ဘုရားသခင့်အလိုတော်ကို ဝီရိယရှိရှိ ဆောင်ရွက်ခြင်း
၁ အလိုရှိသောရလဒ်ကိုဖြစ်ထွန်းစေသည့် ရည်ရွယ်ချက်ရှိရှိဝီရယဖြင့်လုပ်ဆောင်သည့်လုပ်ငန်းသည် အမှန်ပင်ကျေနပ်မှုပေးပါသည်။ (ဒေ၊ ၃:၁၃) ယနေ့ထမ်းဆောင်သည့်လုပ်ငန်းများတွင် ယခုပင်မက နောင်အနန္တကာလတိုင်အောင် ပျော်ရွှင်မှုအများဆုံးရရှိစေသည်ကားအဘယ်နည်း။ တစ်ခုတည်းသောအဖြေသာရှိ၍ ယင်းကား ဘုရားသခင့်အလိုတော်ဆောင်ရွက်ခြင်းဖြစ်သည်။ ယင်းသို့ဖြစ်ရသည့်အကြောင်းရင်းများကို ၁၉၉၂ ခုလုပ်ငန်းတော်နှစ်အတွက် အထူးစည်းဝေးပွဲအစီအစဉ်တွင် ဟောပြောချက်များ၊ သရုပ်ပြခန်းများ၊ တွေ့ကြုံမှုများဖြင့်ဆွေးနွေးတင်ပြပါမည်။ ၄င်းစည်းဝေးအစီအစဉ်၏အဓိကခေါင်းစဉ်မှာ “ဘုရားသခင့်အလိုတော်ကို ဝီရိယရှိရှိ ဆောင်ရွက်ခြင်း” ဖြစ်သည်။—ဧ၊ ၆:၆။ ၁ တိ၊ ၄:၁၀။
၂ ယနေ့မြောက်မြားစွာသောသူတို့သည် မိမိတို့၏အဖြစ်သနစ်ကို မကျေမနပ်စိတ်ဓာတ်ကျနေကြသည်။ သူတို့လုပ်ကိုင်ရသည့်အလုပ်ကိုလည်း ငြီးငွေ့နေကြသည်။ ခရစ်တော်ကိုအတုယူကာ ယေဟောဝါအလိုတော်ကိုဆောင်ရွက်ခြင်းမူကား ရည်ရွယ်ချက်ပန်းတိုင်ရှိစေပြီး ဝမ်းစာရှာလုပ်ငန်းများကိုလုပ်ကိုင်ရာ၌ပင် အပြုသဘောရှိစေသည်။ ဘုရားသခင်၏အလိုတော်ကို ဝီရိယရှိရှိဆောင်ရွက်ခြင်း၌ အဘယ်အရာပါဝင်ပတ်သက်နေသနည်း။ ဘုရားသခင်၏အလိုတော်အတိုင်း ဆက်အသက်ရှင်ရန် ကျွန်ုပ်တို့ရှောင်ကြဉ်ရမည့်အရာအချို့ကား အဘယ်နည်း။ ဟောပြောခြင်းနှင့်သွန်သင်ခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ ယေဟောဝါ၏အဖွဲ့အစည်းထံမှလာသော ညွှန်ကြားချက်များနှင့်အကြံပေးချက်များကိုလိုက်နာရန် မည်မျှအရေးကြီးသနည်း။ ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်ရန် စိတ်ဝင်စားသောလူငယ်များအတွက် အဘယ်ထူးခြားသောအခွင့်အရေးများရှိပါသနည်း။
၃ အဓိကဟောပြောချက်များဖြစ်သည့် “ဘုရားသခင့်အလိုတော်သည် သင့်ဘဝကိုချုပ်ထိန်းသလော” နှင့် “ကျွန်ုပ်တို့ဘဝရည်ရွယ်ချက်—ဘုရားသခင့်အလိုတော်ဆောင်ရွက်ခြင်း” ပါဝင်သည့် စည်းဝေးအစီစဉ်အားဖြင့် ဤမေးခွန်းများကို ဖြေဆိုပေးပါလိမ့်မည်။ ဤအထူးအစီအစဉ်ကို အပြည့်အဝရရှိရန် ယခုကတည်းကစီစဉ်ထားပါ။