မွတ်သိပ်သူတိုင်းကို ဖိတ်ခေါ်ချက်ကမ်းလှမ်းပါ
၁ ပရောဖက်အာမုတ်ကြိုဟောခဲ့သကဲ့သို့ ယနေ့လူ့မိသားစုသည် “ရေငတ်ခြင်းဘေးလည်းမဟုတ်၊ ထာဝရဘုရား၏အမိန့်တော်ကို မကြားရသောမွတ်သိပ်ခြင်းဘေး” ကိုခံစားနေရသည်။ (အာ. ၈:၁၁) ဝိညာဉ်ရေးအရခြောက်သွေ့နေသော ဤအခြေအနေရှိလူတို့ကိုကူညီရန် ကျွန်ုပ်တို့သည် သူတို့အား နာခံမှုရှိသောလူသားများကို အပြစ်နှင့်သေခြင်းမှပြန်နာလန်ထူစေရန် ဘုရားသခင့်ပြင်ဆင်ချက်များအကြောင်း ပြောပြကြသည်၊ ယင်းကို “အသက်ရေစီးရာမြစ်” ဟူ၍ ဗျာဒိတ်ကျမ်း၏နောက်ဆုံးအခန်းကြီးတွင် ဖော်ပြထားသည်။ ဖြောင့်မတ်ခြင်းကိုဆာမွတ်သူတိုင်းအား “အဖိုးကိုမပေးဘဲ အသက်ရေကိုယူ” ရန်ဖိတ်ခေါ်ချက်ကမ်းလှမ်းရသည့်အခွင့်ထူးကို ကျွန်ုပ်တို့ရရှိထားကြသည်။ (ဗျာ. ၂၂:၁၊ ၁၇) ဤဖေဖော်ဝါရီလအတွင်း ယင်းကို ကျွန်ုပ်တို့ မည်သို့ ပြုလုပ်နိုင်မည်နည်း။ အမှန်တကယ်စိတ်ဝင်စားသူများအား ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! စာအုပ်ကိုဝေငှခြင်းဖြင့်ဖြစ်သည်။ (အင်္ဂလိပ်၊ တရုတ်၊ တယ်မီလ်လိုရရှိနိုင်သည်။) ဤတင်ဆက်နည်းများကို သင်စမ်းကြည့်လိုပေမည်–
၂ လူများစွာသည် ကျန်းမာရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ စိုးရိမ်မကင်းဖြစ်ကြသောကြောင့် ဤချဉ်းကပ်နည်းသည် ထိရောက်ကြောင်း သင်တွေ့ရှိပေမည်–
▪ “အဆင့်အတန်းရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစရိတ်မြင့်လာလို့ များစွာသောသူတို့ စိုးရိမ်မကင်းဖြစ်ကြပါတယ်။ ဒီအကြောင်းကို မိတ်ဆွေ အနည်းအကျဉ်းတော့ စဉ်းစားမိပါလိမ့်မယ်။ [တုံ့ ပြန်မှုကိုစောင့်ပါ။] ဒီပြဿနာအတွက် တည်မြဲတဲ့ဖြေရှင်းနည်းရှိသလား။ [တုံ့ ပြန်မှုကိုစောင့်ပါ။] အံ့ချီးဖွယ်အလားအလာတစ်ခုကို ဒီမှာတွေ့ရပါတယ်။” ဗျာဒိတ် ၂၂:၁၊ ၂ ကိုဖတ်ပြပါ။ ထို့နောက် ဗျာဒိတ်ကျမ်းအထွတ်အထိပ်စာအုပ် စာမျက်နှာ ၃၀၈-၉ ရှိရုပ်ပုံကိုဖွင့်ပြီး ယင်းကိုရှင်းပြရန် စာမျက်နှာ ၃၁၁ ရှိအပိုဒ် ၂၂ ကိုသုံးပါ။ ဤသို့ပြော၍နိဂုံးချုပ်ပါ– “ဒီစာအုပ်က ဗျာဒိတ်ကျမ်းမှာပါတဲ့ အခန်းငယ်တစ်ခုစီကို ရှင်းပြပေးပါတယ်။ (သို့မဟုတ် ရရှိနိုင်သောမည်သည့်စာအုပ်ကိုမဆို)” အိမ်ရှင်က အမှန်တကယ်စိတ်ဝင်စားမှုပြပါက စာအုပ်ကိုဝေငှပြီး တန်ဖိုးကိုပြောပြပါ။ ပြန်သွားရန်အစီအစဉ်များပြုလုပ်ပါ။
၃ ပြန်လည်ပတ်သည့်အခါ ဤသို့ပြော၍ သင့်ဆွေးနွေးခန်းကို ပြန်စနိုင်သည်–
▪ “အရင်တစ်ခေါက်က ကျန်းမာရေးပြဿနာတွေအတွက် တည်မြဲတဲ့ဖြေရှင်းနည်းအကြောင်းကို ကျွန်တော်တို့ဆွေးနွေးခဲ့ကြတယ်။ ဘယ်သူမှ မဖျားနာရတဲ့အချိန် တစ်နေ့နေ့ရောက်လာမယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ ပြန်မှုကိုစောင့်ပါ။] ဒီမှတ်သားစရာဖော်ပြချက်ကို သတိပြုပါ။” ဟေရှာယ ၃၃:၂၄ ကိုဖတ်ပြပါ။ ထို့နောက် တောင်းဆိုဘရိုရှာရှိ သင်ခန်းစာ ၅ ကိုဖွင့်ပြီး အပိုဒ် ၅-၆ ကိုဆွေးနွေးပါ၊ သင်ခန်းစာ၏အစတွင်ရှိသည့် ဆိုင်ရာမေးခွန်းများကိုမေး၍ ညွှန်းထားသည့်ကျမ်းချက်အချို့ကို ဖွင့်ဖတ်ပါ။ ဖျားနာခြင်းနှင့် သေခြင်းကိုဖယ်ရှားခြင်းသည် မြေကြီးနှင့်စပ်လျဉ်းသည့် ဘုရားသခင့်မူလရည်ရွယ်ချက်ပြည့်စုံရေး၏ တစ်စိတ်တစ်ဒေသဖြစ်ကြောင်း ပြောပြပါ။ ထိုအခန်းရှိ အပိုဒ် ၁-၄ နှင့် ၇ ကိုဆွေးနွေးရန် ပြန်သွားဖို့စီစဉ်ပါ။
၄ အချိန်မတိုင်မီသေဆုံးခြင်းနှင့်ပတ်သက်သော နောက်ဆုံးသတင်းတစ်ရပ်သည် လူတို့၏အတွေးတွင်ရှိနေမည်ဆိုပါက ဤချဉ်းကပ်နည်းကို သင်စမ်းကြည့်နိုင်သည်–
▪ “[သတင်းတစ်ရပ်ကိုဖော်ပြပါ] အကြောင်းကို မိတ်ဆွေကြားမိပါလိမ့်မယ်။ ဝမ်းနည်းကြေကွဲစွာ ရုတ်တရက်သေဆုံးရတဲ့အခါ သားကောင်ဖြစ်ရတဲ့မိသားစုတွေအတွက် နှစ်သိမ့်မှုပေးနိုင်တဲ့အရာကို လူအတော်များများတွေးကြည့်ကြတယ်။ မိတ်ဆွေကော ဘယ်လိုတွေးမိသလဲ။” တုံ့ ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဗျာဒိတ်ကျမ်းအထွတ်အထိပ်စာအုပ်ရှိ စာမျက်နှာ ၂၉၉ (အသိပညာစာအုပ်ကိုသုံးပါက စာမျက်နှာ ၈၆ ကိုပြပါ) ကိုဖွင့်ပြီး သရုပ်ဖော်ထားသည့် ရှင်ပြန်ထမြောက်ခြင်းမြင်ကွင်းကို ပြပါ။ ဤသို့ပြော၍ဆက်ပါ– “လူအတော်များများဟာ ဖြောင့်မတ်သူကော မဖြောင့်မတ်သူပါ မြေကြီးပရဒိသုမှာ အသက်ပြန်ရှင်လာမယ်ဆိုတာသိရလို့ အံ့သြမိကြပါတယ်။ [စာမျက်နှာ ၂၉၇ ရှိအပိုဒ် ၉ တွင်ကိုးကားထားသည့်အတိုင်း တမန်တော် ၂၄:၁၅ ကိုဖတ်ပြပြီး အပိုဒ် ၁၀ တွင်ပါသည့်ရှင်းပြချက်ကို ပြောပြပါ။] ဒီစာအုပ်က အနာဂတ်အတွက် ဘုရားသခင်ရဲ့မူလရည်ရွယ်ချက်နဲ့ပတ်သက်တဲ့ အခြားစိတ်ဝင်စားစရာအသေးစိတ်အချက်အလက်တွေကို ဆွေးနွေးထားပါတယ်။ မိတ်ဆွေပိုပြီးသိချင်တယ်ဆိုရင် ဒီစာအုပ်ကို ၁၂၀ ကျပ်နဲ့ယူထားနိုင်ပါတယ်။” ထိုသူ၏အထူးစိတ်ဝင်စားရာများကို မှတ်ထားပြီး ပြန်သွားဖို့အစီအစဉ်များပြုလုပ်ပါ။
၅ သင်ပြန်သွားသောအခါ သင့်တင်ဆက်ပုံကို အိမ်ရှင်နှင့်လိုက်လျောညီထွေရန် ပြောင်းလဲပေးပါ။ သင် ဤသို့ပြောနိုင်ပေမည်–
▪ “အရင်တစ်ခါပြောခဲ့ကြတုန်းက ကမ္ဘာမြေကြီးအတွက် ဘုရားသခင့်ရည်ရွယ်ချက်နဲ့စပ်လျဉ်းပြီး မိတ်ဆွေတင်ပြခဲ့တဲ့မှတ်ချက်ကို ကျွန်တော်လေးမြတ်မိပါတယ်။ [မှတ်ချက်ကို ပြန်ပြောပြပါ။] မိတ်ဆွေစိတ်ဝင်စားမယ်လို့ထင်ရတဲ့ အကြောင်းအရာတချို့ကို ကျွန်တော်ရှာဖွေခဲ့ပါတယ်။” တောင်းဆိုဘရိုရှာ သင်ခန်းစာ ၅ ကိုဖွင့်ပါ။ အိမ်ရှင်အာရုံစိုက်နေနိုင်သေးသရွေ့ ထိုသင်ခန်းစာရှိ အပိုဒ်များနိုင်သလောက်များများကို ဖတ်ပြီးဆွေးနွေးပါ။ သင်ခန်းစာကိုဆက်ရန်ပြန်သွားဖို့ အချိန်တစ်ချိန်ကိုသတ်မှတ်ပြီးနောက် အသင်းတော်စည်းဝေးအချိန်များကိုဖော်ပြထားသည့် လက်ကမ်းဝေစာတစ်စောင်ကို အိမ်ရှင်အားပေးပါ။ လူထုစည်းဝေးအကြောင်းကို ရှင်းပြကာ သူ့အား တက်ရောက်ရန်ဖိတ်ခေါ်ပါ။
၆ ဝေစာတစ်စောင်ကိုတင်ပြသည့် တင်ဆက်ပုံရိုးရိုးလေးကို ပိုနှစ်သက်ပါက သင် ဤသို့ပြောနိုင်သည်–
▪ “ချစ်မြတ်နိုးရသောသေလွန်သူများအတွက် မည်သည့်မျှော်လင့်ချက်ရှိသနည်းလို့ခေါင်းစဉ်တပ်ထားတဲ့ဒီဝေစာကို မိတ်ဆွေယူထားစေချင်တယ်။” အိမ်ရှင်အား ကမ်းပေးလိုက်ပြီး ပထမစာပိုဒ်ကို သင်ဖတ်နေစဉ် လိုက်ကြည့်ရန်မေတ္တာရပ်ခံပါ။ သူ့အား နောက်ဆုံးဝါကျတွင်ထုတ်ထားသည့် မေးခွန်းကို တုံ့ ပြန်ရန်အခွင့်ပေးပါ။ ဒုတိယစာပိုဒ်ကိုဖတ်ပြီးနောက် ဗျာဒိတ်ကျမ်းအထွတ်အထိပ်စာအုပ်ရှိ စာမျက်နှာ ၂၉၉ (သို့မဟုတ် အသိပညာစာအုပ်တွင် စာမျက်နှာ ၈၆) ပါရုပ်ပုံကိုဖွင့်ပါ။ ဤသို့ပြော၍ဆက်ပါ– “ဒီစာအုပ်က ရှင်ပြန်ထမြောက်ခြင်းနဲ့ အနာဂတ်အတွက် သမ္မာကျမ်းစာရဲ့ ကျန်ရှိတဲ့အံ့ချီးဖွယ်ကတိတော်တွေအကြောင်းကို ပိုပြီးအသေးစိတ်တင်ပြပေးပါတယ်။ မိတ်ဆွေဖတ်မယ်ဆိုရင် ဒီစာအုပ်ကို ၁၂၀ ကျပ်နဲ့ယူထားနိုင်ပါတယ်။” ပြန်လည်ပတ်ရန်စီစဉ်ပါ။
၇ အခြားသူများအား နှစ်လိုစဖွယ်ဖိတ်ခေါ်ချက်ကိုကမ်းလှမ်းခြင်းက သူတို့အတွက် ယခုအခါ ယေဟောဝါအသင့်စီမံပေးထားသော အသက်ရေဆီသို့ လာရန်အကြောင်းဖြစ်စေမည်။ ထို့ကြောင့် မွတ်သိပ်သူတိုင်းအား “လာခဲ့ပါ!” ဟူ၍ပြောဆိုကြစို့။—ဗျာ. ၂၂:၁၇။