ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၉၃ စာ. ၁-၆
  • သင့်ကျမ်းစာသင်သား၏နှလုံးကို ထိမိပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ကျမ်းစာသင်သား၏နှလုံးကို ထိမိပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • နှစ်ခြင်းခံဖို့ အရည်အချင်း ပြည့်မီလာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • သင်၏ “သွန်သင်ခြင်းနည်းပညာ” ကို သတိပြုလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • သွန်သင်ခြင်းအတွက် ကောင်းစွာပြင်ဆင်ပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးနိုင်ပုံ—အပိုင်း ၂
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
နဓ ၁၂/၉၃ စာ. ၁-၆

သင့်ကျမ်းစာသင်သား၏နှလုံးကို ထိမိပါ

၁ သင့်ကျမ်းစာသင်သား တတ်သိလာသည့်အရာများကို သူ့အား ကျင့်သုံးစေလိုပါသလော။ သူသိရှိလာသည့် အသိပညာမှ အကျိုးခံစားလိုလျှင် လက်တွေ့ကျင့်သုံးရန် လိုပါသည်။ သင့်ကျမ်းစာသင်သားအား လှုံ့ဆော်ပေးရန် သူ၏နှလုံးကို ထိမိရမည်။ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် တမန်တော်ပေတရု ဟောပြောတိုက်တွန်းခဲ့သောကြောင့် လူ ၃,၀၀၀ ခန့် “စိတ်နှလုံးပူပန်” ၍ “ထိုစကားကို . . . နှလုံးသွင်းမိ” ပြီး ထိုနေ့ရက်တွင် နှစ်ခြင်းခံယူကြပါသည်။ (တမန်တော် ၂:၃၇၊ ၄၁) သင့်ကျမ်းစာသင်အံမှု၏နှလုံးကို သင်မည်သို့ထိမိနိုင်မည်နည်း။

၂ စေ့စေ့ငင ပြင်ဆင်– လေ့လာနေသည့်အကြောင်းကို ကျောင်းသားနှင့် ဆင်ခြင်သုံးသပ်ရန် အချိန်အနည်းငယ်ရရှိသဖြင့် အပိုဒ်များစွာကို ပြီးဆုံးရန် မကြိုးစားပါနှင့်။ ပေါ်လွင်စေမည့်အချက်များကို ကြိုတင်စဉ်းစားထားပါ။ ကျမ်းချက်များကို ကိုယ်တိုင်နားလည်ပြီး ထိရောက်စွာရှင်းပြနိုင်ရန် ကြိုတင်ပြင်ဆင်ထားပါ။ ကျောင်းသား၏နောက်ခံကြောင့် သူ၏စိတ်ထဲ ပေါ်လာနိုင်သောမေးခွန်းများကို ကြိုတင်စဉ်းစားထားပါ။ သင့်ကျောင်းသားနှင့် အကျွမ်းတဝင်ရှိမည်ဆိုလျှင် သူနှင့်အထူးသက်ဆိုင်သည့်အချက်အလက်များကို တင်ပြပေးရန် အသင့်ရှိနေပါလိမ့်မည်။

၃ ယေရှု၏သွန်သင်နည်းကို အတုယူ– နားလည်ရခဲယဉ်းသောအချက်များကို လွယ်ကူစေရန် ယေရှုသည် ဥပမာများကို အသုံးပြုခဲ့ခြင်းဖြင့် အခြေအနေတစ်ခု၏သဘောတရားနှင့်အဖြစ်အပျက်ကို တပည့်တော်များအား နားလည်စေရန်ကူညီပေးသည်။ (လု. ၁၀:၂၉-၃၇) ထိုနည်းတူစွာ သာမန်အသက်တာအဖြစ်အပျက်များမှ ဥပမာရိုးရိုးကလေးများကို အသုံးပြုခြင်းအားဖြင့် သင့်ကျမ်းစာကျောင်းသား၏နှလုံးထဲ ကောင်းမွန်သောသွန်သင်ချက်များကို စွဲမှတ်ထားစေနိုင်ပြီး ထိုဥပမာများသည် ကျောင်းသား၏ အခြေအနေနှင့် မည်သို့သက်ဆိုင်ကြောင်း တင်ပြပါ။

၄ ယေရှုမကြာခဏဖော်ပြခဲ့သည့်အတိုင်းပင် ကျမ်းစာကျောင်းသား၏နှလုံးကို ထိမိခြင်းငှာ မေးခွန်းများသည် အထူးတလည် အထောက်အကူပြုပါသည်။ (လု. ၁၀:၃၆) သို့သော် ကျောင်းသားသည် အဖြေကို စာအုပ်ထဲရှိ အပိုဒ်မှဖတ်ပြရုံဖြင့် မကျေနပ်ပါနှင့်။ ယခင်က မစဉ်းစားမိသည့်အကြောင်းတစ်ခုကို သူ့စိတ်ထဲပေါ်လာစေရန် ထိန်းကျောင်းပေးသည့် မေးခွန်းများ အသုံးပြုပါ။ ယင်းသို့ ပြုခြင်းအားဖြင့် ကျောင်းသား၏ စဉ်းစားနိုင်စွမ်းကို တိုးတက်စေပါသည်။ အကြောင်းတစ်ခုကို သူမည်သို့ယူဆကြောင်း သိရှိရန် သဘောထား မေးခွန်းများကိုလည်း အသုံးပြုပါ။ ထိုအခါ ပို၍အကူအညီလိုအပ်သည့်အပိုင်းများကို သင်သိမြင်ပေမည်။ ထိုနောက် သူလိုအပ်သလို ဆက်လက်ကူညီပေးနိုင်ပါမည်။

၅ ကျမ်းစာကျောင်းသားတစ်ဦးသည် မတိုးတက်ဘဲနေပါက အကျိုးအကြောင်းသိရှိရန် သူ့အား ရင်ဖွင့်စေပါ။ မှန်မှန်လေ့လာမှုပြုသည့်အချိန်ထက် အခြားတစ်ချိန်ချိန်တွင် အလည်အပတ်သွားရန် လိုကောင်းလိုပေမည်။ သူ အဘယ်ကြောင့် တွန့်ဆုတ်နေပါသနည်း။ သူနားမလည်နိုင်သည့် ကျမ်းစာဆိုင်ရာအချက်များ ရှိနေပါသလော။ သူ၏ဘဝပုံစံတွင် ပြုပြင်ပြောင်းလဲမှုအချို့ကို မပြုလို၍လော။ ကျမ်းစာကျောင်းသားသည် ‘နုန့်နဲ့စွာဖြင့် ဒွိဟ’ ဖြစ်နေမည်ဆိုလျှင် ထိုသို့ပြုခြင်း၏အန္တရာယ်ကို သူသိမြင်ရန် ကူညီပေးပါ။​—၃ ဓမ္မရာဇဝင် ၁၈:၂၁၊ သမ။

၆ စိတ်ဝင်စားသူတို့အား သမ္မာတရားသွန်သင်ပေးခြင်းသည် အသက်ကယ်ဆယ်ရေးလုပ်ငန်းဖြစ်ကြောင်း တမန်တော်ပေါလု သဘောပေါက်ခဲ့သဖြင့် ခရစ်ယာန်အားလုံးတို့အား ‘ကိုယ်ဆုံးမသြဝါဒကို သတိပြု၍ အမြဲတည်နေ’ ရန်မှာကြားခဲ့သည်။ (၁ တိ. ၄:၁၆) ကျမ်းစာလေ့လာနေသူများသည် ကျမ်းစာမှ အချက်အလက်များနှင့် ကမ္ဘာ့အဖြစ်အပျက်များကို သိရှိနားလည်ရုံမက ပိုမိုသဘောပေါက်ရမည်။ ယေဟောဝါနှင့်ယေရှုအကြောင်းကို တိကျမှန်ကန်စွာ သိမြင်နားလည်ရမည်။ သူတို့နှင့် နှစ်ကိုယ်ကြားရင်းနှီးသော ဆက်ဆံရေးရှိလာနိုင်ရန် ကူညီပေးပါ။ ထိုသို့ပြုမှသာ အကျင့်အားဖြင့် သူတို့ယုံကြည်ခြင်းကို တင်ပြရန် တိုက်တွန်းခံရလိမ့်မည်။ (ယာ. ၂:၁၇၊ ၂၁၊ ၂၂) ကျောင်းသား၏နှလုံး ထိမိလာပြီဆိုလျှင် ယေဟောဝါအား ဂုဏ်တင်သည့်လမ်းစဉ်ကိုလိုက်လျှောက်ရန် လှုံ့ဆော်ခံရပြီး သူ့အသက်ကိုသူ ကာကွယ်ပါလိမ့်မည်။​—သု. ၂:၂၀-၂၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ