ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၉၅ စာ. ၇
  • အထူးအစည်းအဝေးနေ့ အစီအစဉ်အသစ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အထူးအစည်းအဝေးနေ့ အစီအစဉ်အသစ်
  • Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • အထူးအစည်းအဝေးနေ့အစီအစဉ်သစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • အထူးအစည်းအဝေးနေ့ အစီအစဉ်သစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • အထူးအစည်းအဝေးနေ့အစီအစဉ်သစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • တိုက်နယ်စည်းဝေးပွဲအစီအစဉ်အသစ်
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
နောက်ထပ် ကြည့်ပါ
Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
နဓ ၈/၉၅ စာ. ၇

အထူးအစည်းအဝေးနေ့ အစီအစဉ်အသစ်

၁ သတင်းကောင်းကို အဘယ်ကြောင့် အဆက်မပြတ်ကြေညာသင့်သနည်း။ သတင်းကောင်းဟောပြောသူ၌ ရှိသင့်ရှိအပ်သောလိုအပ်ချက်များကား အဘယ်နည်း။ ရှက်ကြောက်သူများပင် သူတစ်ပါးအား သတင်းကောင်းကို မည်သို့စတင်ဟောပြောနိုင်သနည်း။ “သတင်းကောင်း၏ဓမ္မအမှုဆောင်များအဖြစ် အရည်အချင်းပြည့်မီခြင်း” အဓိကခေါင်းစဉ်ရှိ လာမည့်နွေရာသီအတွင်း စတင်ကျင်းပမည့် အထူးအစည်းအဝေးနေ့အစီအစဉ်တွင် ဤမေးခွန်းများနှင့် အခြားစဉ်းစားစရာမေးခွန်းများကို ဖြေဆိုပါလိမ့်မည်။—၂ ကောရိန္သု ၃:၅ နှိုင်းယှဉ်။

၂ ယေဟောဝါ၏လူမျိုးအနေနှင့် ကျွန်ုပ်တို့၏အမူအကျင့်ကို သတိပြုသင့်သည်။ လူငယ်များသည် သက်တူရွယ်တူများ၏ဖိအားကို မည်သို့တွန်းလှန်နိုင်ခဲ့သည့် အားရှိဖွယ်တွေ့ ကြုံမှုများကို တင်ပြကြမည်။ သားသမီးများကို ဘုရားသခင့်ဓမ္မအမှုဆောင်များဖြစ်လာစေရန် မိဘများ လေ့ကျင့်ပေးဖို့လိုကြောင်း မေတ္တာပါအားပေးစကားများ ကြားနာရမည်။ ဟောပြောဖို့လိုကြောင်းနှင့် ယင်းကြောင့် ကျွန်ုပ်တို့သော်လည်းကောင်း၊ ကျွန်ုပ်တို့၏တရားစကားကို နားထောင်သူများသော်လည်းကောင်းရမည့် ကောင်းချီးများကို တန်ဖိုးထားလေးမြတ်ရန် ကျွန်ုပ်တို့အားလုံးအကူအညီရလိမ့်မည်။—၁ တိ. ၄:၁၆။

၃ ထိုနေ့ရက်တွင် နှစ်ခြင်းပေးခြင်းသည် အထူးစိတ်ဝင်စားစရာဖြစ်လိမ့်မည်။ ယင်းသို့မပြုမီ ဆက်ကပ်အပ်နှံခါစသူများအတွက် အထူးရည်ရွယ်ဟောပြောသည့် ကျမ်းစာအခြေခံသောဟောပြောချက်ကို ပေးပါမည်။ နှစ်ခြင်းယူခြင်းအကြောင်းကိုဆွေးနွေးကာ ယင်း၏အနက်အဓိပ္ပာယ်ကိုရှင်းပြရာတွင် တက်ရောက်သူအားလုံးသည် ဂရုစိုက်နားထောင်လိုကြမည်။ စည်းဝေးတွင် နှစ်ခြင်းယူလိုသူ မည်သူမဆိုသည် ဦးစီးကြီးကြပ်မှူးအား ကြိုတင်အကြောင်းကြားထားသင့်သည်။ သို့မှသာသူသည် သတ်မှတ်ထားသောမေးခွန်းများကို နှစ်ခြင်းယူမည့်သူများနှင့် အကြီးအကဲများဆင်ခြင်သုံးသပ်အောင် အချိန်အလုံအလောက်ရှိရန် စီစဉ်ပေးနိုင်ပါလိမ့်မည်။

၄ အမှတ်ထင်ထင်ဖြစ်မည့် အခြားတစ်ခုမှာ ဧည့်သည်ဟောပြောသူပေးမည့် အဓိကဟောပြောချက်ဖြစ်သည်။ ယင်း၏ခေါင်းစဉ်မှာ “ဘုရားသခင့်ဓမ္မအမှုဆောင်များအဖြစ် အရည်အချင်းပြည့်မီပြီး အသင့်ရှိခြင်း” ဖြစ်သည်။ ဓမ္မအမှုဆောင်များအဖြစ် ကျွန်ုပ်တို့ကို ပြင်ဆင်ပေးမည့် အဓိကပြင်ဆင်ချက်လေးခုကို ဆွေးနွေးတင်ပြလိမ့်မည်။ ဟောပြောချက်တွင် ယုံကြည်ခြင်းတည်ဆောက်သော တွေ့ကြုံမှုများ ပါဝင်ပါမည်။

၅ အစီအစဉ်အစမှအဆုံးတက်ဖြစ်ရန် ယခုကတည်းက စီစဉ်ပါ။ စိတ်ဝင်စားသူများနှင့် ကျမ်းစာသင်သားများပါ ဤနေ့ရက်၏ သီအိုကရက်တစ်ပညာပေးအစီအစဉ်မှ အကျိုးခံစားရစေရန် သူတို့ကို ဖိတ်ဖြစ်အောင်ဖိတ်ပါ။ ဤနည်းဖြင့် သတင်းကောင်း၏ ဓမ္မအမှုဆောင်များအဖြစ် ကျွန်ုပ်တို့သည် “တတ်စွမ်းနိုင်သောသူ” များ အသေအချာဖြစ်လာနိုင်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ