ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၀/၉၅ စာ. ၄
  • အသင်းတော်ကို ကျွန်ုပ်တို့လိုအပ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသင်းတော်ကို ကျွန်ုပ်တို့လိုအပ်
  • Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • အသင်းတော်သည် ယေဟောဝါကို ချီးမွမ်းစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • အသင်းတော်သည် တည်ဆောက်ခြင်းရှိစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • အသင်းတော်မှာ ကိုယ့်နေရာကို တန်ဖိုးထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • အသင်းတော်တွင် သင်၏အခန်းကဏ္ဍကို တန်ဖိုးထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
နဓ ၁၀/၉၅ စာ. ၄

အသင်းတော်ကို ကျွန်ုပ်တို့လိုအပ်

၁ ကောရ၏သားများသည် တစ်ချိန်က ယေဟောဝါ၏အသင်းတော်ကို တန်ဖိုးထားလေးစားကြောင်း ဤသို့ဖော်ပြသည်– “တံတိုင်းတော်တို့အတွင်း၌ နေသောတစ်ရက်သည် အခြားအရပ်၌နေသောအရက်တစ်ထောင်ထက် သာ၍နှစ်သက်ပါ၏။” (ဆာ. ၈၄:၁၀) ယင်းနှင့်နှိုင်းယှဉ်လျှင် ဤလောကတွင် သူတို့ မက်မောစရာ အဘယ်အရာမျှမရှိပါ။ ထိုသဘောထားမျိုးကို သင်ပိုက်ကျုံးမည်ဆိုလျှင် အသင်းတော်ကို သင့်ဘဝတွင် အချက်အချာဖြစ်စေသင့်သည်။

၂ ခရစ်ယာန်အသင်းတော် စတည်ထောင်ကတည်းက ယင်းသည် ယေဟောဝါ၏ကောင်းချီးခံစားရကြောင်း ထင်ရှားပေါ်လွင်ခဲ့ပြီ။ (တ. ၁၆:၄၊ ၅) ကျွန်ုပ်တို့တစ်ယောက်မျှ အသင်းတော်၏ကျေးဇူးကို မသိတတ်ဘဲမနေသင့်ပါ။ ယင်းသည် တစ်ဦးနှင့်တစ်ဦးတွေ့ဆုံဖို့အတွက်သာဖြစ်သည်ဟူ၍လည်း မယူမှတ်သင့်ပါ။ အသင်းတော်သည် ယေဟောဝါသက်သေများအသိုင်းအဝိုင်းတိုင်းတွင် စည်းရုံးပေးရာနေရာဖြစ်သည်။ ယေဟောဝါ၏သွန်သင်မှုကိုခံယူပြီး အဖွဲ့လိုက် နိုင်ငံတော်လုပ်ငန်းကို ဆောင်ရွက်ရန် စည်းစည်းလုံးလုံးရှိဖို့ သင်ကြားပေးရာနေရာဖြစ်သည်။—ဟေရှာ. ၂:၂။

၃ ခရစ်ယာန်အသင်းတော်သည် ကျွန်ုပ်တို့ကို သမ္မာတရားသွန်သင်ပေးရာ အဓိကဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည်။ (၁ တိ. ၃:၁၅) ယေရှု၏ တပည့်နောက်လိုက်အပေါင်းတို့သည် ဘုရားသခင်နှင့်လည်းကောင်း၊ ခရစ်တော်နှင့်လည်းကောင်း၊ အချင်းချင်းတို့နှင့်လည်းကောင်း “တစ်လုံးတစ်ဝတည်း” ဖြစ်ရမည်။ (ယော. ၁၇:၂၀၊ ၂၁; ဟေရှာယ ၅၄:၁၃ နှိုင်းယှဉ်။) ဤကမ္ဘာမြေကြီးပေါ် အဘယ်အရပ်ဒေသသို့ ရောက်သွားစေကာမူ ကျွန်ုပ်တို့၏ညီအစ်ကိုများသည် ကျမ်းစာသွန်သင်ချက်များနှင့် မူဝါဒများကို လက်ခံယုံကြည်ကြပြီး ၎င်းတို့နှင့်အညီ သူတို့ကျင့်ကြံပြုမူကြ၏။

၄ ကျွန်ုပ်တို့သည် တပည့်ဖြစ်စေရန်တာဝန်ကိုကျေပွန်ကြဖို့ လေ့ကျင့်မှုခံယူထားပြီး အသင့်ရှိနေကြသည်။ ကင်းမျှော်စင်၊ နိုးလော့! နှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု တို့ကလည်း ကျမ်းစာဆွေးနွေးခန်းများ စတင်နိုင်ရန် အထောက်အကူပြုသောနည်းများကို ကျွန်ုပ်တို့အား လစဉ်လတိုင်းတင်ပြသည်။ စိတ်ဝင်စားသူများကို ရှာဖွေပြီး သူတို့၏စိတ်ဝင်စားမှု တိုးများလာစေရန် မည်သို့ပြုလုပ်နိုင်ကြောင်း တင်ပြပေးဖို့ အစည်းအဝေးများကို စီစဉ်ထားပါသည်။ ဤလုပ်ငန်းကို ကောင်းကင်မှထောက်ပံ့ကူညီပေးနေကြောင်း ကမ္ဘာချီတိုးတက်မှုက သက်သေထူသည်။—မ. ၂၈:၁၈-၂၀။

၅ ကျွန်ုပ်တို့သည် အသင်းတော်မှတစ်ဆင့် ‘မေတ္တာစိတ်နှင့် ကောင်းသောအကျင့်ရှိရန် တိုက်တွန်းနှိုးဆော်’ မှုကိုနေ့စဉ်ရရှိကြသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) စုံစမ်းနှောင့်ယှက်ခြင်းများကို သစ္စာရှိရှိသည်းခံနိုင်ရန် ခွန်အားပေးခံရသည်။ ချစ်ခြင်းမေတ္တာရှိသော ကြီးကြပ်မှူးများသည် ကျွန်ုပ်တို့ခံနေရသော ဖိစီးမှုများနှင့် စိုးရိမ်ပူပန်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အကူအညီပေးသည်။ (ဒေ. ၄:၉-၁၂) လမ်းလွဲနိုင်စရာ အန္တရာယ်ရှိလျှင် လိုအပ်သောဆုံးမသြဝါဒကို ပေးခံရသည်။ အခြားမည်သည့်အဖွဲ့အစည်းသည် ဤမျှမေတ္တာပါပါ ဂရုစိုက်ကြည့်ရှုသနည်း။—၁ သက်. ၅:၁၄။

၆ ကျွန်ုပ်တို့၏စည်းလုံးမှု မပျောက်ပျက်သွားစေရန် ကိုယ်တော်၏အဖွဲ့အစည်းနှင့် ပူးပူးကပ်ကပ်နေဖို့ ယေဟောဝါအလိုရှိတော်မူသည်။ (ယော. ၁၀:၁၆) သစ္စာရှိကျေးကျွန်အတန်းအစားနှင့် အဆက်အသွယ်ရနေရန် အသင်းတော်က အကူအညီပေးသော နည်းတစ်နည်းမှာ အားပေးတည်ဆောက်မည့် နယ်လှည့်ကြီးကြပ်မှူးများ စေလွှတ်ခြင်းအားဖြင့်ဖြစ်သည်။ မေတ္တာပါသော လမ်းညွှန်မှုကို ကျွန်ုပ်တို့ခံယူခြင်းအားဖြင့် ဝိညာဉ်ရေးကောင်းစေသည့် ချစ်ခင်ရင်းနှီးမှုကို တိုးပွားစေသည်။

၇ အသင်းတော်သည် ကျွန်ုပ်တို့၏ဝိညာဉ်ရေး အမြဲကောင်းနေစေရန်အတွက် အလွန်အရေးကြီးသည်။ အသင်းတော်၏အကူအညီမရဘဲ ယေဟောဝါအလိုတော်နှင့်တွေ့သောနည်းလမ်းအတိုင်း ကိုယ်တော်ကို မဝတ်ပြုနိုင်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ယေဟောဝါစီမံပေးထားရာနှင့် နီးနီးကပ်ကပ်နေကြပါစို့။ ယင်း၏ပန်းတိုင်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ပြီး ထိုတွင်ရရှိသော ဩဝါဒများကို စိတ်ရင်းမှန်နှင့် ကျင့်သုံးကြစို့လေ။ ဤနည်းအားဖြင့်သာလျှင် အသင်းတော်ကို ကျွန်ုပ်တို့မည်မျှတန်ဖိုးထားကြောင်း တင်ပြနိုင်မည်ဖြစ်သည်။—ဆာ. ၂၇:၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ