ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၉၂ စာ. ၄
  • “ငါ့ကိုအောက်မေ့ဖို့ရာ ဆက်၍ကျင်းပလော့”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ငါ့ကိုအောက်မေ့ဖို့ရာ ဆက်၍ကျင်းပလော့”
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • သတိရအောက်မေ့ပွဲအတွက် ပြင်ဆင်ခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • သတိရအောက်မေ့ပွဲအတွက် အသင့်ပြင်ဆင်ပါလေ
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • သတိရအောက်မေ့ပွဲ နှိုးဆော်ချက်များ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
  • သတိရအောက်မေ့ပွဲ နှိုးဆော်ချက်များ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
နဓ ၄/၉၂ စာ. ၄

“ငါ့ကိုအောက်မေ့ဖို့ရာ ဆက်၍ကျင်းပလော့”

၁ မိမိသေခြင်းကို အောက်မေ့ရာပွဲကျင်းပရန် တပည့်တော်များအား ယေရှုမှာကြားခဲ့သည်။ (လု၊ ၂၂:၁၉) လူသားတို့အတွက် ယေရှုပူဇော်ခဲ့သောယဇ်သက္ကာကို သတိရစေမည်။ ဤနှစ်တွင် ကမ္ဘာတစ်ဝန်းရှိယေဟောဝါသက်သေများသည် ခရစ်တော်၏သေခြင်းကို ဧပြီ ၁၇၊ သောကြာနေ့၊ နေဝင်ပြီးအချိန်တွင် သတိရအောက်မေ့ပွဲကို ကျင်းပကြမည်။

၂ ကိုယ်တိုင်ပြင်ဆင်ခြင်း။ ဤအရေးကြီးသောအချိန်အခါအတွက် လျောက်ပတ်စွာ မည်သို့ပြင်ဆင်ထားနိုင်မည်နည်း။ တစ်နည်းကား ယေရှု၏မြေကြီးပေါ်အသက်တာနှင့်ဓမ္မအမှုအကြောင်း ဆုတောင်းဆင်ခြင်ခြင်းအားဖြင့်ဖြစ်သည်။ ကိုယ်တော်သည် မိမိ၏စုံလင်သောအသက်ကို ယဇ်ပူဇော်ခြင်းအားဖြင့် လူသားတို့၏ရွေးနှုတ်ကယ်တင်ရှင်ဖြစ်လာသည်။ (မ၊ ၂၀:၂၈) ဤပြင်ဆင်ချက်ကိုတန်ဖိုးထားလေးမြတ်တတ်ရန် အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား စာအုပ် အခန်း ၁၁၂ မှ ၁၁၆ အထိလေ့လာသုံးသပ်ရန် အားပေးပါသည်။

၃ ယေဟောဝါသက်သေများ၏ ၁၉၉၂ ပြက္ခဒိန် ပေါ်သတိပြုမိမည့်အတိုင်းပင် သတိရအောက်မေ့ပွဲမတိုင်မီ ဤနှစ်တွင်ဖတ်ကြရမည့်ကျမ်းပိုဒ်များမှာ မာကုကျမ်းမှဖြစ်သည်။ ဤအထူးကျမ်းချက်များဖတ်ရှုခြင်းကို တနင်္ဂနွေနေ့မှသောကြာအထိ၊ ဧပြီ ၁၂-၁၇ တိုင်ခြောက်ရက်ဖတ်ရှုသွားပါမည်။ ဤအရေးကြီးသောအဖြစ်အပျက်များအကြောင်း ဆင်ခြင်သုံးသပ်ကြည့်ရန် အချိန်ရှာယူသင့်ပါသည်။

၄ အကြီးအကဲများ ကောင်းစွာပြင်ဆင်ခြင်း။ သတိရအောက်မေ့ပွဲဖိတ်စာများရှိမရှိ သတိပြုပါ။ တက်ရောက်မည့်သူအားလုံးအတွက် ထိုင်ခုံအလုံအလောက်ရှိပါမည်လော။ ဧည့်ကြိုများအဖြစ်အမှုထမ်းမည့်သူများအား သူတို့၏တာဝန်များကို ကောင်းစွာရှင်းပြပေးမည်။ လူသစ်များကို သူတို့လှိုက်လှဲစွာကြိုဆိုလိုကြမည်။ ဟောပြောချက်ကို ရှင်းလင်းပြတ်သား၍ ကျမ်းစာနှင့်အညီတင်ပြနိုင်သော အရည်အချင်းပြည့်ညီအစ်ကိုအားဟောပြောစေပါမည်။ တာဝန်သိတတ်သောအကြီးအကဲများ သို့မဟုတ် ဓမ္မအမှုထမ်းများအားမုန့်နှင့်စပျစ်ရည်ကိုကမ်းလှမ်းပေးရန် တာဝန်ပေးပါ။ တဆေးမဲ့မုန့်နှင့်ရောစပ်ခြင်းမရှိစပျစ်ရည်ကို အသင့်ပြင်ဆင်ရမည်။ ထပ်ဆင့်သတိပေးချက်များအတွက် ဖေဖေါ်ဝါရီ ၁၅၊ ၁၉၈၅ (အင်္ဂလိပ်) ကင်းမျှော်စင်စာမျက်နှာ ၁၉ ကိုကြည့်ပါ။

၅ ကြိုတင်၍ သေချာစွာပြင်ဆင်ထားခြင်းအားဖြင့် ဤအထူးအချိန်အခါ၏အရေးကြီးမှုကို အပြည့်အဝတန်ဖိုးထားလေးစားကြောင်း၊ ယေရှု၏အမိန့်တော်အတိုင်း ခရစ်တော်သည်နေ့ကို သတိရအောက်မေ့ပွဲကျင်းပရန် ဆန္ဒပြင်းပြကြောင်း တင်ပြကြမည်။​—၁ ကော၊ ၁၁:၂၃-၂၆။

[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်]

၁။ ဟောပြောသူအပါအဝင် ယောက်တိုင်းအား ပွဲတော်ကျင်းပမည့်အချိန်နှင့်နေရာအတိအကျကို အကြောင်းကြားထားပြီလော။ ဟောပြောမည့်သူအား ကြိုပို့စရာစီစဉ်ပေးရန် လိုမည်လော။

၂။ မုန့်နှင့်စပျစ်ရည်အတွက် အတိအကျစီစဉ်ထားပြီးပြီလော။

၃။ သန့်ရှင်းသောစားပွဲခင်း၊ ဖန်ခွက်နှင့်ပန်းကန်အလုံအလောက်ကိုယူလာခဲ့ရန် တစ်ဦးတစ်ယောက်အား တာဝန်ခန့်ခွဲပြီးပြီလော။

၄။ သတိရအောက်မေ့ပွဲမတိုင်မီ ခန်းမသန့်ရှင်းရေးအစီအစဉ်ရှိထားပြီလော။

၅။ ဧည့်ကြို၊ မုန့်နှင့်စပျစ်ရည်ကမ်းလှမ်းသူများကို ခန့်ခွဲစီမံပေးပြီးပြီလော။ သူတို့တာဝန်များကို သတိရအောက်မေ့ပွဲမတိုင်မီ ခွဲခန့်ပေးရန်အစည်းအဝေးကို စီစဉ်ထားသလော။ အဘယ်အချိန်တွင်နည်း။ အားလုံးလက်ထဲကမ်းလှမ်းပေးနိုင်ရန် အဘယ်အစီအစဉ်ပြုလုပ်ထားသနည်း။

၆။ သက်ကြီးရွယ်အိုနှင့်မသန်မစွမ်းသော ညီအစ်ကိုညီအစ်များကိုကူညီပေးရန်အစီအစဉ်များကို အပြည့်အစုံပြုလုပ်ပြီးပြီလော။ နိုင်ငံတော်ခန်းမသို့မရောက်လာနိုင်သော ဘိသိက်ခံများအား မုန့်နှင့်စပျစ်ရည်ကမ်းပေးရန် အစီအစဉ်များပြုလုပ်ထားပြီးပြီလော။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ