ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၉၄ စာ. ၄
  • သန့်ရှင်းမှုသည် ဘုရားသခင်အား ဂုဏ်တင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သန့်ရှင်းမှုသည် ဘုရားသခင်အား ဂုဏ်တင်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • သန့်ရှင်းတဲ့လူမျိုးကို ဘုရားသခင် ချစ်တယ်
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • သန့်ရှင်းစင်ကြယ်မှု အမှန်အားဖြင့် အဘယ်အရာကိုဆိုလိုသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • သန့်ရှင်းစင်ကြယ်မှု မည်မျှအရေးပါသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • သန့်ရှင်းမှုသည် အဘယ်ကြောင့် အရေးကြီးသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
နဓ ၄/၉၄ စာ. ၄

သန့်ရှင်းမှုသည် ဘုရားသခင်အား ဂုဏ်တင်

၁ သန့်ရှင်းမှုရှိရန် မောရှေပညတ်က ကြပ်မတ်တောင်းဆိုထားပါသည်။ ကာယရေးနှင့်ဝိညာဉ်ရေးတွင် သန့်ရှင်းရန်တောင်းဆိုထားမှုကိုစောင့်ရှောက်သောလူမျိုးအနေနှင့် ဣသရေလလူမျိုးကို သီးခြားသတ်မှတ်ထားပါသည်။ (ဝတ်. ၁၁:၃၅၊ ၃၆; ၁၅:၁၁; ဟေရှာ. ၅၂:၁၁) ဤသန့်ရှင်းသောအခြေအနေက ဘုရားသခင်အား ဂုဏ်တင်၍ လူမျိုးလိုက်ကျန်းမာမှု ရှိစေပါသည်။

၂ ယနေ့လည်း သန့်ရှင်းမှုသည် ယေဟောဝါလူမျိုး၏ သီးခြားအမှတ်အသားဖြစ်ပါသည်။ ယင်းသည် ယေဟောဝါ၏လူမျိုးတစ်ဖွဲ့လုံးကို ခွဲခြားသတ်မှတ်သည်မှန်သော်လည်း ကျွန်ုပ်တို့တစ်ဦးစီအနေနှင့်ကော ထိုသို့ဖြစ်ပါသလော။ သန့်ရှင်းသပ်ရပ်မှုကို ကျွန်ုပ်တို့တင်ပြပုံသည် ယေဟောဝါ၏တောင်းဆိုချက်များကို မည်မျှတန်ဖိုးထားလေးမြတ်ကြောင်း ဖော်ပြပါသည်။

၃ ကျွန်ုပ်တို့အိမ်၏ အသွင်အပြင်ကော။ ကျွန်ုပ်တို့ဟောပြောသည့် နိုင်ငံတော်သတင်းကို ကဲ့ရဲ့စရာ ဖြစ်စေပါသလော။ ကျွန်ုပ်တို့အိမ်သည် သန့်ရှင်းသပ်ရပ်မှုမရှိ၊ ဝင်းခြံသည် ပေါင်းပင်မြက်ပင်တို့ပြည့်နေလျှင် ကမ္ဘာမြေကြီးကို ပရဒိသုအဖြစ်သို့ ပြုပြင်ပြောင်းလဲမည်ဟူ၍အမှန်ဆိုခြင်းကို အချို့သံသယဝင်သူများ ရှိကောင်းရှိမည်လော။ ကျွန်ုပ်တို့အိမ်သည် စည်းစနစ်မရှိ၊ သို့မဟုတ် မသန့်ရှင်းသောကြောင့် အနံ့အသက်များထွက်နေလျှင် “ဘုရားသခင့်နိုင်ငံတော်အောက် . . . ကမ္ဘာသစ်တွင် နေထိုက်သူ” အဖြစ် “သန့်ရှင်းသောအကျင့်စရိုက်များ၊ အစဉ်အလာများ ရရှိထိန်းသိမ်းထားပြီ” ဟုဆိုနိုင်ပါမည်လော။—⁠ဓအ ၁၆၀-၁။

၄ လယ်ကွင်းလုပ်ငန်းအတွက် အသုံးပြုသောကားကော။ အတွင်းအပြင် အတော်အသင့် သန့်ရှင်းသပ်ရပ်မှုရှိရာ ယင်း၏အသွင်အပြင်ကြောင့် ကျွန်ုပ်တို့လုပ်ငန်းကို ကဲ့ရဲ့စရာမဖြစ်ဟု ဆိုနိုင်မည်လော။ ကျွန်ုပ်တို့၏အဝတ်အစား၊ လွယ်အိတ်နှင့်ဆင်ယင်ပုံကော။ သူတစ်ပါး ကဲ့ရဲ့ပြစ်တင်စရာမရှိအောင် သပ်ရပ်၍ ဣန္ဒြေရှိပါသလော။ မှန်မှန်ရေချိုးခြင်း၊ လျှော်ဖွတ်ခြင်းအားဖြင့် ကိုယ်ကိုယ်တိုင်နှင့် ကိုယ့်အဝတ်အစားများကို သန့်ရှင်းသပ်ရပ်မှုရှိရန် သင့်တော်ပါသည်။—⁠သစတ အပိုင်း (၂) စ. ၃၃-၃၇။

၅ ညီအစ်ကိုတစ်ဦးတစ်ယောက်သည် သူ၏တစ်ကိုယ်ရေတစ်ကာယသန့်ရှင်းမှု သို့မဟုတ် သူ၏ဝန်းကျင်ကို ဂရုမစိုက်သည့်အတွက် အသင်းတော်အပေါ် ကဲ့ရဲ့ရှုတ်ချစရာဖြစ်လာလျှင်ကော။ သူ၏အသက်အရွယ် သို့မဟုတ် မသန့်မစွမ်းမှုကြောင့် မေတ္တာပါပါ ကူညီပေးမှုလိုအပ်ရုံသာ ဖြစ်ပေမည်။ ထိုသို့ဖြစ်လျှင် သူ့အားကူညီပေးပါက ကြင်နာမှုပြရာရောက်မည်။ တစ်ဦးတစ်ယောက်သည် ထိုသို့သောသူဖြစ်နေ၍ ယင်းကိုမသိရှိဘဲ ဖြစ်နေပေမည်; ကြင်နာစွာပြောဆိုပေးခြင်းဖြင့် ထိုအခြေအနေကို ပြုပြင်လိုက်ရန် လှုံ့ဆော်မှုခံရပေမည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပုံသက်သေကောင်း ဘယ်သောအခါမျှမတင်ပြသူသည် အသင်းတော်တွင် ထူးခြားသောအခွင့်အရေးများကို ရရှိနိုင်ရန် အရည်အချင်းရှိမည်မဟုတ်ပါ။ အကြီးအကဲများမူကား မိမိစံချိန်၊ သို့မဟုတ် မိမိအကြိုက်ကို လိုက်လျှောက်စေရန် ကြပ်မတ်ခြင်းကို ရှောင်ကြဉ်သင့်သည်။

၆ ကျွန်ုပ်တို့၏နိုင်ငံတော်ခန်းမတွင် ဝိညာဏခဲဖွယ်စားဖွယ်များ၌ ပါဝင်စားသုံးရန် စိတ်ဝင်စားခါစလူသစ်များကို ဖိတ်ခေါ်ပါသည်။ အများအားဖြင့်ဆိုလျှင် ခန်းမသည် ကျက်သရေရှိ၍ သန့်ရှင်းသပ်ရပ်သောကြောင့် ဖိတ်ခေါ်ရန်စိတ်ပြင်းပြကြသည်။ သို့သော် ယင်းအနေအထားတွင်ရှိနေစေရန် ခွန်အားစိုက်ထုတ်မှုလိုပါသည်။ ခန်းမဝန်းကျင်ကို ဂရုပြုပါ။ ထိုင်ခုံများ၊ ကြမ်းပြင်များ၊ နံရံများသည် သန့်ရှင်းပါသလော။ အိမ်သာများကို မှန်မှန်ဆေးကြောပါသလော။ ပေကျံသောကော်ဇော သို့မဟုတ် ဆေးကွာနေသောနံရံများကို တွေ့မြဲတွေ့နေကြဖြစ်လျှင် ယင်းကိုအမှုမထားဘဲနေမည်။ သို့ရာတွင် ပထမအကြိမ်ရောက်လာသော သူစိမ်းများမူကား အထင်အမြင်သေးစရာဖြစ်သွားပါမည်။ ရှုပျော်ဘွယ်ခန်းမဖြစ်စေရန် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်သင့်ပြီးသန့်ရှင်းရေး သို့မဟုတ် ပြန်မွမ်းမံရေးပြုလုပ်သည့်အခါ ကျွန်ုပ်တို့တာဝန်ကျေပွန်သင့်သည်။

၇ စကားတစ်ခွန်းမျှမပြောဆိုဘဲနှင့် ကျွန်ုပ်တို့၏ဆင်ယင်ပုံ၊ ကျွန်ုပ်တို့အိမ်များ၊ ကားများနှင့် နိုင်ငံတော်ခန်းမ၏ သန့်ရှင်းသပ်ရပ်ပုံဖြင့် ဘုရားသခင်၏ဘုန်းတော် ထင်ရှားစေနိုင်ပါသည်။ ကျွန်ုပ်တို့၏ကောင်းသောပုံသက်သေသည် ထိမိလဲစရာမဖြစ်စေဘဲ ကျွန်ုပ်တို့ဝတ်ပြုမှုအား သန့်ရှင်းဖြောင့်မတ်ကြောင်းကို သက်သေထူပါလိမ့်မည်။—⁠၁ ကော. ၁၀:၃၁၊ ၃၂; ယာ. ၁:၂၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ