သတိရအောက်မေ့ပွဲ သတိပေးချက်များ
သတိရအောက်မေ့ရာအထိမ်းအမှတ်ပွဲသည် မတ်လ ၂၃ ရက်၊ တနင်္ဂနွေနေ့တွင်ကျရောက်မည်။ အကြီးအကဲများသည် အောက်ပါကိစ္စရပ်များကို အာရုံစိုက်သင့်သည်–
▪ အစည်းအဝေးအတွက် အချိန်သတ်မှတ်ရာတွင် မုန့်နှင့်စပျစ်ရည်ကို နေမဝင်မချင်း ကမ်းပေးမည်မဟုတ်ကြောင်း သေချာစေပါ။
▪ ဟောပြောချက်ပေးသူအပါအဝင် ယောက်တိုင်းကို အထိမ်းအမှတ်ပွဲ၏ အချိန်နှင့်နေရာအတိအကျကို အသိပေးထားသင့်သည်။
▪ မုန့်နှင့်စပျစ်ရည်အတွက် သင့်လျော်သောပုံစံကို ရရှိထားသင့်ပြီး အဆင်သင့်ဖြစ်သင့်သည်။—ဖေဖော်ဝါရီ ၁၅ ရက်၊ ၁၉၈၅ ခုနှစ် ကင်းမျှော်စင် [လိပ်] စာမျက်နှာ ၁၉ ရှု။
▪ ပန်းကန်၊ ဖန်ခွက်၊ သင့်လျော်သောစားပွဲနှင့် စားပွဲခင်းကို ခန်းမသို့ယူထားသင့်ပြီး ကြိုတင်နေရာချထားပါ။
▪ အစည်းအဝေးလုပ်မည့်နိုင်ငံတော်ခန်းမ သို့မဟုတ် အခြားနေရာကို အချိန်ကြို၍ သေသေချာချာ သန့်ရှင်းရေးလုပ်ထားသင့်သည်။
▪ ဧည့်ကြိုများနှင့် မုန့်၊ စပျစ်ရည်ဝေမည့်သူများကို ရွေးချယ်ထားသင့်ပြီး သင့်လျော်သည့်အစီအစဉ်နှင့် သူတို့၏တာဝန်များနှင့်စပ်လျဉ်း၍ ကြိုတင်ညွှန်ကြားထားသင့်သည်။
▪ အိုမင်းမစွမ်းဖြစ်၍ လာမတက်ရောက်နိုင်သော ဘိသိက်ခံတစ်ဦးဦးကို မုန့်၊ စပျစ်ရည်ဝေပေးရန် အစီအစဉ်များဆွဲသင့်သည်။