နိုင်ငံတော်ဓမ္မအမှုကျောင်းသည် သီအိုကရက်တစ်ပညာပေး
အကြီးအကဲများ တာဝန်ကြီးမားသည်။ ၁၉၅၉ ခုနှစ်ကစ၍ ဤကြီးမားသောတာဝန်ကိုထမ်းဆောင်နိုင်ရန်အကူအညီအနေနှင့် “ကြီးကြပ်မှူးများလုပ်ငန်းအတွက် အထူးလေ့ကျင့်ရေးသင်တန်း” ပေးရန်စီစဉ်ခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ဓမ္မအမှုထမ်းများ ဦးဆုံးအကြိမ်သင်တန်းတက်ခွင့်ရရှိခဲ့သည်။ နောက်ဆုံးနိုင်ငံတော်ဓမ္မအမှုကျောင်းကို ၁၉၈၈ ခုလုပ်ငန်းတော်နှစ်အတွင်းကျင်းပခဲ့ရာ ထောင်ပေါင်းများစွာသောသူတို့ အကျိုးခံစားခဲ့ရသည်။
ထိုအချိန်မှစ၍ အသင်းတော်ပေါင်းမြောက်မြားစွာတည်ရှိလာပြီး ကမ္ဘာတစ်ဝန်းရှိညီအစ်ကိုထောင်ပေါင်းများစွာ အကြီးအကဲနှင့်ဓမ္မအမှုထမ်းများအဖြစ်ခန့်အပ်ခံခဲ့ရသည်။ အဖွဲ့အစည်းဆိုင်ရာပြုပြင်ပြောင်းလဲမှုများလည်းရှိခဲ့သည်။ ထို့ကြောင့် အသင်းတော်အကြီးအကဲနှင့်ဓမ္မအမှုထမ်းအားလုံး ဤအမှုဆောင်နှစ်အတွင်း နိုင်ငံတော်ဓမ္မအမှုကျောင်းတက်ရောက်ရန် အုပ်ချုပ်ရေးအဖွဲ့ကစီစဉ်ပေးသည်။ လယ်ကွင်းတွင်လက်ရှိလိုအပ်ချက်များဆိုင်ရာသင်ခန်းစာများကိုလည်း တိုးချဲ့သင်ကြားပေးသည်။ ထိုကျောင်းတွင် ဗေသလအိမ်မှကိုယ်စားလှယ်များနှင့်နယ်လှည့်အမှုထမ်းများဦးစီးသင်ကြားပေးမည်။ ထိုကျောင်းမှသိရှိခဲ့သည်များကိုအကြီးအကဲများနှင့်ဓမ္မအမှုထမ်းများလက်တွေ့အသုံးပြုကြခြင်းအားဖြင့် အသင်းတော်အားလုံးအကျိုးခံစားကြရမည်။