ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၇/၉၀ စာ. ၅
  • မေးခွန်းသေတ္တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေးခွန်းသေတ္တာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • အသင်းတော်အစည်းအဝေး အစီအစဉ်သစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • သိုးတော်စုကို ထိန်းကျောင်းတဲ့ ကြီးကြပ်မှူးများ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • အားလုံးအတွက်အပြန်အလှန်အားပေးခွင့်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • သမ္မာတရားရှိလုပ်ဖော်ဆောင်ဖက် နယ်လှည့်ကြီးကြပ်မှူးများ
    ယေဟောဝါ၏သက်သေများ ကမ္ဘာတစ်ဝန်းတွင် စည်းစည်းလုံးလုံးဘုရားသခင့်အလိုတော် ထမ်းရွက်ခြင်း
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
နဓ ၇/၉၀ စာ. ၅

မေးခွန်းသေတ္တာ

• တိုက်နယ်ကြီးကြပ်မှူးလည်ပတ်လာသည့်အပတ်အတွင်း အသင်းတော်စာအုပ်ကြီးသင်တန်းပါပါဝင်သည့် အထူးအစည်းအဝေးတွင် အဘယ်အစီအစဉ်လိုက်လျှောက်ရမည်နည်း။

တိုက်နယ်ကြီးကြပ်မှူးလည်ပတ်စဉ် အသင်းတော်စာအုပ်ကြီးသင်တန်းပါဝင်သည့် “သင်ယူထားသမျှကို ဆက်လက်ကျင့်သုံးလော့” ခေါင်းစဉ်ရှိ ကျမ်းဆိုင်ရာနှင့် အဖွဲ့အစည်းဆိုင်ရာ အချက်အလက်များကို ဆွေးနွေးခြင်းနှင့်၊ တိုက်နယ်ကြီးကြပ်မှူး၏ အမှုဆောင်ဟောပြောချက်အပါအဝင် အထူးအစည်းအဝေးအတွက် နိုင်ငံတော်ခန်းမတွင် အသင်းတော်တစ်ခုလုံး စုဝေးရန် အစီအစဉ်များပြုလုပ်သည်။ ယင်းစည်းဝေးကို ကြာသပတေး သို့မဟုတ် သောကြာနေ့တွင် ကျင်းပလေ့ရှိသည်။

ဤစည်းဝေးကို သီချင်းနှင့်ဆုတောင်းချက်ဖြင့်စတင်ပြီး အကြီးအကဲတစ်ဦးသည် ၄၅ မိနစ်ခန့်ကြာ အသင်းတော်စာအုပ်ကြီးသင်တန်းကျင်းပပါသည်။ ပတ်စဉ်သင်တန်းကျင်းပသည့်ထုံးစံအတိုင်းပင် အပိုဒ်အားလုံးကိုဖတ်ပြီး ထိုအပတ်အတွက်သတ်မှတ်ထားသည့်အပိုဒ်များကို ပြီးသည်အထိလေ့လာရန် ကြိုးစားသင့်သည်။ အသင်းတော်စာအုပ်ကြီးသင်တန်းကို နိုင်ငံတော်သီချင်းနောက်တစ်ပုဒ်ဆိုပါသည်။ ထိုနောက် “သင်ယူထားသမျှကို ဆက်လက်ကျင့်သုံးလော့” အပိုင်းကို မိနစ် ၃၀ အတွင်း တိုက်နယ်ကြီးကြပ်မှူးကျင်းပပေးမည်။ ယင်းနောက် လည်ပတ်နေသည့်အသင်းတော်လိုအပ်ရာနှင့်အထူးသက်ဆိုင်သောအကြောင်းကို ၃၀-မိနစ်ခန့် လုပ်ငန်းတော်ဟောပြောချက်ကို ပေးပါမည်။ လုပ်ငန်းတော်ဟောပြောချက်တွင် အသင်းတော်တည်ဆောက်မှုအတွက် သင့်တော်သောအားပေးမှုနှင့် ဆုံးမစကားများကို ပြောဆိုပြီး နိုင်ငံတော်လုပ်ငန်းတွင် တည်ကြည်ရန်ညီအစ်ကိုများကို အားပေးတိုက်တွန်းပါမည်။

ဤစည်းဝေးကို သီချင်းနှင့်ဆုတောင်းချက်ဖြင့် နိဂုံးချုပ်မည်။ သီဆိုသမျှသီချင်းများကို တိုက်နယ်ကြီးကြပ်မှူးရွေးပေးပါမည်။ သီချင်းများနှင့် ဆုတောင်းချက်များအပါအဝင် စည်းဝေးအစီအစဉ်တစ်ခုလုံးသည် နှစ်နာရီထက်မကျော်သင့်။

၁၉၇၇ ခုနှစ်တွင် စတင်ခဲ့သော ဤအစီအစဉ်သည် တိုက်နယ်ကြီးကြပ်မှူးလည်ပတ်ချိန်ကို အသင်းတော်တစ်ခုလုံး၏ပျော်ရွှင်မှုနှင့် အကျိုးအတွက်သာမက ယေဟောဝါအဖွဲ့အစည်း၏၊ ဤကောင်းမြတ်လှသောပြင်ဆင်ချက်ကိုတက်ရောက်ပါဝင်သူ ကြေညာသူတစ်ဦးစီအတွက်ပါ အထူးအစီအစဉ်ဖြစ်စေရန် များစွာအထောက်အကူပြုခဲ့ပြီ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ