ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၃/၉၇ စာ. ၁-၆
  • ‘အသင်ကိုယ်တိုင် ကျေးဇူးတင်ကြောင်းပြပါ’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘အသင်ကိုယ်တိုင် ကျေးဇူးတင်ကြောင်းပြပါ’
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • “အရာရာအတွက် ကျေးဇူးတော်ကို ချီးမွမ်းကြပါ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • “ကျေးဇူးတော်ကိုသိသောစိတ် ရှိကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ကျေးဇူးတင်ချီးမွမ်းတဲ့ ဆုတောင်းစကား
    ယေဟောဝါကို ‘ရွှင်လန်းစွာ တေးသီကျူးကြ’
  • “ကျေးဇူးတော်ကိုသိသောစိတ်ရှိကြလော့”
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
နဓ ၃/၉၇ စာ. ၁-၆

‘အသင်ကိုယ်တိုင် ကျေးဇူးတင်ကြောင်းပြပါ’

၁ ကျွန်ုပ်တို့ထဲမှအများစုသည် တစ်စုံတစ်ယောက်က လောကဝတ်ပျူငှာမှု သို့မဟုတ် ကြင်နာမှုပြသောအခါ “ကျေးဇူးပြု၍”၊ “ကျေးဇူးတင်ပါတယ်” ဟူ၍ပြောဆိုရန် ကလေးဘဝအရွယ်မှစ၍ လေ့ကျင့်သင်ကြားခံရသည်။ ပေါလုက ကျွန်ုပ်တို့အား အစဉ် ‘ကျွန်ုပ်တို့ကိုယ်တိုင် ကျေးဇူးတင်ကြောင်းပြ’ ရန်နှင့် အထူးသဖြင့် ယေဟောဝါအား ကျေးဇူးတင်သင့်ကြောင်း ဩဝါဒပေးသည်။ (ကော. ၃:၁၅၊ ၁၆) သို့သော် ကျွန်ုပ်တို့သည် ကြီးမြတ်တော်မူသောဖန်ဆင်းရှင်ကို ကျေးဇူးတင်ကြောင်း မည်သို့ပြသနိုင်သနည်း။ ကိုယ်တော်အား ကျွန်ုပ်တို့ ကျေးဇူးတင်ရသည့် ထူးခြားသောအကြောင်းများကား အဘယ်နည်း။

၂ တမန်တော်ပေါလုက “ငါတို့သခင်ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကိုပေးတော်မူသော ဘုရားသခင်၏ကျေးဇူးတော်သည် ကြီးလှစွတကား!” ဟုရေးသားခဲ့သည်။ (၁ ကော. ၁၅:၅၇) နှစ်စဉ် သတိရအောက်မေ့ပွဲအချိန်အခါတွင် ကျွန်ုပ်တို့အား ထာဝရအသက်မျှော်လင့်ချက်ရရှိစေရန် ရွေးနုတ်ဖိုးကိုစီမံပေးသော ဘုရားသခင်နှင့်ခရစ်တော်တို့၏ အတိုင်းအဆမရှိမေတ္တာတော်ကို သတိရရန် ကျွန်ုပ်တို့နှိုးဆော်ခံရသည်။ (ယော. ၃:၃၆) ကျွန်ုပ်တို့အားလုံးနီးပါးသည် ချစ်မြတ်နိုးရသူများကို သေခြင်း၌ဆုံးရှုံးခဲ့ကြရသောကြောင့် ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းကတိတော်အတွက် မည်မျှကျေးဇူးတင်လိုက်ကြမည်ဖြစ်ခြင်း! ဘယ်တော့မျှမသေဘဲ ဤအစီအစဉ်စနစ်၏နိဂုံးတွင် ကပ်ကျော်လွတ်မြောက်ရန် မျှော်လင့်ချက်ကို စေ့စေ့စဉ်းစားဆင်ခြင်ကြည့်သောအခါ ကျွန်ုပ်တို့၏နှလုံးသည် ကျေးဇူးတင်စိတ်ဖြင့်ပြည့်လျှံနေပေမည်။ (ယော. ၁၁:၂၅၊ ၂၆) ရောက်လာမည့်မြေကြီးပရဒိသုတွင် ယေဟောဝါလက်တော်၌ ခံစားရမည့်အံ့ချီးဖွယ်ကောင်းချီးအလုံးစုံအတွက် ကျေးဇူးတင်ကြောင်းဖွင့်ဟရန် စကားလုံးများရှာတွေ့ဖို့ခက်သည်။ (ဗျာ. ၂၁:၄) ဘုရားသခင်အား ‘ကိုယ်တိုင်ကျေးဇူးတင်ကြောင်းပြ’ ရန် တစ်စုံတစ်ဦး၌ရှိနိုင်သည့် သာ၍ကောင်းသောအကြောင်းများကား အဘယ်နည်း။

၃ ဘုရားသခင်အား ကျေးဇူးတင်ကြောင်း တင်ပြနည်း– ယေဟောဝါ၏ကောင်းမြတ်ခြင်းအတွက် ကျွန်ုပ်တို့ကျေးဇူးတင်ကြောင်းကို ကိုယ်တော်ထံဆုတောင်းခြင်းဖြင့် တင်ပြခြင်းသည် အစဉ်တင့်တယ်လျောက်ပတ်ပေသည်။ (ဆာ. ၁၃၆:၁-၃) အခြားအပြုသဘောပါသောနည်းများဖြင့်လည်း ကိုယ်တော်အား ကျေးဇူးတင်ကြောင်းထင်ရှားပြသရန် ကျွန်ုပ်တို့လှုံ့ဆော်ခံရကြသည်။ ဥပမာ၊ ကျွန်ုပ်တို့သည် မတ်လ ၂၃ ရက်၊ တနင်္ဂနွေနေ့တွင်ကျရောက်မည့် ခရစ်တော်၏သေခြင်းဆိုင်ရာသတိရအောက်မေ့ပွဲကို အသေအချာတက်ရောက်ကြမည်။ ကျွန်ုပ်တို့သည် ဒေသခံအသင်းတော်နှင့် ကမ္ဘာချီလုပ်ငန်းအတွက် ရုပ်ပိုင်းလိုအပ်ရာများကို ဖြည့်ဆည်းပေးဖို့ရန် ဝမ်းမြောက်ဝမ်းသာစွာနှင့် ‘ကျွန်ုပ်တို့၏အဖိုးတန်ပစ္စည်းများဖြင့် ယေဟောဝါအားဂုဏ်တင်’ ကြသည်။ (သု. ၃:၉) ကျွန်ုပ်တို့သည် အကြီးအကဲများအား အပြည့်အဝထောက်ခံကာ သူတို့နှင့်အတူပူးပေါင်းလုပ်ဆောင်ကြသည်။ ဤနည်းအားဖြင့် သူတို့မှတစ်ဆင့် ကိုယ်တော်စီမံပေးသည့်အကူအညီအတွက် ယေဟောဝါကိုကျေးဇူးတင်ကြောင်း တင်ပြနေကြသည်။ (၁ သက်. ၅:၁၂၊ ၁၃) ကျွန်ုပ်တို့သည် နေ့စဉ်နှင့်အမျှ ဘုရားသခင့်နာမတော်ကိုသိဒ္ဓိတင်သည့် ဖြောင့်မတ်သောအကျင့်အကြံကို ထိန်းသိမ်းထားရန် ကြိုးစားအားထုတ်ကြသည်။ (၁ ပေ. ၂:၁၂) ကျေးဇူးတင်ကြောင်းကျွန်ုပ်တို့တင်ပြသည့် ဤသာဓကအလုံးစုံကြောင့် ယေဟောဝါနှစ်ထောင်းအားရဖြစ်တော်မူသည်။—၁ သက်. ၅:၁၈။

၄ ကျွန်ုပ်တို့ ကျေးဇူးတင်ကြောင်း အကောင်းဆုံးတင်ပြနည်း– နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းတွင် စိုးလ်အကြွင်းမဲ့ပါဝင်ခြင်း၊ ယေဟောဝါနာမတော်ကိုသိဒ္ဓိတင်ခြင်း၊ ဆုတောင်းခြင်းဖြင့်ကျေးဇူးတင်ကြောင်းတင်ပြခြင်းနှင့် သမ္မာတရားကို သစ္စာရှိရှိကာကွယ်ခြင်းတို့သည် ကျွန်ုပ်တို့အကျိုးအတွက် ကိုယ်တော်ပြုလုပ်ပေးရာအလုံးစုံအတွက် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ကြောင်းတင်ပြနိုင်သည့် အကောင်းဆုံးနည်းများတွင် ပါဝင်သည်။ ယေဟောဝါသည် ‘လူအပေါင်းတို့သည် ကယ်တင်ခြင်းခံရ’ ရန်ဟူသော မိမိ၏အလိုတော်ကိုထောက်ခံခြင်းဖြင့် မြင့်မြတ်သောလုပ်ငန်းတော်တွင် ကျွန်ုပ်တို့လုပ်ဆောင်နေသည်ကို တွေ့ မြင်ရသောအခါ အလွန်ပင်နှစ်ထောင်းအားရရှိတော်မူသည်။ (၁ တိ. ၂:၃၊ ၄) ထိုကြောင့် စီစဉ်နိုင်သောကြေညာသူမြောက်မြားစွာတို့သည် မတ်၊ ဧပြီနှင့် မေလတို့အနက်မှ တစ်လ သို့မဟုတ် ထို့ထက်ပို၍ အရန်ရှေ့ဆောင်များအဖြစ်စာရင်းသွင်းရန် ဖေဖော်ဝါရီလ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုတွင်တွေ့ရသည့် ဖိတ်ခေါ်ချက်ကို တုံ့ ပြန်နေကြသည်။ ဓမ္မအမှုတွင် အစွမ်းကုန်ကြိုးစားအားထုတ်လုပ်ဆောင်ခြင်းသည် ဘုရားသခင်အား ‘ကျွန်ုပ်တို့ကိုယ်တိုင် ကျေးဇူးတင်ကြောင်းတင်ပြ’ ရန်အကောင်းဆုံးနည်းဖြစ်သည်။ သင်သည် ဧပြီနှင့်မေလတို့တွင် ရှေ့ဆောင်စာရင်းများ၌ ပါဝင်နိုင်မည်လော။

၅ ကျွန်ုပ်တို့သည် ထာဝရအသက်ရှင်ရန် သေချာသောမျှော်လင့်ချက်ကို ရရှိထားကြသည်။ ၎င်းအတိုင်းပြည့်စုံလာသည်ကို တွေ့ မြင်ရသောအခါ ယေဟောဝါအား နေ့စဉ် ဆက်၍ ရွှင်လန်းစွာဖြင့်ကျေးဇူးတင်ရန် ကျွန်ုပ်တို့၌ နောက်ထပ်အကြောင်းများ အလျှံပယ်ရှိပေမည်။—ဆာ. ၇၉:၁၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ