များစွာကြဲလော့ များစွာရိတ်လော့
၁ များစွာကြဲမည်ဆိုလျှင် များစွာရိတ်သိမ်းရမည်အကြောင်း၊ သို့သော် မျိုးစေ့အနည်းငယ်ကိုသာကြဲလျှင် အနည်းငယ်ကိုသာ ရိတ်သိမ်းရမည်အကြောင်း လယ်သမားတိုင်း သိရှိထားပါသည်။ (၂ ကော. ၉:၆) ကြီးထွားမှုမရှိနိုင်သည့်မြေပေါ် မျိုးစေ့ကြဲခြင်းဖြင့် အချည်းနှီးမဖြစ်စေရန် လယ်သမားများ ဂရုပြုကြပါသည်။ လယ်ကွင်းတွင် ကျွန်ုပ်တို့၏စာပေများကိုဝေငှသည့်အခါလည်း ထပ်တူပိုင်းခြားသိမြင်မှု လိုအပ်ပါသည်။ ထိုက်တန်သူများအား ယေဟောဝါ၏ မခံစားထိုက်သောကရုဏာတော်နှင့် ဘုရာသခင့်နိုင်ငံတော်မျှော်လင့်ချက်အကြောင်း သိရှိစေလိုကြပါသည်။
၂ သင့်ရပ်ကွက်နေ ထိုက်တန်သူများအား သမ္မာတရားသိရှိစေရန် အသုံးပြုနိုင်မည့် မဂ္ဂဇင်းများ၊ ဘရိုရှာများနှင့် အခြားစာပေများသည် သင့်အိမ်၏စင်ပေါ်၌သာ ပုံနေပါသည်။ (မ. ၂၅:၂၅ နှိုင်းယှဉ်) စာအုပ်စာတမ်းနှုန်းသည် ဈေးများသည်ဟု အသင်ထင်မှတ်သဖြင့် မဂ္ဂဇင်းနှင့်စာပေများကို ဝေငှရန် တွန့်ဆုတ်နေပါသလော။ သို့သော် ဈေးကြီးနေပါသလော။ လူထုထံမှရရှိသည့်ငွေထက် အသင်းမသည် စာအုပ်စာတမ်းများကို ထုတ်ဝေရန် ငွေကြေးပို၍ ကုန်ကျပါသည်။ ရှေ့ဆောင်များသည် ယင်းတို့ကို သက်သာစွာ ဝယ်ယူကြ၏။ စာအုပ်စာတမ်းများသည် ဈေးကြီးမကြီး လူထုအား တင်ပြပြောဆိုခွင့်ပေးပါ။
၃ သင် ဤသို့ဆိုနိုင်မည်–
▪ “ဒီစာအုပ်ကိုပုံနှိပ်ဖို့ ကုန်ကျငွေအတွက် အလှူငွေအနည်းငယ် ကျပ်. . . သာယူပါတယ်။ နောက်ထပ်ပိုမိုပုံနှိပ်ပြီး တခြားသူတွေအတွက် ဆက်ဝေငှဖို့ပါ။”
၄ သင် ပြောနိုင်သေးသည်ကား–
▪ ဒီစာအုပ်အတွက် ကျပ်. . . ကို အလှူငွေပေးနိုင်ပါတယ်။”
သို့မဟုတ် ဤသို့ပြောနိုင်သည်–
▪ “ကျမ်းစာအကြောင်း စိတ်ဝင်စားပြီးပိုသင်ယူချင်တဲ့လူတွေအတွက် စာအုပ်စာတမ်းများကို ပုံနှိပ်ထုတ်ဝေပေးပါတယ်။ ဒီမဂ္ဂဇင်းကိုဖတ်ကြည့်ချင်ရင် ပုံနှိပ်ခအတွက် အလှူငွေကျပ် . . . ပေးရင် ကျေးဇူးတင်ပါတယ်။”
၅ မဂ္ဂဇင်းလုပ်ငန်းတွင် ကြေညာသူအချို့က မဂ္ဂဇင်း၏ အတွင်းစာမျက်နှာကိုပြ၍ ဤသို့ဆိုသည်–
▪ “ဒီမှာတွေ့တဲ့အတိုင်း ကျွန်တော်တို့ရဲ့လုပ်ငန်းဟာ အလှူငွေတွေနဲ့ ထမ်းဆောင်နေပါတယ်။ ပုံနှိပ်ထုတ်ဝေခအတွက် ကျပ်. . . လှူမယ်ဆိုရင် ဒီမဂ္ဂဇင်းကို ယူထားနိုင်ပါတယ်။”
ရိုးရိုးကလေး ပြောဆိုနိုင်သည့် နောက်တစ်မျိုးမှာ–
▪ “ပုံနှိပ်ခအတွက် အလှူငွေအနည်းငယ်တော့ ယူပါတယ်။ ကျပ် . . . ပါပဲ။”
၆ စာအုပ်စာတမ်းခကို မဖော်ပြလိုသဖြင့် ဘုရားသခင့်နိုင်ငံတော်မျိုးစေ့ကိုကြဲရာတွင် ဘယ်သောအခါမျှ တွန့်ဆုတ်၍မနေသင့်ပါ။ တစ်ချိန်တည်းတွင် ကျွန်ုပ်တို့၏စာအုပ်စာတမ်းများကို အခမဲ့ပေးခြင်းအားဖြင့် အချည်းနှီးမဖြစ်စေရန် ပိုင်းခြားသိမြင်ခြင်းဖြင့် ပြုလုပ်ရန်လိုသည်။ ကျွန်ုပ်တို့သယ်ဆောင်သော သတင်းကောင်းကို တန်ဖိုးထားလေးမြတ်သူများသည် ယင်း၏ကုန်ကျစရိတ်အတွက် ဝမ်းသာစွာ အလှူငွေပေးလိုကြပါသည်။—မဿဲ ၁၀:၄၂ နှိုင်းယှဉ်။