ယေဟောဝါ၏စီရင်ချက်များကို ဖော်ပြ
၁ “အမှုတော်တို့ကို လူများတို့တွင် ဖော်ပြကြလော့။ နာမတော်သည် မြင့်မြတ်သောကြောင့် ချီးမွမ်းကြလော့။ . . . ထူးဆန်းသောအမှုကို ပြုတော်မူပြီ။” (ဟေရှာ၊ ၁၂:၄၊ ၅) ဤသြဝါဒကို သင်မည်သို့တုံ့ပြန်သနည်း။ ယေဟောဝါ၏စီရင်ချက်များကို ပြန်သုံးသပ်သည့်အခါ သူတစ်ပါးအား ထိုအကြောင်းများကို ပြောပြချင်စိတ် ရှိလာသည်မဟုတ်လော။ လွန်ခဲ့သော အနှစ် ၇၃ နှစ်ခန့်က ဗာဗုလုန်အောက်သုံ့ပန်းအဖြစ်မှ ယေဟောဝါသည် မိမိလူမျိုးကို လွတ်မြောက်စေခဲ့သည်။ ၁၉၁၉ ခုနှစ်ကတည်းက စစ်မှန်သောဝတ်ပြုမှုတည်ထောင်ခဲ့ပြီဖြစ်၍ ကမ္ဘာအနှံ့ရောက်ရှိနေပြီ။ ဤအမှုကိုယေဟောဝါပြုခဲ့ပုံသည် ကျွန်ုပ်တို့ထင်သည်ထက် ကြီးမားလှသည်။ ဘုရားသခင့်လမ်းပြမှု၊ ကာကွယ်မှုနှင့်ကောင်းချီးကို သင်မည်မျှတန်ဖိုးထားသနည်း။ ကိုယ်တော်၏အမှုများကို ကြေညာရန်၊ နာမတော်မြတ်ကို မြင့်မားစေရန် တိုး၍ပြုလုပ်ပေးနိုင်သေးသလော။
၂ သတိရအောက်မေ့ပွဲအချိန်သည် ထာဝစဉ်ကျေးဇူးတင်စရာ ဘုရားသခင့်စီရင်ချက်တစ်ကို သတိရစေသည်။ အရန်ရှေ့ဆောင်အဖြစ် စာရင်းသွင်းခြင်းအားဖြင့် ယေဟောဝါကို ကျေးဇူးတင်တန်ဖိုးထားကြောင်း တင်ပြနိုင်သည်။ ထို့ပြင် တိုက်နယ်အပတ်အတွင်း အရန်ရှေ့ဆောင်မည်ဆိုလျှင် သူ၏အကူအညီနှင့်အားပေးတိုက်တွန်းမှုမှ အကျိုးများစွာရရှိပါမည်။
၃ ကြေညာသူများသည် အရန်ရှေ့ဆောင်အဖြစ် အုပ်စုလိုက်စာရင်းသွင်းသည့်အခါ ကောင်းပါသည်။ လူတိုင်းမှာတွဲဖက်ရှိရန်နှင့် ကလေးငယ်ရှိသောညီမများသည် တစ်ဦးကိုတစ်ဦးကူညီပေးရန် အစီအစဉ်ကောင်းကိုရေးဆွဲပေးနိုင်မည်။ ကောင်းစွာစီစဉ်ပေးခြင်းဖြင့် နာရီ ၆၀ တောင်းဆိုချက်ကို ပြည့်မီရန် မခဲယဉ်းလှကြောင်း အများတွေ့ရှိခဲ့ပြီ။ ယင်းကြောင့် တစ်ရက်လျှင်ပျမ်းမျှ ၂ နာရီ၊ တစ်ပတ်လျှင် ၁၅ နာရီအမှုဆောင်ထွက်ရန်သာလိုသည်။ အရန်ရှေ့ဆောင်အချို့သည် ဝမ်းစာရှာအလုပ်မဆင်းမီ သို့မဟုတ် အလုပ်ဆင်းပြီးနောက်၊ တစ်နာရီ သို့မဟုတ် နှစ်နာရီအမှုဆောင်၍ စနေ၊ တနင်္ဂနွေနေ့များတွင် ထိုထက်ကြာရှည်အမှုဆောင်ကြပါသည်။
၄ အရန်ရှေ့ဆောင်မဖြစ်နိုင်သည်တိုင် လယ်ကွင်းလုပ်ငန်းကို သင်တိုးမြှင့်ပေးနိုင်ပါလိမ့်မည်။ ထို့ပြင် သူတစ်ပါးအား ကြိုပို့ခြင်း၊ သို့မဟုတ် ရှေ့ဆောင်နေသူများနှင့် တွဲဖက်အမှုဆောင်ခြင်းအားဖြင့် သူတို့အတွက် အားပေးတည်ဆောက်မှုဖြစ်ပါလိမ့်မည်။ ယေဟောဝါနာမတော်နှင့် စီရင်ချက်များကိုထင်ရှားစေရန် ကျွန်ုပ်တို့ပြုလေသမျှကို ကျေးဇူးတင်လေးစားတတ်သောဘုရားသခင်သည် သတိမပြုမိဘဲနေမည်မဟုတ်ပါ။—မာလ၊ ၃:၁၆။