ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၉ ဒီဇင်ဘာ စာ. ၃၀
  • သင် မှတ်မိသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် မှတ်မိသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်က ကျွန်တော်တို့ကို လုပ်ဆောင်နိုင်စွမ်းနဲ့ လုပ်ဆောင်ချင်စိတ် ဘယ်လို ပေးနိုင်သလဲ။ (ဖိ. ၂:၁၃)
  • စိတ်ဖိစီးနေချိန်မှာ နူးညံ့သိမ်မွေ့မှုကို ဆက်တင်ပြပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
  • ယေဟောဝါဘုရားကို နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးကြောင်း ဆက်တင်ပြနေပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • သမာဓိစောင့်ထိန်းနိုင်ဖို့ အမှားကင်းသူဖြစ်စရာမလို
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • ကိုယ်ကျင့်တရား စင်ကြယ်ပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
က၁၉ ဒီဇင်ဘာ စာ. ၃၀

သင် မှတ်မိသလား

၂၀၁၉ ကင်းမျှော်စင် ကို အခြေခံပြီး အောက်ပါမေးခွန်းတွေကို သင် ဖြေနိုင်သလား။

“မင်းကိုတိုက်ခိုက်ဖို့လုပ်တဲ့ လက်နက်တစ်ခုမှ အောင်မြင်မှာ မဟုတ်ဘူး” ဆိုတဲ့ ဘုရားသခင့် ကတိက ဘာကို ဆိုလိုသလဲ။ (ဟေရှာ. ၅၄:၁၇)

‘ဒေါသူပုန်ထတဲ့ ဖိနှိပ်ညှဉ်းပန်းသူတွေ’ လို အဖျက်စွမ်းအားတွေရဲ့ ရန်ကနေ ကျွန်တော်တို့ကို ယေဟောဝါ ကာကွယ်ပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။ (ဟေရှာ. ၂၅:၄၊ ၅) ရန်သူတွေ ကျွန်တော်တို့ကို ထာဝစဉ် အန္တရာယ်ပြုနိုင်မှာ မဟုတ်ဘူး။—က၁၉.၀၁၊ စာ. ၆-၇။

ခါနန်လူမျိုး၊ ခေါင်းမာတဲ့ အစ္စရေးလူမျိုးနဲ့ ဘုရားဆက်ဆံပုံက တရားမျှတမှုကို ဘယ်လို ပေါ်လွင်စေသလဲ။

ဘုရားသခင်က ညစ်ညမ်းတဲ့ လိင်အကျင့်မှာ ပါဝင်သူတွေ၊ အမျိုးသမီးနဲ့ ကလေးတွေအပေါ် မတရားဆက်ဆံသူတွေကို ဒဏ်စီရင်ခဲ့တယ်။ နာခံမှု ရှိသူတွေ၊ တခြားသူတွေကို တရားမျှတစွာ ဆက်ဆံသူတွေကို ကောင်းချီးပေးတယ်။—က၁၉.၀၂၊ စာ. ၂၂-၂၃။

မယုံကြည်သူတစ်ယောက် ဆုတောင်းချိန်မှာ ကိုယ်ရှိနေရင် ဘာလုပ်သင့်သလဲ။

ရိုသေလေးစားစွာ တိတ်တိတ်လေး နေသင့်ပေမဲ့ “အာမင်” လို့ ပြောတာ၊ တခြားသူတွေရဲ့ လက်ကို ကိုင်တာမျိုး မလုပ်ဘူး။ ကိုယ့်ဘာသာကိုယ် အသံတိတ် ဆုတောင်းနေနိုင်တယ်။—က၁၉.၀၃၊ စာ. ၃၁။

ကလေးကို မတော်မတရားပြုခြင်းဟာ ဘယ်လောက် ကြီးလေးတဲ့အပြစ် ဖြစ်သလဲ။

ကလေးကို မတော်မတရားပြုခြင်းဟာ ကလေး၊ အသင်းတော်၊ လောကအာဏာပိုင်တွေနဲ့ ဘုရားသခင်ကို ပြစ်မှားတဲ့အပြစ် ဖြစ်တယ်။ မတော်မတရားပြုတဲ့ ကိစ္စကို တိုင်ကြားဖို့ ဥပဒေရှိရင် အဲဒီအတိုင်း အကြီးအကဲတွေ လုပ်ဆောင်ကြတယ်။—က၁၉.၀၅၊ စာ. ၉-၁၀။

သင့်ရဲ့ စိတ်သဘောကို ဘယ်လို ပြောင်းလဲနိုင်၊ တိုးတက်စေနိုင်သလဲ။

အဓိကအချက်တွေကတော့– ယေဟောဝါဆီ ဆုတောင်းပါ။ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ဖို့ တွေးတောဆင်ခြင်ပါ။ အပေါင်းအသင်း တွေကို ပညာရှိရှိ ရွေးချယ်ပါ။—က၁၉.၀၆၊ စာ. ၁၁။

နှိပ်စက်ညှဉ်းပန်းမှုအတွက် အခုကတည်းက ဘယ်လို အသင့်ပြင်နိုင်သလဲ။

ယေဟောဝါနဲ့ ပိုရင်းနှီးအောင် လုပ်ဖို့ လိုတယ်။ သင့်ကို ဘုရား ချစ်ကြောင်း၊ ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ကြောင်း ယုံကြည်စိတ်ချပါ။ နေ့တိုင်း ကျမ်းစာ ဖတ်ပါ။ ပုံမှန် ဆုတောင်းပါ။ နိုင်ငံတော်ကောင်းချီးတွေ ပြည့်စုံတော့မယ်ဆိုတာ စိတ်ချပါ။ အကြိုက်ဆုံး ကျမ်းချက်တွေ၊ ချီးမွမ်းသီချင်းတွေကို အလွတ်ကျက်ထားပါ။—က၁၉.၀၇၊ စာ. ၂-၄။

ဆွေမျိုးတွေ ကယ်တင်ခံရဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။

ကိုယ်ချင်းစာကြောင်း ပြဖို့ အရေးကြီးတယ်။ ကိုယ့်ရဲ့ အမူအကျင့်ကောင်းအားဖြင့် သက်သေခံချက်ကောင်း ဖြစ်စေပါ။ စိတ်ရှည်ပါ။ လိမ္မာပါးနပ်ပါ။—က၁၉.၀၈၊ စာ. ၁၅-၁၇။

မဿဲ ၁၁:၂၈ မှာ ယေရှု ကတိပေးသလို ကျွန်တော်တို့ ဘယ်လို လန်းဆန်းမှု ရနိုင်မလဲ။

ကျွန်တော်တို့မှာ မေတ္တာရှိတဲ့ ခရစ်ယာန် ကြီးကြပ်မှူးတွေ၊ အကောင်းဆုံး မိတ်ဆွေတွေနဲ့ အကောင်းဆုံး အလုပ် ရှိထားတယ်။—က၁၉.၀၉၊ စာ. ၂၃။

ဘုရားသခင်က ကျွန်တော်တို့ကို လုပ်ဆောင်နိုင်စွမ်းနဲ့ လုပ်ဆောင်ချင်စိတ် ဘယ်လို ပေးနိုင်သလဲ။ (ဖိ. ၂:၁၃)

ကျမ်းစာဖတ်ပြီး တွေးတောဆင်ခြင်တဲ့အခါ ဘုရားသခင်က ကျွန်တော်တို့ကို ခွန်အားပြည့်စေနိုင်ပြီး အလိုတော် ထမ်းဆောင်ချင်စိတ်နဲ့ ထမ်းဆောင်နိုင်စွမ်း ပေးနိုင်တယ်။ ဘုရားသခင့် စွမ်းအားတော်က ကျွန်တော်တို့ရဲ့ စွမ်းရည်တွေကို တိုးတက်စေနိုင်တယ်။—က၁၉.၁၀၊ စာ. ၂၁။

ဆုံးဖြတ်ချက် မချခင် ဘယ်အချက်တွေ လုပ်ဆောင်သင့်သလဲ။

အချက်ငါးချက်ကတော့– နှံ့နှံ့စပ်စပ် ရှာဖွေလေ့လာပါ။ ဉာဏ်ပညာ ရဖို့ ဆုတောင်းပါ။ ကိုယ့်ရဲ့ စိတ်ရင်းကို ဆန်းစစ်ပါ။ သတ်သတ်မှတ်မှတ် ပန်းတိုင်ထားပါ။ လက်တွေ့ကျပါ။—က၁၉.၁၁၊ စာ. ၂၇-၂၉။

ဝိညာဉ် မသေဘူးဆိုတဲ့ အယူအဆဟာ ဧဝကို စာတန် ပြောတဲ့စကားကနေ စလာတာလား။

အဲဒီလို ဖြစ်ပုံမရဘူး။ စာတန်က ဧဝကို လုံးဝ မသေဘူးလို့ ပြောခဲ့တာဖြစ်တယ်။ ကိုယ်ခန္ဓာသာ သေပြီး ဝိညာဉ် ဆက်အသက်ရှင်နေမယ်လို့ မပြောခဲ့ဘူး။ မှားယွင်းတဲ့ ဘာသာရေး အယူဝါဒ မှန်သမျှဟာ ရေလွှမ်းမိုးဘေးမှာ ပျက်စီးသွားတယ်။ ဝိညာဉ် မသေဘူးဆိုတဲ့ ယုံကြည်ချက်ဟာ ဘေဘယ်ရဲတိုက် တည်ဆောက်သူတွေကို ဘုရား တကွဲတပြား မဖြစ်စေခင်မှာ ပေါ်ပေါက်လာပုံရတယ်။ —က၁၉.၁၂၊ စာ. ၁၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ