သီအိုကရက်တစ်သတင်း
အယ်လ်ဘေးနီးယား– ဩဂုတ်လတွင် မှတ်တမ်းသွင်းခဲ့သော ကြေညာသူ ၆၀၀ သည် ၂၈ ကြိမ်မြောက် ဆက်တိုက်ရသော အများဆုံးနှုန်းသစ်ဖြစ်သည်။
အင်ဂိုလာ– လုပ်ငန်းတော်နှစ်ကုန်ဆုံးချိန်တွင် အများဆုံးကြေညာသူနှုန်းသစ် ၂၆,၁၂၉ ယောက်ရှိနေသည်။ မှန်မှန်ရှေ့ဆောင်အရေအတွက်တွင်လည်း နှုန်းသစ်ဖြစ်သည့် ၁,၃၀၉ ယောက်ရှိခဲ့သည်။ ဩဂုတ်လတွင် ကြေညာသူများသည် ပျမ်းမျှအားဖြင့် ၁၅ နာရီနှင့် ကျမ်းစာသင်အံမှု နှစ်ခုရရှိခဲ့ကြသည်။
ဗြိတိန်– ဩဂုတ်လတွင် ကြေညာသူနှုန်းသစ်ဖြစ်သည့် ၁၃၂,၄၄၀ မှတ်တမ်းသွင်းခဲ့သဖြင့် ဝမ်းသာအားရကြရပါသည်။ ယင်းသည် လွန်ခဲ့သော လုပ်ငန်းတော်နှစ်ထက် ၂ ရာခိုင်နှုန်းတိုးတက်မှုဖြစ်သည်။
ချီလီ– ဩဂုတ်လအတွင်း ကြေညာသူစုစုပေါင်း ၅၀,၂၈၃ ယောက်ဖြင့် နှုန်းသစ်တစ်ခုရခဲ့ပါသည်! ၅၀,၀၀၀ အမှတ်ကို ပထမဦးဆုံးအကြိမ် ကျော်လွန်ခဲ့ခြင်းဖြစ်သည်။ ကြေညာသူများသည် လယ်ကွင်းလုပ်ငန်းတွင် ပျမ်းမျှ ၁၂ နာရီသွင်းခဲ့ကြ၏။ အိမ်တွင်းကျမ်းစာသင်အံမှု စုစုပေါင်း ၆၃,၇၃၂ ခုကျင်းပခဲ့သည်။