ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၉၆ စာ. ၂
  • ထိုးထွင်းဉာဏ်ဖြင့် ဟောပြောခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ထိုးထွင်းဉာဏ်ဖြင့် ဟောပြောခြင်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်ထံတော်မှအသိပညာက မေးခွန်းများစွာကိုဖြေကြားပေး
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်ကို ဝေငှနိုင်ပုံ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • ကျွန်ုပ်တို့၏ မဂ္ဂဇင်းများနှင့် စာအုပ်အဟောင်းများကို ကောင်းစွာအသုံးပြုခြင်း
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • အကြံပြုထားသောလယ်ကွင်းလုပ်ငန်းတင်ဆက်မှုများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နဓ ၁/၉၆ စာ. ၂

ထိုးထွင်းဉာဏ်ဖြင့် ဟောပြောခြင်း

၁ ထိုးထွင်းသိမြင်တတ်သောသဘောရှိရန် ကျွန်ုပ်တို့၏တရားကိုနာသည့်သူများအကြောင်း သိနားလည်ထားဖို့လိုသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ လူတို့၏နှလုံးကိုထိမိနိုင်ရန် နိုင်ငံတော်သတင်းကောင်းကို သူတို့နှစ်သက်မည့်ပုံစံဖြင့်ဟောပြောရန်လိုသည်။ ဇန်နဝါရီလအတွင်း အသင်းတော်တွင်ရှိကောင်းရှိဦးမည့် ကျမ်းစာလေ့လာရာစာအုပ်အမျိုးမျိုးကို ဝေငှကြမည်။ သို့မဟုတ်လျှင်လည်း အင်္ဂလိပ်၊ တရုတ် သို့မဟုတ် အိန္ဒိယဘာသာစကားများဖြင့် အောက်ပါစာအုပ်များရှိမည်ဆိုလျှင် အောက်ပါအကြံပြုချက်များကို အသုံးပြုနိုင်ပေမည်။

၂ “စစ်မှန်သောငြိမ်းချမ်းရေးနှင့်လုံခြုံရေး—ယင်းကို သင်ရနိုင်မည်လော” စာအုပ်ကိုဝေငှလိုမည်ဆိုလျှင် စာမျက်နှာ ၄ ပါရုပ်ပုံကိုပြပြီး ဤသို့ပြောဆိုနိုင်သည်–

▪ “ကမ္ဘာမြေကြီးနဲ့ပတ်သက်ပြီး ဘုရားသခင်ရဲ့ရည်ရွယ်ချက်ကို ကျမ်းစာဘယ်လိုသင်ပေးတယ်ဆိုတာကို ပန်းချီဆရာက ဒီလိုပုံဖော်ထားတယ်။ ပရဒိသုကမ္ဘာပေါ် ခင်ဗျားနဲ့ ခင်ဗျားမိသားစုနေနိုင်ဖို့ ဘာလိုမယ်ထင်သလဲ။ [ဖြေဆိုပါစေ။] မကြာမီ စစ်မှန်သောငြိမ်းချမ်းရေးနဲ့ လုံခြုံမှု ကမ္ဘာတစ်ဝန်းမှာရှိပြီး ပရဒိသုပြန်လည်တည်ထောင်လာတော့မယ်လို့ ကျမ်းစာကဖော်ပြတယ်။ [ဆာလံ ၃၇:၁၀၊ ၁၁ ဖတ်။] ဘုရားသခင်ပြုလုပ်ပေးမယ့်အရာတွေကနေ ခင်ဗျားအကျိုးခံစားရဖို့ ဘာလုပ်ရမယ်ဆိုတာကို ဒီစာအုပ်ကဖော်ပြပေးနိုင်တယ်။ ဒီစာအုပ်ကို ယူထားစေချင်တယ်။” လက်ခံယူလိုသူဖြစ်ပါက စာအုပ်ကို ကျပ် ၄၀ ဖြင့်ဝေငှပါ။

၃ “သင့်မိသားစုဘဝကိုရွှင်လန်းစေခြင်း” စာအုပ်ကို အသုံးပြုမည်ဆိုလျှင် ဤသို့ပြောဆိုနိုင်မည်–

▪ “အခုခေတ်မိသားစုတွေဟာ အရင်လူမျိုးဆက်တွေ မကြုံခဲ့ဖူးတဲ့ အခက်အခဲတွေကို ကြုံနေရတယ်လို့ပြောမယ်ဆိုရင် သဘောတူမလား။ [ဖြေဆိုပါစေ။] ဘာကြောင့် ဒီလိုဖြစ်ရတယ်လို့ထင်သလဲ။ [အဖြေကိုအသိအမှတ်ပြုပါ။ ၂ တိမောသေ ၃:၁-၃ ကိုဖွင့်ဖတ်။] ‘မိဘစကားကိုနားမထောင်သောသူ’ ‘ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ’ ဆိုတဲ့စကားတွေက ကျွန်တော်တို့ခေတ်မှာရှိတဲ့လူ အတော်များများကို အတိအကျဖော်ပြနေတယ်။ ဒါပေမဲ့ ဒီပြဿနာတွေကို ကြိုတင်ဟောတဲ့ဘုရားသခင်က စည်းလုံးတဲ့မိသားစုဖြစ်ရအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို လမ်းညွှန်ထားတယ်။” စာမျက်နှာ ၂ ပါ “ထုတ်ဝေသူများ” အပိုဒ်ကိုဖတ်ပါ။ ထို့နောက် ကျပ် ၄၀ ဖြင့် ဝေငှပါ။

၄ “စစ်မှန်သောငြိမ်းချမ်းရေးနှင့်လုံခြုံရေး—ယင်းကို သင်ရနိုင်မည်လော” စာအုပ်ကိုဝေငှသည့်အခါ သင်အသုံးပြုနိုင်သည့်အခြားနည်းတစ်နည်းမှာ ဤမေးခွန်းနှင့်စတင်မည်–

▪ “တကယ်တော့ ဘုရားသခင်ဟာလူသားတွေကို စိတ်မဝင်စားပါဘူး၊ လူ့ပြဿနာတွေကို ဖြေရှင်းပေးမှာမဟုတ်ဘူးလို့ ယနေ့ လူအများထင်ကြတယ်။ အဲ့ဒီလိုပဲ ခင်ဗျားယူဆသလား။ [ဖြေပါစေ။] လူသားနဲ့ ဒီကမ္ဘာမြေကြီးအတွက် ဘုရားသခင် ဘာရည်ရွယ်ချက်ရှိတယ်ဆိုတဲ့အကြောင်းကို ကျမ်းစာလေ့လာဖို့ ဒီအထောက်အကူပြုတဲ့စာအုပ်ထဲက ဖတ်ပြပါရစေ။ [အပိုဒ် ၁ နှင့် စာမျက်နှာ ၄၃ အပိုဒ် ၂ ၏ပထမဝါကျကိုဖတ်။] ကမ္ဘာပေါ်မှာရှိနေတဲ့ပြဿနာများကို ဘုရားသခင်သည်းခံနေရတဲ့အကြောင်းကောင်းတစ်ခု တကယ်ရှိတယ်။ အဲ့ဒါကိုသိချင်ရင် “စစ်မှန်သောငြိမ်းချမ်းရေးနှင့်လုံခြုံရေး—ယင်းကို သင်ရနိုင်မည်လော” ဆိုတဲ့ဒီစာအုပ်ကိုဖတ်ကြည့်ပါ။ ကျပ် ၄၀ ဖြင့်ဝေငှပါ။

၅ “‘ငြိမ်းချမ်းရေးမင်းသား’ လက်အောက် ကမ္ဘာ့လုံခြုံမှု” စာအုပ်ကိုအသုံးပြုကာ အကျဉ်းချုပ်ပြောဆိုလိုလျှင် စာအုပ်ကို စာမျက်နှာ ၄ သို့ ဖွင့်ပြီး ဤသို့မေးနိုင်သည်–

▪ “ကမ္ဘာဂြိုဟ်ဘာဖြစ်သွားမလဲ။ ဒီအကြောင်းကို လူတွေသိချင်ကြတယ်။ တစ်နေ့နေ့ ပရဒိသုဖြစ်သွားမယ်လို့ထင်သလား။” အိမ်ရှင်၏အဖြေကိုအသိအမှတ်ပြုပြီး စာမျက်နှာ ၂ ရှိ နိဒါန်းကိုဖတ်ပါ။ ကျပ် ၄၀ ဖြင့်ဝေငှပါ။

၆ ကောင်းစွာထိုးထွင်းသိမြင်တတ်လျှင် ကျွန်ုပ်တို့တွေ့ဆုံသူများ၏ လိုအပ်ရာများနှင့် စိတ်ဝင်စားမှုများကို ခွဲခြားသိမြင်နိုင်မည်။ သုတ္တံ ၁၆:၂၃ ကဤသို့အာမခံသည်– “ပညာရှိသောသူ၏နှလုံးသည် သူ၏နှုတ်ကို သွန်သင်၍ သူ၏နှုတ်ခမ်းတို့၌ ပညာအတတ်ကို ထပ်လောင်းတတ်၏။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ