ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၉၀ စာ. ၈
  • သတင်းကောင်းဝေငှခြင်း—ပွဲနေ့များတွင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သတင်းကောင်းဝေငှခြင်း—ပွဲနေ့များတွင်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာနာမှုပြကာ လေးစားမှုရှိ
  • နိဒါန်းများ
  • စစ်မှန်တဲ့ဝတ်ပြုရေးဘက် ရပ်တည်ပါ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ခရစ္စမတ်အချိန်အခါ အဓိကအလေးထားရာကား အဘယ်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ဘုရားသခင်ကို ဝတ်ပြုဖို့ ရွေးချယ်ပါ
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • မျက်မှောက်ခေတ် ခရစ္စမတ်ပွဲ၏အရင်းအမြစ်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
နဓ ၁၂/၉၀ စာ. ၈

သတင်းကောင်းဝေငှခြင်း—ပွဲနေ့များတွင်

၁ ခရစ်စမတ်နှင့်နှစ်သစ်ကူးတွင်ကျင်းပသော အပြုအမူများစွာတို့သည် ဒိဌိဇာစ်မြစ်ရှိငြား ဤပွဲများကို ခရစ်ယာန်သန်းပေါင်းများစွာ နှစ်စဉ်ကျင်းပကြသည်။ ယင်းအပြုအမူများကို ဘုရားသခင်ခွင့်ပြုနှစ်သက်သည်ဟု လူများစွာယူမှတ်ကြသည်။ ပွဲနေ့များအတွင်း ဤသို့သောသူများ၏နှလုံးထဲ သတင်းကောင်းမည်သို့ရောက်စေနိုင်မည်နည်း။

စာနာမှုပြကာ လေးစားမှုရှိ

၂ ကျွန်ုပ်တို့အများစု ပိတ်ရက်ရသည့်အတွက် အကြီးအကဲများက ပွဲနေ့များတွင် သက်သေခံထွက်နိုင်ရန် အစီအစဉ်များပြုလုပ်ပေးသည်။ ဤနေ့ရက်များတွင် ခါတိုင်းထက်အိပ်ရာထချိန်နောက်ကျကြမည့် အိမ်ရှင်များကိုစာနာမှုပြကာ တစ်အိမ်မှတစ်အိမ်စထွက်ချိန်ကို အလိုက်အထိုက်ပြောင်းပေးသင့်သည်။

၃ ဓမ္မအမှုကိုဆောင်ရွက်ရာတွင် များစွာသောသူတို့သည် ဧည့်ခံနေကြ၊ ချက်ပြုတ်ရေးနှင့်အလုပ်များနေကြသည်ကို သတိထားမိမည်။ လူအများအတွက် ထူးမြတ်သောအချိန်ဖြစ်နေကြောင်းသတိပြုကာ တိုရှင်းလိုရင်းကိုလေးစားစွာပြောဆိုသင့်သည်။ ခရစ်ယာန်ယဉ်ကျေးမှုပြသခြင်းအားဖြင့် နောက်နောင်ထပ်မံသက်သေခံခွင့်ရရန် လမ်းဖွင့်ထားပေမည်။

၄ လောကီဘာသာရေးပွဲများတွင် ကျွန်ုပ်တို့မပါဝင်ကြပါ။ ထုံးစံရှိသည့် ရိုးရာဓလေ့အရ နှုတ်ခွန်းဆက်စကားများကိုလည်း အပြန်အလှန်မပြောဆိုကြပါ။ ထိုကြောင့် ဤသို့နှုတ်ခွန်းဆက်သည့်အခါ လိမ္မာပါးနပ်မှုရှိရန်လိုသည်။ ထိုသို့နှုတ်ဆက်ခံရ၍ ပြဿနာမဖြစ်ပေါ်စေဘဲ အိမ်ရှင်အားကျေးဇူးတင်သည်ဟု ပြန်ဖြေဆိုနိုင်သည်။ ကျွန်ုပ်တို့ယုံကြည်ချက်အကြောင်းမေးမြန်းခဲ့သော် ဘုရားသခင်ကိုလေးမြတ်သူအနေနှင့် ခရစ်တော်ယေရှုကိုရိုသေလေးမြတ်ကြောင်း နားလည်စေနိုင်သည်။ (ယော၊ ၅:၂၃) သို့သော် ပွဲနေ့ထုံးစံများစွာတို့သည် ဘုရားသခင်ကိုသော်လည်းကောင်း၊ ခရစ်တော်ကိုသော်လည်းကောင်း မချီးမွမ်းပါ။ ထိုအချိန်တွင်၊ သို့မဟုတ် နောင်အခါတွင် ယင်းအကြောင်းပိုမိုသိလိုသူများအား Reasoning စာအုပ် စာမျက်နှာ ၁၇၆-၈ နှင့် ၁၈၀ ပါအကြောင်းကိုပြောပြနိုင်သည်။

နိဒါန်းများ

၅ ခရစ်စမတ်ပွဲနေ့များသည် ဘာသာရေးနှင့်ဆိုင်သောကြောင့် ဤအချိန်အခါတွင် အခြားနေ့ရက်များထက် ဘုရားတရားကိုဆွေးနွေးလိုသူပိုများတတ်သည်။ နိဒါန်းတွင် ယင်းအချက်ကို ထည့်ပြောနိုင်သည်။ ဥပမာ၊ “ခရစ်စမတ်နှင့်နှစ်သစ်ကူးပွဲများကို ကျင်းပနေသူများ ကမ္ဘာချီရှိနေသည်။ ဤပွဲခံမှုတို့သည် လူတို့အား ဘုရားသခင်နှင့်ပိုနီးကပ်လာစေနေပါသလော” ဟုမေးနိုင်သည်။ အိမ်ရှင်၏တင်ပြချက်ကိုအသိအမှတ်ပြုပြီးနောက် ဤသို့ပြောနိုင်သည်။ “ဘုရားသခင်နှင့်ဝေးကွာနေသည့်အတွက် ကိုယ်တော်နှင့်ဆက်ဆံမှုပိုကောင်းလိုသူများစွာရှိကြသည်။ ဘုရားသခင်ကိုယ်တော်တိုင်က မိမိကိုသိရှိရန် ဖိတ်ခေါ်ထားပါသည်။” ထိုနောက် အပြန်အလှန်စကားအတွက်အကြောင်းအရာကို ဆက်ပြောဆိုနိုင်သည်။

၆ အခြားချဉ်းကပ်ပုံတစ်မျိုးကား၊ “ခရစ်စမတ်အချိန်တွင် လူအများက မြေကြီးပေါ်ငြိမ်သက်သာယာမှုရှိပါစေဟု နှုတ်မြွက်ပြောဆိုတတ်ကြသည်။ ကျွန်ုပ်တို့ခေတ်တွင် ကမ္ဘာပေါ်ငြိမ်းချမ်းသာယာမှုရှိလာရန် ဘုရားသခင်ပြုလုပ်ပေးမည်ဟု အထင်ရှိပါသလော။ ထိုနောက် ယေရှုခရစ်သည် ကြိုတင်ဟောထားသည့် “ငြိမ်းချမ်းရေးမင်းသား” ဖြစ်ကြောင်း တင်ပြပြောဆိုနိုင်သည်။ (ဟေရှာ၊ ၉:၆၊ ၇) ဘုရားသခင့်အစိုးရတွင် ခန့်အပ်ခံမင်းအဖြစ် ခရစ်တော်သည် ကမ္ဘာပေါ်တွင်ငြိမ်သက်မှုအစဉ်ရှိရန် အရေးယူဆောင်ရွက်တော့မည်ဖြစ်သည်။​—ဒံ၊ ၂:၄၄။ ဗျာ၊ ၂၁:၃-၅။

၇ များစွာသောသူတို့သည် နိုင်ငံတော်သတင်းကိုအရေးမပေးကြဘဲ သူတို့၏မှားယွင်းသောဘာသာရေးပွဲနေ့များ၌ အားရကျေနပ်နေကြသော်လည်း သမ္မာတရားရလိုသူတို့ကိုတွေ့ရှိရန် ကျွန်ုပ်တို့၏ကြိုးစားမှုကို ယေဟောဝါအမှန်ကောင်းချီးပေးတော်မူမည်။ ကိုယ်တော်တိုင်ပင် “ထိုသို့ကိုးကွယ်လိုသူတို့ကို ရှာဖွေနေတော်မူသည်။” အဖွဲ့အစည်းထံသို့ သူတို့အားလမ်းညွှန်ပေးတော်မူမည်အမှန်။​—ယော၊ ၄:၂၃၊ ၂၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ