မေးခွန်းသေတ္တာ
• မည်သည့်အချိန်တွင် ကျမ်းစာသင်အံမှုအသစ်တစ်ခုကို မှတ်တမ်းသွင်းနိုင်ပြီး မည်သူတို့နှင့်သင်အံမှုပြုသည့်အခါ ယင်းကိုရေတွက်နိုင်သနည်း။
လည်ပတ်ချိန်တွင် သင်အံမှုအစီအစဉ်ကို သရုပ်ပြပြီးနောက် နှစ်ကြိမ်တိုင် သင်အံမှုပြုလုပ်ခဲ့ပြီး ဆက်၍ပြုလုပ်မည်ဟု ယူမှတ်စရာအကြောင်းရှိလျှင် အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခုအနေနှင့် မှတ်တမ်းသွင်းနိုင်သည်။ လစဉ် သင်အံမှုမှတ်တမ်းပုံစံတစ်ခုဖြည့်စွက်ပြီး မှတ်တမ်းသွင်းသင့်သည်။
အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခုကျင်းပတိုင်း ပြန်လည်ပတ်မှုတစ်ခုနှင့် အသုံးပြုသည့်အချိန်ကို ရေတွက်ရသည်။ အခြေအနေကြောင့် သင်အံမှုကျင်းပသူနှင့် အခြားကြေညာသူတစ်ဦးလိုက်သွားမည်ဆိုလျှင်၊ သင်အံမှု၌ နှစ်ဦးစလုံး အဓိပ္ပာယ်ရှိရှိပါဝင်မည်ဆိုလျှင် နှစ်ဦးစလုံးနာရီယူနိုင်သည်။ သို့သော် သင်အံမှုကျင်းပသူသာ ပြန်လည်ပတ်မှုနှင့် ကျမ်းစာသင်အံမှုကို မှတ်တမ်းသွင်းမည်ဖြစ်သည်။ သာမန်အားဖြင့် အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခု၌ သွန်သင်ရာတွင် ကြေညာသူနှစ်ဦးထက်ပို၍ မလိုအပ်သင့်ပါ။
တောင်းဆို ဘရိုရှာနှင့် အသိပညာ စာအုပ် ကဲ့သို့သော သမ္မာတရားတွင် အခြေခိုင်စေမည့်စာပေနှစ်ခုကို လေ့လာပြီးသည်အထိ လူသစ်များနှင့် အိမ်တွင်းကျမ်းစာသင်အံမှု ဆက်ကျင်းပသင့်သည်။ ၎င်းစာပေနှစ်ခုစလုံးလေ့လာမပြီးမီ နှစ်ခြင်းခံစေကာမူ ယင်းတို့ကိုလေ့လာပြီးသည်အထိ သင်အံမှု၊ ပြန်လည်ပတ်မှုနှင့် အမှုဆောင်နာရီတို့ကို မှတ်တမ်းသွင်းနိုင်သည်။
တစ်ခါတစ်ရံ အသင်းတော်လုပ်ငန်းတော်ကော်မတီမှ အကြီးအကဲတစ်ဦးသည် နှစ်ခြင်းခံပြီးသော်လည်း မလှုပ်ရှားတော့သူတစ်ဦးနှင့် အိမ်တွင်းကျမ်းစာသင်အံမှုကျင်းပရန် ကြေညာသူတစ်ဦးအား တောင်းဆိုပေမည်။ ယင်းသည် ထိုသို့အကူအညီလိုသူများကို တည်ဆောက်ပေးရန်ဟူသော အသင်းမ၏အစီအစဉ်နှင့် ကိုက်ညီပါသည်။ ထိုအခါမျိုးတွင် သင်အံမှု၊ ပြန်လည်ပတ်မှုနှင့် လယ်ကွင်းအမှုဆောင်နာရီတို့ကို မှတ်တမ်းသွင်းနိုင်သည်။—ဓအ စစ. ၁၀၄-၅ သတိပြု။
မိဘတို့သည် မိမိတို့၏သားသမီးများကို မှန်သောဝတ်ပြုရေးတွင် သွန်သင်လေ့ကျင့်ပေးရန် ယေဟောဝါရှေ့ တာဝန်ရှိကြသည်။ (တရား. ၄:၉; ဧ. ၆:၄) ဤကိစ္စတွင် ပုံမှန်ကျင်းပသော မိသားစုကျမ်းစာသင်အံမှုသည် အကျိုးအရှိဆုံးဖြစ်၏။ နှစ်ခြင်းမခံရသေးသူများ ပါဝင်မည်ဆိုလျှင် အိမ်ထောင်ဦးစီး သို့မဟုတ် မိဘတစ်ဦးသည် ပုံမှန်ကျင်းပသော မိသားစုကျမ်းစာသင်အံမှုတစ်ခုကို မှတ်တမ်းသွင်းပေမည်။ သင်အံမှုကျင်းပသည့်အပတ်တိုင်း အမှုဆောင်ချိန်တစ်နာရီအထိနှင့် ပြန်လည်ပတ်မှုတစ်ခုကိုလည်း ရေတွက်နိုင်သည်။—နဓ ၆/၈၃ စ. ၄ [လိပ်] ရှု။
လယ်ကွင်းလုပ်ငန်းအချိန်နာရီကို မှတ်တမ်းသွင်းခြင်း
၁ လယ်ကွင်းလုပ်ငန်းအချိန်နာရီကို မှတ်တမ်းသွင်းခြင်းနှင့်ပတ်သက်၍ မေးခွန်းများပေါ်ပေါက်ခဲ့သည်။ အချို့က “လက်ဖက်ရည်ဆိုင်ထိုင်နား” ရန် သို့မဟုတ် နေ့လယ်စာစားရန် အသုံးပြုသည့်အချိန်ကို ရေတွက်ခြင်းသည် သင့်လျော်မည်လောဟု မေးကြသည်။ အနီးအနားရှိအိမ်တစ်အိမ်တွင် လည်ပတ်ပြီးနောက် ရပ်ကွက်သို့ ဝေးလံစွာသွားသည့်အချိန်တို့ကို စတင်ရေတွက်ခြင်းသည် သင့်လျော်ပါသလော။ ကျွန်ုပ်တို့သည် အိမ်တွင်စာများရေးခြင်းဖြင့် အချိန်နာရီစရေတွက်ကာ ယင်းနောက် အမှုဆောင်ထွက်ရန် အုပ်စုနှင့်ဆုံဖို့သွားနေချိန်ကိုပါ ဆက်ရေတွက်နိုင်မည်လော။ မိဘတို့သည် မိမိတို့၏ကလေးများနှင့် သင်အံမှုပြုလုပ်သည့်အချိန်ကို ရေတွက်နိုင်သလော။ ကျမ်းစာသင်အံမှုတစ်ခုကို လူမည်မျှသွားသင့်သနည်း။ အခြားအလားတူမေးမြန်းမှုများကိုလည်း ပြုလုပ်ခဲ့ကြသည်။
၂ အခြေအနေများသည် ကိစ္စရပ်တိုင်းတွင် ကွဲပြားခြားနားကြသောကြောင့် စည်းမျဉ်းများထုတ်ဆင့်ရန်ကြိုးစားခြင်းသည် လက်တွေ့မကျပေ။ “နိုင်ငံတော်ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်း၊ ဆက်ကပ်အပ်နှံနှစ်ခြင်းမခံရသေးသော သက်သေခံများအား ဘုရားသခင်၏သမ္မာတရား ကြွေးကြော်ခြင်းလုပ်ငန်းတွင် အသုံးပြုခဲ့သောအချိန်” ကိုမှတ်တမ်းသွင်းပါဟူသော ညွှန်ကြားချက်ကို အားလုံးခံယူနိုင်ပါသည်။ (အဖွဲ့အစည်း စာအုပ်၊ စ. ၁၂၆ [လိပ်])—ဓအ စစ. ၁၀၃-၅ ရှု။
၃ ကျွန်ုပ်တို့သည် အစပြုပြီးနောက် တစ်အိမ်မှ နောက်တစ်အိမ်သို့ သွား သည့်အချိန်ကို ထည့်တွက်နိုင်သည်၊ အိမ်ရှင်များ အိမ်တွင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ နားထောင်ရန် လိုလိုလားလားရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အချိန်ကိုရေတွက်နိုင်သည်; ကျွန်ုပ်တို့သွားရောက်လည်ပတ်ရသည့် အကြောင်းရင်းသည် ဟောပြောရန်ဖြစ်၏။ မိဘတစ်ဦးသည် မိမိတို့ကလေးများနှင့် သင်အံမှုပြုလုပ်သောအခါ ပတ်စဉ် နာရီ၊ ပြန်လည်ပတ်မှုနှင့် တစ်လအတွက် သင်အံမှုတစ်ခုရေတွက်နိုင်သည်။ မေးခွန်းအချို့ပေါ်ပေါက်သောအခါ သင့်ကိုယ်သင်ဤသို့မေးပါ– ဒီအချိန်ကို ဟောပြောခြင်းလုပ်ငန်းမှာ အသုံးပြုခဲ့သလား။ ဒါမှမဟုတ် အဲဒီလုပ်ငန်းရဲ့အစိတ်အပိုင်းမဟုတ်တဲ့ တခြားတစ်ခုခုကိုလုပ်ဆောင်ဖို့ အသုံးပြုခဲ့သလား။ ဟောပြောခြင်းလုပ်ငန်းတွင် အသုံးပြုခဲ့သည်ဟု သင့်သြတ္တပ္ပစိတ်သန့်သန့်ဖြင့်ယူမှတ်သည့် အချိန်နာရီအားလုံးကို မှတ်တမ်းသွင်းပါ။ အခြားသူများနှင့်နှိုင်းယှဉ်၍ သင် မှတ်တမ်းသွင်းသည့်ပမာဏသည် အရေးမကြီးပါ။ (ဂလ. ၆:၄) အရေးကြီးသည့်အရာမှာ သင့်နှလုံးထဲရှိမေတ္တာက သင့်ယုံကြည်ခြင်းကို အခြားသူတို့အားဝေမျှရန် လှုံ့ဆော်ပေးခြင်းဖြစ်သည်။ (လု. ၆:၄၅) ကျွန်ုပ်တို့သွင်းသည့်မှတ်တမ်းသည် ကျွန်ုပ်တို့ကို ဩတ္တပ္ပစိတ်ထိခိုက်မှုမဖြစ်စေဘဲ ရွှင်လန်းမှုဖြစ်စေသင့်သည်။ ကျွန်ုပ်တို့စိတ်ဝင်စားသောအရာမှာ မှတ်တမ်းများမဟုတ်ဘဲ ပြီးမြောက်ခဲ့သည့်ရလဒ်များဖြစ်သင့်သည်။ ကျွန်ုပ်တို့၏ပေးကမ်းမှုသည် တာဝန်ရှိသည်ဟူသော အသိစိတ်ကြောင့်သာမဟုတ်ဘဲ ရက်ရောသောနှလုံးမှဖြစ်သင့်သည်။ (၂ ကော. ၉:၇) တစ်ဦးစီသည် မိမိ၏သြတ္တပ္ပစိတ်လမ်းညွှန်မှုခံယူ၍ ကျမ်းစာဆိုင်ရာ မျှတသောအမြင်ရှိထားကြရာ အသင်းတော်သို့ပေးသည့်မှတ်တမ်းများသည် “လူ့စိတ်နှင့်တွေ့လို” ၍မဟုတ်ဘဲ ရိုးသားသောနှလုံးသားမှ လှုံ့ဆော်ပေးသည့် ကောင်းမှုများကို ထင်ဟပ်စေမည်ဖြစ်သည်။—ကော. ၃:၂၂၊ သမ။