ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၆/၉၁ စာ. ၁-၅
  • သူတစ်ထူး၌ ကိုယ်တိုင်စိတ်ဝင်စားမှုပြခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူတစ်ထူး၌ ကိုယ်တိုင်စိတ်ဝင်စားမှုပြခြင်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆွေမျိုးဉာတိမိတ်သင်္ဂဟ
  • လယ်ကွင်းရှိသိုးကဲ့သို့သောသူများ
  • အခြားသူအား စိတ်ဝင်စားမှုပြခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • တစ်ယောက်၏အကျိုးကိုတစ်ယောက် ရှာကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • တခြားသူတွေကို ​လေ့ကျင့်ပေးဖို့ လိုအပ်နေတာ သင် သိသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင်လုပ်ဆောင်ခြင်း—ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
နဓ ၆/၉၁ စာ. ၁-၅

သူတစ်ထူး၌ ကိုယ်တိုင်စိတ်ဝင်စားမှုပြခြင်း

၁ သူတစ်ထူးကို ယေဟောဝါစိတ်ဝင်စားကြောင်း များစွာထင်ရှားပါသည်။ ဖန်ဆင်းထားသောသတ္တဝါအပေါင်းအတွက် လိုလေသေးမရှိ ပြင်ဆင်ပေးထားတော်မူပြီမဟုတ်လော။ (က၊ ၁:၂၉၊ ၃၀။ ၂:၁၆၊ ၁၇။ မ၊ ၅:၄၅။ လု၊ ၆:၃၅ နှင့်နှိုင်းယှဉ်) ထိုထက်အရေးကြီးသည်ကား အပြစ်နှင့်သေခြင်းမှလွတ်မြောက်ရန် စီစဉ်ပေးတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကိုစိတ်ဝင်စားတော်မူကြောင်း တင်ပြသည်မဟုတ်လော။​—ယော၊ ၃:၁၆။

၂ သူတစ်ထူး၌စိတ်ဝင်စားသည့် ခမည်းတော်၏စုံလင်သောပုံသက်သေကို ကမ္ဘာပေါ်ယေရှုရှိစဉ်က အတုယူတော်မူခဲ့သည်။ (မ၊ ၁၁:၂၈-၃၀။ ၁ ပေ၊ ၂:၂၁) နူနာစွဲနေသောသူတစ်ဦးကယေရှုအား “သခင်အလိုတော်ရှိလျှင် ကျွန်တော်ကိုသန့်ရှင်းစေနိုင်တော်မူသည်” ဟုလျှောက်သော် ယေရှုက “ငါအလိုရှိ၏” ဟုဖြေဆိုကာ ရောဂါပျောက်စေသည်။ (မ၊ ၈:၂၊ ၃) နာဣနမြို့အနီးတွင် မုဆိုးမ၏တစ်ဦးတည်းသောသားအသုဘနှင့် ယေရှုကြုံလေရာ သနားသဖြင့် လုလင်အားအသက်ပြန်ရှင်စေသည်။ (လု၊ ၇:၁၁-၁၅) အသနားမခံမီ ယေရှုကသူတစ်ထူး၌စိတ်ဝင်စားမှုပြတော်မူသည်။ ကလေးငယ်များကိုပင် ယေရှုအချိန်ပေးအာရုံပြုတော်မူသည်။ သူတစ်ပါးကိုနှစ်သိမ့်အားပေးရန် တစ်ခါမျှ အလုပ်မများလွန်းခဲ့ချေ။​—မ၊ ၂၀:၃၁-၃၄။ မာ၊ ၁၀:၁၃-၁၆။

ဆွေမျိုးဉာတိမိတ်သင်္ဂဟ

၃ သူတစ်ထူးကိုစိတ်ဝင်စားကြောင်းတင်ပြရန်နည်းများကို ယေဟောဝါနှင့်ယေရှုခရစ်နည်းတူ အခွင့်အရေးရှာယူသင့်သည်။ ထိုကြောင့် ထိုသို့ပြုရန်အခွင့်အလမ်းများကိုသုံးသပ်ကြည့်စို့။

၄ အရေးအကြီးဆုံးကား မိမိ၏မိသားစုကိုစိတ်ဝင်စားပြီး မိသားစုဝိညာဉ်ရေးကို လျစ်လျူမရှုခြင်းဖြစ်သည်။ ယင်း၌ မိသားစုနှင့်မှန်မှန်သင်အံမှုပြုခြင်းပါဝင်သည်။ သင်၏မိသားစုသင်အံမှုတွင် အကြောင်းအရာတစ်ခုကို စိတ်ဝင်စားစွာနှင့်လက်တွေ့ကျကျ တန်ဖိုးရှိစွာ လေ့လာကြပါသလော။ သင့်အိမ်ထောင်စုရှိသူတစ်ဦးစီနှင့် လယ်ကွင်းလုပ်ငန်းတွင် မှန်မှန်ပါဝင်ခြင်းအားဖြင့် အကျိုးထိရောက်မှုရှိမရှိ စုံစမ်းသလော။ ထိုသို့ပြုသည့်အခါ ပျော်ရွှင်စရာအချိန်ဖြစ်ပါသလော။ သူတစ်ပါးကိုကူညီပေးချင်စိတ် သင့်သားသမီးများ၌မွေးမြူပေးခြင်းဖြင့် ခရစ်ယာန်အိမ်နီးချင်းမေတ္တာကို တည်ဆောက်ပေးပါသလော။ အိမ်ထောင်ရှိ၍ သားသမီးများမရှိသော်လည်း မိသားစုသင်အံမှုပြုလုပ်ပါသလော။

၅ ဝိညာဏအကူအညီကို လူတိုင်းအား ကျွန်ုပ်တို့ပေးလိုပါသည်။ သို့သော် အလုပ်များကြသဖြင့်အထူးလိုအပ်ရာများရှိ အသင်းတော်သားများကို စိတ်ဝင်စားမှုတင်ပြရန် မေ့ပျောက်နေပါသလော။ (သု၊ ၃:၂၇။ ဂလ၊ ၆:၁၀) ခရစ်ယာန်အသင်းတော်တွင် ဖခင်မဲ့လူငယ်များ၊ သက်ကြီးရွယ်အို၊ မုဆိုးမ၊ ချို့တဲ့သူ၊ စိတ်ဓာတ်ကျသူ၊ မသန်မစွမ်းသူနှင့်ထူးခြားသောအကူအညီလိုအပ်သူများရှိသည်။ ယေဟောဝါနှင့် ကိုယ်တော်၏သားတော်ယေရှုခရစ်နည်းတူ ကျွန်ုပ်တို့ညီအစ်ကိုညီအစ်မများအားလုံးကို စိတ်ဝင်စားကြောင်း မပြဘဲမနေသင့်။​—၁ ကော၊ ၁၀:၂၄။ ဖိ၊ ၂:၄။ ဟေ၊ ၁၃:၁၆။

လယ်ကွင်းရှိသိုးကဲ့သို့သောသူများ

၆ အိမ်တွင်းကျမ်းစာသင်အံမှုရှိသူများကိုစိတ်ဝင်စားကြောင်း မည်သို့ပြနိုင်သနည်း။ သူတို့အနက်အများက လောကီအပေါင်းအသင်းများနှင့် အဆက်အသွယ်ဖြတ်တောက်ရန်လိုအပ်ကြောင်းတွေ့ရှိခဲ့သည်။ ကျွန်ုပ်တို့အလုပ်များနေကြမည်မှန်သော်လည်း ဤသင်သားတို့၌စိတ်ဝင်စားမှုပြကာ ပြုပြင်ပြောင်းလဲလာသူတို့အား ကျွန်ုပ်တို့၏မိတ်သစ်ဆွေသစ်များအဖြစ် ကြိုဆိုပါသလော။ သူတို့နှင့်ကျွန်ုပ်တို့ကိုယ်တိုင် ကျမ်းစာမလေ့လာသော်လည်း သူတို့ကိုအားပေးတည်ဆောက်ပါသလော။​—မာ၊ ၁၀:၂၈-၃၀။

၇ သတင်းကောင်းကိုနားထောင်လိုသူများအား စိတ်ရင်းမှန်ဖြင့် စိတ်ဝင်စားကြောင်း များများပါဝင်တင်ပြနိုင်ပါသလော။ သူတို့၏ဝိညာဏလိုအပ်ရာများကို မီနိုင်ကြရန်ကြိုးစားကူညီပေးမည်လော။ သင်ကိုယ်တိုင် လယ်ကွင်းဓမ္မအမှု၌များများပါဝင်နိုင်ရန် ဘာလုပ်ကိုင်နိုင်သနည်း။ များများပါဝင်နိုင်ခွင့်ရှိနေပြီဆိုလျှင် နောက်တွန့်ဆုတ်မနေပါနှင့်။​—လု၊ ၉:၆၀-၆၂။

၈ သူတစ်ထူးကိုစိတ်ဝင်စားမှုတင်ပြခြင်း၌ ယေဟောဝါနှင့်ယေရှုကိုအတုယူရကြမည်။ နူနာစွဲသူကိုယေရှုစာနာမှုပြသည်နည်းတူ ကိုယ်တိုင်ဦးစွာကူညီပေးရမည်။ မှန်၏။ သူတစ်ထူးကိုစိတ်ဝင်စားမှုတင်ပြနိုင်ရန်နည်းများကို အမြဲသတိပြုနေရကြမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ