ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၆/၉၆ စာ. ၁
  • သူတို့၏ယုံကြည်ခြင်းကိုတုပပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူတို့၏ယုံကြည်ခြင်းကိုတုပပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါရဲ့ ​ကတိတွေကို ယုံကြည်ကြောင်း တင်ပြပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • “ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ယုံကြည်ခြင်း—ခွန်အားရှိစေတဲ့ အရည်အသွေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • သမ္မာတရားတွင်အခြေခံသော ယုံကြည်ခြင်းကို ကျင့်သုံးလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နဓ ၆/၉၆ စာ. ၁

သူတို့၏ယုံကြည်ခြင်းကိုတုပပါ

၁ တမန်တော်ပေါလုက ယုံကြည်ခြင်းကို “မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်ပြီး မမြင်သေးသောအရာတို့ကို သိမှတ်စွဲလမ်းခြင်းဖြစ်” သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။ ထပ်မံ၍ “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်ကြောင်း” ဖွင့်ဆိုသည်။ (ဟေဗြဲ ၁၁:၁၊ ၆) ပေါလုက ကျွန်ုပ်တို့အားယုံကြည်ခြင်းကျင့်သုံးရန်၊ ယင်းနှင့်အလျှံပယ်ရန်၊ ယင်းကို အမီလိုက်ရန် တိုက်တွန်းထားခဲ့သည်။—၂ ကော. ၄:၁၃; ကော. ၂:၇; ၂ တိ. ၂:၂၂။

၂ ယုံကြည်ခြင်းတင်ပြရာတွင် အထူးကောင်းမွန်သည့်ပုံသက်သေများစွာကို ကျမ်းစာတွင်တင်ပြထားပါသည်။ ဟေဗြဲအခန်းကြီး ၁၁ တွင် ခိုင်ခံ့သောယုံကြည်ခြင်းကိုတင်ပြခဲ့သည့် သက်သေများစွာ၏စာရင်းကို တမန်တော်ပေါလုဖော်ပြခဲ့သည်။ ၎င်းတို့တွင် မိမိ၏ယုံကြည်ခြင်းအတွက် ပထမဦးဆုံးအသေခံခဲ့ရသူ အာဗေလပါဝင်သည်။ နောဧသည် မိမိအိမ်ထောင်ကိုကယ်တင်ရန် လိုအပ်သော ဘုရားရေးရာကြောက်ရွံ့ ခြင်းကို တင်ပြသည့်ယုံကြည်ခြင်းကြောင့် စာရင်းတွင်ဖော်ပြ ခံခဲ့ရသည်။ အာဗြဟံကို သူ၏ယုံကြည်ခြင်းနှင့်နာခံမှုအတွက်ချီးကျူးခဲ့သည်။ မောရှေသည် မျက်မြင်မရသောဘုရားသခင်ကိုမြင်ရဘိသကဲ့သို့ အစဉ်မြဲမြံစွာတင်ပြခဲ့သည့်ယုံကြည်ခြင်းကြောင့် ချီးမွမ်းခံခဲ့ရသည်။ ပုံသက်သေများ၏စာရင်းသည် အလွန်ရှည်လျားသောကြောင့် အားလုံး၏အကြောင်းကို ပြန်ပြောနေပါကအချိန်လောက်မည်မဟုတ်ဟုပေါလုပြောခဲ့ပါသည်။ ကျွန်ုပ်တို့သည် သူတို့၏ “သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း” တို့ကိုပြန်လည်သုံးသပ်ခြင်းအားဖြင့် မိမိတို့၏ယုံကြည်ခြင်းကိုခိုင်ခံ့စေနိုင်ခြင်းသည် ကျေးဇူးတင်ဖွယ်ရာပါတကား!—၂ ပေ. ၃:၁၁။

၃ မျက်မှောက်ခေတ်ယုံကြည်ခြင်းပုံသက်သေများ– ပထမရာစုအချိန်က ယေရှုမေးခွန်း ထုတ်ခဲ့သည်– “လူသားရောက်ရှိလာသောအခါ ယုံကြည်ခြင်းကိုမြေကြီးပေါ်၌တွေ့မည်လော။” (လု. ၁၈:၈) မှန်ပါသည်၊ သို့ဖြစ်လျှင် ယနေ့ကျွန်ုပ်တို့အလယ်တွင် ရှင်သန်သော ယုံကြည်ခြင်းပုံသက်သေများ ရှိပါသလော။ ကျမ်းစာခေတ်ဘုရားသခင့်လူမျိုးတော်ကဲ့သို့ ယေဟောဝါ၌ခိုင်မြဲသောယုံကြည်ခြင်းကိုတင်ပြသော လူငယ်နှင့်လူကြီး၊ ယောက်ျားနှင့်မိန်းမတို့ကို ကျွန်ုပ်တို့တွေ့ရပါသလော။

၄ အထူးကောင်းမွန်သည့်ယုံကြည်ခြင်းပုံသက်သေများကို ကျွန်ုပ်တို့ဘေးပတ်ပတ်လည်တွင် တွေ့နေရပါသည်တကား! ကျွန်ုပ်တို့ထဲတွင် ဦးဆောင်နေသည့်ကြီးကြပ်မှူးများ၏ ယုံကြည်ခြင်းသည် တုပထိုက်ပေသည်။ (ဟေဗြဲ ၁၃:၇) သို့သော် ဤသူများသာ ယုံကြည်ခြင်းအတွက် တစ်ခုတည်းသော စံနမူနာမဟုတ်ပေ။ မကြာခဏပင် အလွန်ခက်ခဲသော အခြေအနေများအောက်တွင် ယေဟောဝါ၏အမှုတော်ကို သစ္စာရှိရှိ ကြာမြင့်စွာအမှုဆောင်နေသူများ အသင်းတော်တိုင်းတွင် ရှိလေသည်။

၅ လင်ယောက်ျားများ၏အတိုက်အခံပြုခြင်းကို နှစ်ပေါင်းများစွာတွန်းလှန်ပြီး ခံနိုင်ရည်ရှိခဲ့သည့် ယုံကြည်သူညီအစ်မများကိုလည်း ကျွန်ုပ်တို့လေးစားရမည်။ ကြင်ဖော်မဲ့မိဘများသည် သားသမီးများကိုကျွေးမွေးစောင့်ရှောက်ရာတွင် စိန်ခေါ်ချက်ကိုရင်ဆိုင်ရသည်။ မိသားစုဝင်များမှ အားပေးမည့်သူများမရှိသော်လည်း အသင်းတော်လှုပ်ရှားမှုများတွင် မည်သည့်အခါမျှမပျက်ကွက်ခဲ့သည့် ကျွန်ုပ်တို့အလယ်ရှိ သက်ကြီးမုဆိုးမများလည်းရှိသည်။ (လုကာ ၂:၃၇ နှိုင်းယှဉ်။) နာတာရှည်ကျန်းမာရေးအခက်အခဲများကို ခံနိုင်ရည်ရှိသူများ၏ ယုံကြည်ခြင်းကို ကျွန်ုပ်တို့အံ့သြချီးမွမ်းကြသည်။ များစွာသောသူတို့သည် လုပ်ငန်းတော်အထူးအခွင့်အရေးများကိုထမ်းဆောင်ရန် အတားအဆီးဖြစ်စေသည့်ကန့်သတ်ချက်များရှိသော်လည်း သစ္စာရှိစွာ ဆက်၍အမှုဆောင်နေကြသည်။ ကျောင်းတွင်အတိုက်အခံများရင်ဆိုင်ရသော်လည်း သတ္တိရှိရှိယုံကြည်ခြင်းတင်ပြခဲ့သည့် သက်သေခံလူငယ်များလည်းရှိပါသည်။ မပြောပြနိုင်လောက်သည့်ပြဿနာများကို ရင်ဆိုင်ရသည့်အခါတွင် ခံရပ်တည်ကြည်ခဲ့ကြသော သစ္စာရှိရှေ့ဆောင်များကိုသတိပြုသည့်အခါ ကျွန်ုပ်တို့၏ဘုရားရေးရာဆက်ကပ်အပ်နှံခြင်းသည် ပို၍ရှင်သန်တိုးပွားလာမည်။ ပေါလုပြောသကဲ့သို့ပင် ကျွန်ုပ်တို့သည် ဤညီအစ်ကိုညီအစ်မများ၏ နိုင်ငံတော်လုပ်ငန်းအတွေ့အကြုံများနှင့် သစ္စာရှိစွာအမှုဆောင်ပုံအားလုံးကို ပြောပြနေပါက အချိန်လောက်မည်မဟုတ်ပါတကား!

၆ ဤသစ္စာရှိသူများ၏ပုံသက်သေများသည် ကျွန်ုပ်တို့ကို နှစ်သိမ့်မှုနှင့် အားပေးမှုကိုရရှိစေပါသည်။ (၁ သက်. ၃:၇၊ ၈) “သစ္စာတရားကိုစောင့်ရှောက်သောသူတို့မူ ကား၊ [ယေဟောဝါ] နှစ်သက်တော်မူဖွယ်” ဖြစ်သောကြောင့် သူတို့၏ယုံကြည်ခြင်းကို တုပပါလေ။—သု. ၁၂:၂၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ