွှမ်းမိုးတဲ့အခါ နောဧအသက် ၆၀၀ ရှိနေပြီ။ (ကမ္ဘာဦး ၅:၅-၂၇။ ၇:၆။ ၉:၂၉) ဘာကြောင့် အဲဒီလောက် အသက်ရှည်ခဲ့ကြသလဲ။

သူတို့အားလုံးဟာ လူသားတွေ စုံလင်မှုနဲ့ နီးစပ်တဲ့အချိန်မှာ အသက်ရှင်ခဲ့ကြလို့ပါ။ ဒါဟာ အသက်ရှည်ရတဲ့ အဓိကအကြောင်းရင်း ဖြစ်နိုင်တယ်။ ဒါဆိုရင် စုံလင်ခြင်းနဲ့ အသက်ရှည်ခြင်း ဘယ်လို ဆက်စပ်နေသလဲ။ သေခြင်းကို ဘယ်လို အနိုင်ယူနိုင်မလဲ။ အိုရသေရတဲ့ အကြောင်းရင်းကို အရင်နားလည်မှ အဖြေ သိရမယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ