ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၂/၉၈ စာ. ၁
  • အကျိုးရနေသည်ဆိုလျှင် ယင်းကိုသုံးပါလေ!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အကျိုးရနေသည်ဆိုလျှင် ယင်းကိုသုံးပါလေ!
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • နမူနာတင်ဆက်နည်းများကိုအသုံးပြုပုံ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြပါ—ပြင်ဆင်ထားခြင်းဖြင့်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
  • သမ္မာတရားကိုသက်သေခံသော မဂ္ဂဇင်းများကို ဝေငှပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • အကျွန်ုပ် ဆက်၍ ပြောင်းလဲရန် လိုသလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နဓ ၂/၉၈ စာ. ၁

အကျိုးရနေသည်ဆိုလျှင် ယင်းကိုသုံးပါလေ!

၁ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုသည် ဓမ္မအမှုတွင် ကျွန်ုပ်တို့အသုံးပြုရန်အတွက် အကြံပြတင်ဆက်နည်းမျိုးစုံကို စဉ်ဆက်မပြတ်ပြင်ဆင်ပေးသည်။ ယင်းက နိုင်ငံတော်သတင်းတရားတွင် စိတ်ဝင်စားရန် မည်သို့ဖန်တီးရမည်နှင့်စပ်လျဉ်း၍ အကြံသစ်ဉာဏ်သစ်များပေးပါသည်။ သင်သည် ဤတင်ဆက်နည်းများမှ တစ်ခု သို့မဟုတ် ထိုထက်မကကို လစဉ် ကြိုးစားသင်ယူနိုင်ပေမည်။ သို့ရာတွင် ယင်းတို့အနက်တစ်ခုကို အကြိမ်အနည်းငယ်သာအသုံးပြုပြီးချိန်၌ နောက်လထုတ်ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုက တင်ဆက်နည်းအသစ်များကို ပြင်ဆင်ပေးပြန်ကြောင်း ကြေညာသူအချို့တွေ့ရှိကြပေမည်။ ယခင်တင်ဆက်နည်းကိုအကျွမ်းတဝင်မဖြစ်မီ တင်ဆက်နည်းအသစ်ကိုသင်ယူခြင်းသည် လူတိုင်းအတွက် ဖြစ်နိုင်မည်မဟုတ်သည်မှာရှင်းပါသည်။

၂ အမှန်မှာ လယ်ကွင်းလုပ်ငန်းတွင် အချိန်များစွာအသုံးပြုခဲ့သော ထောင်နှင့်ချီသည့်ရှေ့ဆောင်များနှင့် အခြားကြေညာသူများရှိပါသည်။ ထို့အပြင် ရပ်ကွက်တစ်ခုလုံးကို အပတ်အနည်းငယ်ဖြင့်ပြန်အမှုဆောင်သည့် အသင်းတော်များစွာလည်းရှိသည်။ ဤအခြေအနေများတွင် ကြေညာသူများသည် သတင်းတရားကိုတင်ဆက်ရန်အတွက် အသစ်သောချဉ်းကပ်နည်းများနှင့် အကြံဉာဏ်များကို ဝမ်းပန်းတသာလက်ခံကြသည်။ ဤသို့လက်ခံခြင်းက သူတို့၏စွမ်းရည်များကို တိုးတက်စေသည်။ ယင်းက သူတို့၏ဓမ္မအမှုကို ပိုစိတ်ဝင်စားစရာဖြစ်စေပြီး အကျိုးဖြစ်ထွန်းစေကာ ကြုံတွေ့ရသည့်စိန်ခေါ်ချက်များကို ရင်ဆိုင်နိုင်ရန်လည်း အကူအညီဖြစ်စေသည်။

၃ မည်သည့်အခြေအနေတွင်မဆို စိတ်ဝင်စားမှုကိုပြုစုပျိုးထောင်ပေးရာတွင် ထိရောက်သောတင်ဆက်နည်းတစ်ခုကို ပြင်ဆင်ထားပါက ယင်းကိုဆက်၍သုံးသာသုံးပါလေ! အကျိုးရနေသည့် ထိရောက်သောတင်ဆက်နည်းတစ်ခုကို အသုံးမပြုဘဲရပ်တန့်လိုက်ရန် မလိုပါ။ လက်ရှိလတွင် ဝေငှမည့်စာပေနှင့် လိုက်လျောညီထွေအောင် အပြောင်းအလဲလေးသာလုပ်လိုက်ပါ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုတွင် ပေးထားသည့်အကြံပြုချက်များကို သင်ပြန်သုံးသပ်စဉ် သင့်တင်ဆက်နည်းတွင် ထည့်သုံးလိုသည့် စိတ်ဝင်စားစရာအချက်များကို ရှာဖွေပါ။

၄ ထို့ကြောင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုစာစောင်အသစ်ကို ရရှိသောအခါ ၎င်းတွင်ပါဝင်သည့်တင်ဆက်နည်းများသည် အကြံပြုချက်များမျှသာဖြစ်ကြောင်း သတိရပါ။ ယင်းတို့ကို သင်အသုံးပြုနိုင်လျှင် ကောင်းပါသည်။ သို့သော် သင့်ရပ်ကွက်တွင် အကျိုးရရှိသည့်တင်ဆက်နည်းတစ်ခုကို သင် တွေ့ရှိထားပြီဆိုလျှင် ယင်းကို သုံးပါလေ! အရေးကြီးသည်မှာ ထိုက်တန်သူများကိုရှာဖွေပြီး တပည့်များဖြစ်လာဖို့ကူညီပေးရန် ကောင်းမွန်သောနည်းဖြင့် “သင့်ဓမ္မအမှုကို အပြည့်အဝကျေပွန်စေ” ရန်ဖြစ်သည်။—၂ တိ. ၄:၅၊ ကဘ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ