ဖန်ဆင်းရှင်ဘုရားသခင်ကို ချီးမွမ်းထောမနာပြု
၁ လှပသောရှုခင်းများ၊ ရောင်စုံနေဝင်ဆည်းဆာ၊ ကြယ်အတိပြီးသောကောင်းကင်၊ ကျေးငှက်တို့၏သာယာသောသီဆိုသံ အစရှိသောကြည်နူးဖွယ်ရာများတို့အတွက် မည်သူအားထောမနာပြုမည်နည်း။ မှန်သည်၊ ဖန်ဆင်းရှင်ဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြရန် လှုံ့ဆော်ခံရကြသည်။ ဗျာဒိတ် ၄:၁၁ ပါကြွေးကြော်ချက်ကို ကျွန်ုပ်တို့စိတ်နှလုံးအကြွင်းမဲ့ သဘောတူညီကြမည်။ ခပ်သိမ်းသောအရာတို့ကို ကိုယ်တော်ဖန်ဆင်းထားတော်မူသည့်အတွက် ယေဟောဝါဘုရားကို ကျွန်ုပ်တို့ချီးမွမ်းထိုက်တော်မူသည်။
၂ ဘုရားသခင်၏ဖန်ဆင်းရာလက္ခဏာများအထင်အရှားရှိလျက်ပင် အသက်သည် မတော်တဆဖြစ်လာသည်၊ သို့မဟုတ် မတော်တဆဆင့်ကဲဖြစ်လာသည်ဟူသည့်အယူအဆကို ခံယူရန်အားပေးခဲ့ကြပြီ။ ဤမဟာမုသားသည် လူတို့ကိုယုတ်ညံ့သိမ်ဖျင်းစေခဲ့ရုံမက ကြီးမြတ်တော်မူသောဖန်ဆင်းရှင်ကို ကဲ့ရဲ့ရှုတ်ချ၍ပြစ်မှားခြင်းဖြစ်သည်။—ဒေ၊ ၁၂:၁။ ရော၊ ၁:၂၀၊ ၂၅။
၃ ယေဟောဝါ၏သစ္စာရှိကျေးကျွန်များအနေနှင့် အောက်တိုဘာလတွင် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်နှင့်ကိုယ်တော့်အံ့ချီးဖွယ်လုပ်ရပ်များနှင့် ပတ်သက်သော အမှန်တရားကို ပြောပြခွင့်ရရှိကြပါမည်။ အသက်၏ဇာစ်မြစ်နှင့် ယင်း၏ရည်ရွယ်ချက်အကြောင်း ဖြစ်ရပ်မှန်တို့ကို တကယ်စိတ်ဝင်စားသူတို့အား Life—How Did it Get Here? By Evolution or by Creation? စာအုပ်ကိုဝေငှကြမည်။ (ဤစာအုပ်မရှိလျှင် ရှိသည့်မည်သည့်စာအုပ်ကိုမဆို ဝေငှနိုင်သည်။) ဤစာအုပ်သည် အသက်၏ဇာစ်မြစ်နှင့်ဆိုင်သောအမှန်တရားကို ရဲရင့်စွာခုခံပြောဆိုနိုင်ရန် အသင့်ပြင်ဆင်ပေးပါသည်။
၄ အထူးရပ်ကွက်များ။ တစ်အိမ်မှတစ်အိမ်သက်သေခံသည့်အပြင် ဆင့်ကဲအယူ သို့မဟုတ် ဖန်ဆင်းခြင်းကိုစိတ်ဝင်စားသူတို့နှင့် အလုပ်ခွင် သို့မဟုတ် ကျောင်းတွင်တွေ့ဆုံကာ စကားစမြည်ပြောဆိုရန် အထူးကြိုးစားကြမည်။ ဥပမာ၊ ကျောင်းဆရာဆရာမများအား Creation စာအုပ်ကိုပြခဲ့သည့်အခါ သက်သေခံငယ်များသည် ယင်းကိုအောင်မြင်စွာဝေငှနိုင်ခဲ့သည်။ သက်သေခံလူငယ်တစ်ဦးသည် ဆရာအား Creation စာအုပ်ကိုပေးခဲ့သည့်အခါ ယင်းကိုအသေအချာလေ့လာရုံမက အတန်းတွင်သင်ကြားရာ၌ ယင်းစာအုပ်ကို အခြေခံအဖြစ်စအသုံးပြုခဲ့သည့်အတွက် အထူးဝမ်းသာနိုင်ပါသည်။ (w90 9/1 p. 32; w 86 10/1 p. 32) ဤပြောင်မြောက်သောစာအုပ်ကိုစိတ်ဝင်စားမည်ထင်သည့် ဆရာဆရာမ၊ သို့မဟုတ် ကျောင်းနေဖက်တို့ထံ သွားကမ်းလှမ်းကြည့်ပါ။
၅ သင့်ရပ်ကွက်ရှိ ကောလိပ်ကျောင်းသူကျောင်းသားများနှင့်ဆရာများထံ အထူးကြိုးစားသွားနိုင်သည်။ ရှေ့နေများနှင့်ဆရာဝန်များ အစရှိသည့်ပညာတတ်တို့သည် Creation စာအုပ်ပါစူးစမ်းလေ့လာထားချက်များနှင့် မှတ်တမ်းတင်ချက်တို့ကို တန်ဖိုးထားခဲ့ကြပြီ။ (yb87/P./54) ဤလှပသောရုပ်ပုံများပါစာအုပ်ကို ကိုးကားရာစာအုပ်အဖြစ် ယူထားလိုသူများလည်းရှိမည်။
၆ တွေ့ဆုံသူတိုင်း Creation စာအုပ်ကိုစိတ်ဝင်စားမည်မဟုတ်သည့်အတွက် လူတိုင်းအားဝေငှမည်ကားမဟုတ်။ သို့သော် စာအုပ်ထဲမှ ပညာပေး၍ ဖန်ဆင်းရှင်ကိုယုံကြည်စေသည့်အကြောင်း တစ်ချက်နှစ်ချက်ကိုတင်ပြ၍ တိုးသိလိုသောစိတ်ထားမှန်သူများနှင့် တွေ့ကောင်းတွေ့ဆုံပါလိမ့်မည်။ ဤကဲ့သို့သောသူတို့အား Creation စာအုပ်ကိုဝေငှပေးလိုပါသည်။
၇ ဤမွန်မြတ်သောစာအုပ်အားဖြင့် ဆင့်ကဲအယူသည် မည်မျှမဖြစ်တန်ရာဖြစ်ကြောင်း သိစေရုံသာမက အသက်ဆုကို တန်ဖိုးထားလေးမြတ်တတ်ရန် ကူညီပေးနိုင်ပါလေစေ။ ဤစာအုပ်အားဖြင့် အသက်ပေးပိုင်ရှင်၊ “ကောင်းကင်မြေကြီးကို ဖန်ဆင်းတော်မူသောအရှင်” ၏ဘုန်းထင်ရှားရေးအတွက် ထာဝစဉ်အသက်ရှင်လိုစိတ် သူတို့တွင်ရှိစေပါလိမ့်မည်။—ဆာ၊ ၁၄၆:၆။