သီအိုကရက်တစ်သတင်
◆ အောက်တိုဘာနှင့်နိုဝင်ဘာလများတွင် အာဂျင်တီနာနိုင်ငံ၌ ခရိုင်စည်းဝေးပွဲ ၂၈ ခုကျင်းပခဲ့ရာ တက်ရောက်သူ ၁၃၀၂၆၂ ရှိခဲ့သည်။ နိုဝင်ဘာတွင် မှတ်တမ်းသွင်းခဲ့သော ကြေညာသူ ၇၉၈၅၈ ယောက်တို့သည် ကြေညာသူနှုန်းသစ်ဖြစ်ပေသည်။
◆ နိုဝင်ဘာလတွင် ကြေညာသူနှုန်းသစ် ၂၃၃ ယောက်ရှိကြောင်း အိုက်စ်လန်နိုင်ငံစာရင်းပြခဲ့သည်။ မကြာမီကကျင်းပခဲ့သော အထူးစည်းဝေးပွဲနေ့တွင် အများဆုံးတက်ရောက်သူ ၃၈၂ ရှိခဲ့သည်။
◆ နိုဝင်ဘာလတွင် အိုင်ယာလန်နိုင်ငံက လစဉ်ဆက်တိုက် အကြိမ် ၂၀ မြောက်ကြေညာသူနှုန်းသစ်၃၂၅၅ ယောက် မှတ်တမ်းသွင်းခဲ့သည်။ မကြာမီကကျင်းပခဲ့သော အထူးစည်းဝေးပွဲနေ့များတွင် ၇၈ ယောက်နှစ်ခြင်းခံခဲ့သည်ကို တွေ့ရှိရ၍ ဝမ်းသာစရာကောင်းသည်။
◆ ကြေညာသူနှုန်းသစ် ၃၄၂၄ ယောက်မှတ်တမ်းသွင်းခဲ့ရာ နိုဝင်ဘာလတွင် မာဒဂါစ်ကာနိုင်ငံသည် ၈ ရာခိုင်နှုန်းတိုးတက်မှု ပြနိုင်ခဲ့သည်။
◆ ၁၇ ရာခိုင်နှုန်းတိုးတက်မှုဖြစ်သည့် ကြေညာသူနှုန်းသစ် ၁၄၁ ယောက်ကို နိုဝင်ဘာလတွင် စိန့်မာတန်ကျွန်းက မှတ်တမ်းသွင်းခဲ့သည်။ သူတို့၏ အထူးစည်းဝေးပွဲနေ့တွင် ၂၈၂ ဦးတက်ရောက်ခဲ့သည်။
◆ နိုဝင်ဘာလတွင် ဇင်ဘာဘွေးနိုင်ငံသည် ကြေညာသူနှုန်းသစ် ၁၇၁၁၃ ယောက်မှတ်တမ်းသွင်းခဲ့သည်။ သူတို့သည် စုစုပေါင်းကျမ်းစာသင်အံမှု ၁၉၁၉၀ ကျင်းပနေကြသည်။
◆ အမေရိကန်ပြည်၏ ပဉ္စမမြောက် ဓမ္မအမှုထမ်းများ လေ့ကျင့်ရေးကျောင်း လော့စ်အင်ဂျလစ္စ၊ ကယ်လီဖိုးနီးယားတွင် ကျင်းပခဲ့ရာ ၁၉၉၀ ဇန်နဝါရီ ၁၄ ရက် တနင်္ဂနွေနေ့တွင် အတန်းသားများကျောင်းဆင်းပွဲ ကျင်းပခဲ့သည်။ ကျောင်းဆင်း ၂၀ တို့ကို အမေရိကန်ပြည် ပြင်ပနိုင်ငံ ခြောက်နိုင်ငံတွင် အမှုထမ်းရန် တာဝန်ခန့်အပ်ခဲ့သည်။
◆ ၁၉၉၀ မတ်လ ၁၄ ရက်နေ့တွင် ဂျာမန်ဒီမိုကရက်တစ်ရီပတ်ဘလစ် (အရှေ့ဂျာမနီ) နိုင်ငံက ထိုပြည်တွင်းရှိ ယေဟောဝါသက်သေများအား ဘာသာရေးလွတ်လပ်ခွင့်ပေးခဲ့ရာ သူတို့လုပ်ငန်းကို တရားဝင်စေခဲ့သည်။ ထိုတွင်ရှိ ကျွန်ုပ်တို့ညီအစ်ကိုများသည် ဇွဲလုံ့လနှင့် ဝမ်းသာစွာ ဓမ္မအမှုတော်ကို လွတ်လပ်ပွင့်လင်းစွာ ထမ်းဆောင်နေကြပေပြီ။