ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၉၆ စာ. ၂-၈
  • အချို့ကိုကယ်တင်ရန် ပြန်လည်ပတ်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အချို့ကိုကယ်တင်ရန် ပြန်လည်ပတ်ခြင်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်ထံတော်မှအသိပညာက မေးခွန်းများစွာကိုဖြေကြားပေး
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • အထူးကင်းမျှော်စင်မဂ္ဂဇင်းများကို ဆွေးနွေးခြင်းဖြင့် သင်အံမှုများ စတင်ခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • အခြားသူများတွင် ထာဝရအသက်မျှော်လင့်ချက်ကို သွင်းပေးပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • သမ္မာတရားကို ဆက်၍ပြောနေပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နဓ ၁/၉၆ စာ. ၂-၈

အချို့ကိုကယ်တင်ရန် ပြန်လည်ပတ်ခြင်း

၁ “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေခြင်းငှာ” ဘုရားသခင်အလိုရှိတော်မူ၏။ (၁ တိ. ၂:၄) ဤသူများကို ကူညီပေးရန် ကျွန်ုပ်တို့ဘာလုပ်နိုင်သနည်း။ သမ္မာတရားကိုသွန်သင်ပေးခြင်းငှာ ပြန်လည်ပတ်ခြင်းဖြင့် ဖြစ်သည်။ ဘာပြောမည်နည်း။ အောက်ပါအကြံပြုချက်များသည် အကူအညီဖြစ်ပေမည်။

၂ “စစ်မှန်သောငြိမ်းချမ်းရေးနှင့်လုံခြုံရေး—ယင်းကို သင်ရနိုင်မည်လော” စာအုပ်ကိုလက်ခံယူထားသူတစ်ဦးထံ ပြန်လည်ပတ်သွားသည့်အခါ စာမျက်နှာ ၄ ပါရုပ်ပုံကို ပြန်ပြပြီး အိမ်ရှင်အား ဤသို့မေးလိုပေမည်–

▪ “ကျွန်တော်ထားခဲ့တဲ့စာအုပ်ကို လေ့လာကြည့်ပြီးတဲ့နောက် ဘုရားသခင်ကတိထားတဲ့ ပရဒိသုကမ္ဘာအကြောင်း စဉ်းစားကြည့်တဲ့အခါ လူသားအပေါင်းကို ဘုရားသခင်ပေးထားတဲ့ ဒီအံ့ဖွယ်ကတိအကြောင်းတွေကို ဘယ်လိုယူမှတ်သလဲ။” အိမ်ရှင်၏အဖြေကိုအသိအမှတ်ပြု၍ အတိုချုပ်ပြောပြပြီးနောက် အခန်း ၂ နှင့် ၃ ကိုအာရုံစိုက်စေပြီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးရရှိရန် ဘာသာရေးပါအပါအဝင် လူတို့၏ကြိုးစားမှုသည် အဘယ်ကြောင့် မအောင်မြင်ရကြောင်းကို သုံးသပ်ကြည့်ရန် အကြံပြုနိုင်သည်။

၃ ဆိုးသွမ်းမိုက်မဲမှုကို ဘုရားသခင်အဘယ်ကြောင့်သည်းခံနေရကြောင်းကို စဉ်းစားကြည့်ရန် အိမ်ရှင်အားမှာကြားခဲ့မည်ဆိုလျှင် ပြန်ရောက်သည့်အခါ ဤသို့ဆက်ဆွေးနွေးလိုပေမည်–

▪ “စတွေ့တုန်းက ကျွန်တော်တို့ စကားပြောလို့သိပ်ကောင်းတယ်။ ယနေ့ ကမ္ဘာပေါ်မှာ မငြိမ်မသက်မှုနဲ့ အကြမ်းဖက်မှုတွေကို ဘုရားသခင်ဘာကြောင့်သည်းခံနေရတယ်ဆိုတာကို ခင်ဗျားဘယ်လိုယူဆကြောင်း သိချင်လို့ ပြန်လာတာပါ။ [ဖြေဆိုပါစေ။ စစ်မှန်သောငြိမ်းချမ်းရေး စာအုပ်၏ စာမျက်နှာ ၅၄ အပိုဒ် ၂၅ နှင့်အတူ ၂ ပေတရု ၃:၈၊ ၉ ပါကိုးကားချက်ကိုပါဖတ်ပါ။] နောက်အခန်းက ‘ဘုရားသခင် အဘယ်အမှုကိုပြုနေတော်မူသနည်း’ လို့မေးထားတာကိုသတိပြုပါ။ ကျွန်တော် နောက်တစ်ခါပြန်လာတဲ့အခါ အဲ့ဒီမေးခွန်းရဲ့အဖြေကို ဆွေးနွေးကြရအောင်။”

၄ “သင့်မိသားစုဘဝကိုရွှင်လန်းစေခြင်း” စာအုပ်ကို ဝေငှခဲ့သောအိမ်ထံ ပြန်သွားသည့်အခါ ဤသို့ပြောနိုင်ပေမည်–

▪ “ကျွန်တော်ပထမအကြိမ်ရောက်လာတုန်းက ခင်ဗျားမိသားစုအတွက် အတော်စိုးရိမ်တာကို ကျွန်တော်သတိထားမိတယ်။ ဆိုးသွမ်းတဲ့ခေတ်ကြီးရဲ့ နောက်ဆုံးအချိန်မှာ ကျွန်တော်တို့အသက်ရှင်နေကြတာကြောင့် မိသားစုတွေဟာ အနာဂတ်အတွက် အမြဲအသင့်ရှိနေဖို့ အရေးကြီးတယ်။ အဲ့ဒါကြောင့် အရင်တစ်ခေါက် ခင်ဗျားယူထားတဲ့ သင့်မိသားစုဘဝကိုရွှင်လန်းစေခြင်းစာအုပ်က အိမ်မှာ မှန်မှန်ကျမ်းစာဆွေးနွေးဖို့ အလေးအနက်အားပေးထားတယ်။ [စာမျက်နှာ ၁၈၅-၆ ရှိ အပိုဒ် ၁၀ ကိုဖတ်။] ဖြစ်နိုင်မယ်ဆိုရင် နိုင်ငံ ၂၀၀ ကျော်မှာ မိသားစုလိုက် အိမ်မှာဘယ်လိုကျမ်းစာလေ့လာနေကြတယ်ဆိုတာကို အချိန်အနည်းငယ်ယူပြီး ပြချင်တယ်။” အချိန်ပေးလျှင် သင်အံမှုကိုပြသရန် စာမျက်နှာ ၇၁ ရှိခေါင်းစဉ်ငယ်အောက်အကြောင်းကို အသုံးပြုပါ။

၅ “ကမ္ဘာ့လုံခြုံမှု” စာအုပ်ကိုယူထားသူများထံ ပြန်လည်ပတ်သွားသည့်အခါ ဤသို့ပြောဆိုနိုင်မည်–

▪ “ဒီကမ္ဘာအတွက် ဘုရားသခင်ရဲ့ရည်ရွယ်ချက်ကို ခင်ဗျားပိုသိရအောင် ပြောပြချင်လို့ပြန်လာတာပါ။” စာမျက်နှာ ၁၇၂-၃ ရှိရုပ်ပုံကိုဖွင့်ပြပြီး ဗျာဒိတ် ၂၁:၃၊ ၄ ကိုဖတ်။ ယင်းကတိတော်ကို ဘုရားသခင်၏နိုင်ငံတော်သည် မည်သို့ပြည့်စုံစေမည်အကြောင်း အကျဉ်းချုပ်ရှင်းပြပါ။ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုကို ကမ်းလှမ်းပါ။

၆ ပြန်လည်ပတ်မှုများပြုလုပ်ရခြင်း၏ ပန်းတိုင်မှာ ကျမ်းစာသင်အံမှုများစတင်ခြင်းဖြစ်ကြောင်း သတိရပါ။ ထာဝရအသက်ရစေသော အသိပညာစာအုပ်အသစ်သည် သင်အံမှုများကျင်းပရန်အတွက် အထူးရည်ရွယ်ထားသည်။ ထုတ်ဝေထားသည်မှာ ကြာပြီဖြစ်သောစာအုပ်များကိုဝေငှခဲ့သောအိမ်များထံသို့ ပြန်လည်ပတ်သွားပြီး သင်အံမှုစနိုင်လျှင် ဤစာအုပ်အသစ်ကိုတင်ပြလျှင် ကောင်းပေမည်။ ကျွန်ုပ်တို့နှင့်ကျမ်းစာလေ့လာသူများသည် ကယ်တင်ခြင်းရဖို့အတွက် ယေဟောဝါကိုပတ္ထနာပြုတတ်လာသည့်အခါ ပျော်ရွှင်မှုများစွာရရှိပါလိမ့်မည်။—တ. ၂:၂၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ