ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၂/၉၁ စာ. ၁-၃
  • “လာခဲ့ပါ” ဟုရဲရင့်စွာ တိုး၍ဖိတ်ခေါ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “လာခဲ့ပါ” ဟုရဲရင့်စွာ တိုး၍ဖိတ်ခေါ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရဲရင့်စွာပါဝင်
  • “စွမ်းအားတော်နှင့်သတို့သမီးက ‘လာလော့’ ဟု မပြတ်ဆို၏”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • “ကြားသောသူကလည်း၊ ‘လာခဲ့ပါ’ ဟု ဆိုပါစေ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • အကျိုးရှိတဲ့ ကင်ပိန်းအစီအစဉ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • ခရိုင်စည်းဝေးဖိတ်စာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၅
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
နဓ ၂/၉၁ စာ. ၁-၃

“လာခဲ့ပါ” ဟုရဲရင့်စွာ တိုး၍ဖိတ်ခေါ်

၁ ကမ္ဘာချီအလျင်အမြန် ဖြစ်ပျက်နေသော အဖြစ်အပျက်တို့က ဤအခါသမယသည် “နောက်ဆုံးကာလ” ဖြစ်ကြောင်းသတ်မှတ်သည်။ (၂ တိ၊ ၃:၁-၅) ရာဇဝတ်မှု၊ ကုန်ဈေးနှုန်းကစားခြင်၊ စိုးရိမ်ဖွယ်ရောဂါများကလည်း ဖိစီးမှုပိုဆိုးရွားစေသည်။ သို့သော် ဤအမင်္ဂလာများအလယ် ထာဝရအကျိုးပေးမည့် ဖိတ်ခေါ်ချက်တစ်ခု လူတို့အတွက်ရှိနေပါသည်။ ဝိညာဉ်တော်နှင့်သတို့သမီးက “လာခဲ့ပါ” ဟုဆက်၍ဖိတ်ခေါ်နေသည်။ ယနေ့သူတို့နှင့်အတူ “လူအုပ်ကြီး” ပါဝင်၍ နေရာအသီးသီးရှိလူတို့အား လာ၍အသက်စမ်းရေကို အခမဲ့သောက်ကြပါဟု ဖိတ်ခေါ်နေပါသည်။​—ဗျာ၊ ၇:၉။ ၂၂:၁၇။

၂ ယနေ့ ဖြောင့်မတ်ခြင်းတရားဆာလောင်သူ အမြောက်အမြားသည် ဤဖိတ်ခေါ်ချက်ကို လက်ခံနေကြသည်။ လွန်ခဲ့သောနှစ်တွင် ကမ္ဘာချီကျင်းပခဲ့သော ခရိုင်စည်းဝေးပွဲကို သန်းပေါင်းများစွာသောသူတို့ တက်ရောက်ခဲ့ကြသည်။ သတိရအောက်မေ့ပွဲတက်ရောက်သူ ဆယ်သန်းနီးပါးရှိသည်။ ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကို လက်ခံနားထောင်ခြင်းအားဖြင့် အခြားသန်းပေါင်းများစွာတို့သည် ယေဟောဝါ၏ပြင်ဆင်ချက်ကို လေးစားကြောင်း တင်ပြနေကြပါသည်။ ထိုကြောင့် တစ်အိမ်မှတစ်အိမ် လူအများကိုလည်ပတ်ဖိတ်ခေါ်သည့်အချိန်ကို ပညာရှိရှိအသုံးပြုရန် အလွန်မှအရေးကြီးပေသည်။​—တ၊ ၅:၄၂။ ဧ၊ ၅:၁၅၊ ၁၆။

ရဲရင့်စွာပါဝင်

၃ ဇွဲလုံ့လနှင့်ဟောပြောကြခြင်းကြောင့် ရှေးခရစ်ယာန်များ ညှဉ်းဆဲခံခဲ့ရသည်။ (တ၊ ၁၆:၁၉-၂၁။ ၁၇:၂-၈) သို့ရာတွင် ရဲရင့်စွာဖြင့် သတင်းကောင်းကြေငြာခြင်းကို မရပ်စဲခဲ့ပါ။ ကျွန်ုပ်တို့လည်း သတင်းကောင်းဟောပြောပြီးသားဖြစ်စေရန် ကြိုးစားကြရာတွင် ရဲရင့်၍ဇွဲလုံ့လရှိရကြမည်။

၄ လုပ်ငန်းတော်ပိတ်ပင်ခံရသောနိုင်ငံများမှာပင် ပြင်းထန်စွာနှိပ်စက်ခံရလျက်နှင့် ညီအစ်ကိုများသည် ဟောပြောခြင်းလုပ်ငန်းတွင် စိတ်နှလုံးအကြွင်းမဲ့ပါဝင်နေကြပါသည်။ အလုပ်ပြုတ်နိုင်၊ အိုးအိမ်ဆုံးရှုံးနိုင်၊ လွတ်လပ်မှုကိုပင်ဆုံးရှုံးနိုင်လျက်နှင့် ထိုသို့ပြုလုပ်နေကြ၏။ သူတို့၏ပုံသက်သေကောင်းကား သူတစ်ထူးအား “လာခဲ့ပါ” ဟုဆက်ဖိတ်ခေါ်ရန် ကျွန်ုပ်တို့အတွက် အားပေးတိုက်တွန်းမှုဖြစ်သည်။​—၂ သက်၊ ၃:၉။

၅ ညီအစ်မတစ်ဦးသည် သမ္မာတရားကိုသိရှိပြီးနောက် ၃၅ နှစ်လုံးလုံး ရှေ့ဆောင်လိုသည့်ဆန္ဒကို မပျောက်ပျက်စေခဲ့ပါ။ သူ၏ကိုယ်ရေးကိုယ်တာအခြေအနေသည် အသက် ၇၀ အရွယ်တွင် ပြောင်းလဲခဲ့သည်။ ထိုအခါ မှန်မှန်ရှေ့ဆောင်စလုပ်နိုင်လေသည်။ ထိုအသက်အရွယ်တွင် ဘဝတက်လှမ်းရေးအတွက် လုပ်ငန်းအသစ်ကိုရွေးလုပ်ကိုင်မည်မဟုတ်သော်လည်း ထိုညီအစ်မရွေးချယ်ခဲ့သည်။ ယခု အချိန်ပြည့်ဓမ္မအမှုတွင် နှစ်အနည်းငယ်ပါဝင်ခဲ့ပြီဖြစ်ရာ သူမက “တစ်နေ့ထက်တစ်နေ့ ပိုပျော်စရာကောင်းတယ်” ဟုဆိုသည်။ ဘုရားသခင်၏နိုင်ငံတော်လုပ်ငန်း၌ တိုး၍ပါဝင်ရန်ဖိတ်ခေါ်ချက်ကို ရဲရင့်စွာလက်ခံခဲ့သောကြောင့် သူမသည် အခြားသူတို့အား ဝိညာဏလန်းဆန်းမှုကိုရရှိစေသည်။

၆ ပထမရာစုအချိန်ကကဲ့သို့ ဤဖိတ်ခေါ်ချက်ကို လူတို့လက်ခံကာ သူတို့၏စဉ်းစားတွေးတောပုံကို ပြုပြင်ပြောင်းလဲ၍ ဘုရားသခင်ကိုရှုတ်ချသောအကျင့်များကိုစွန့်ပစ်နေကြပြီ။ သူတို့သည် အပြည်ပြည်ဆိုင်ရာ ဆက်ကပ်အပ်နှံသက်သေခံများအသင်းအပင်းအဝင်ဖြစ်လာကြပြီး ဝိညာဉ်တော်နှင့်သတို့သမီးနှင့်အတူ “လာခဲ့ပါ” ဟု အခြားရိုးဖြောင့်သူတို့အား ထပ်ဆင့်ဖိတ်ခေါ်နေကြပါသည်။

၇ ဘုရားသခင်၏နိုင်ငံတော်လုပ်ငန်း တစ်ဟုန်ထိုးတိုးတက်လာခြင်းနှင့် နိုင်ငံအသီးသီးတွင် ဌာနခွဲရုံးများကို ထပ်မံတိုးချဲ့ဆောက်လုပ်နေရခြင်းက ယေဟောဝါ၏ကောင်းချီးခံစားနေရကြောင်း သာဓကတစ်ရပ်ပင်ဖြစ်သည်။ သို့သော် ဤအစီစဉ်စနစ်အတွက်အချိန်ကုန်လုပြီ။ ရဲရင့်စွာဖြင့် “လာခဲ့ပါ” ဟုဖိတ်ခေါ်ခြင်းဖြင့် အခြားသူတို့လည်း အလျင်အမြန်လက်ခံ၍ ကြားသည့်အတိုင်းလုပ်ဆောင်နိုင်ကြရန် ဇွဲလုံ့လရှိရမည့်အချိန်ကား ဤအချိန်အခါပင်ဖြစ်သည်။​—တ၊ ၂၀:၂၆၊ ၂၇။ ရော၊ ၁၂:၁၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ