‘သခင်အရှင်၏အမှုတော်၌ ကြိုးစားလုပ်ဆောင်သော အမျိုးသမီးများ’
၁ ပေါလုသည် ရောမအသင်းတော်ရှိ အလုပ်ကြိုးစားသောညီအစ်မနှစ်ဦးဖြစ်သည့် တရုဖဲနနှင့် တရုဖောသအကြောင်းကို အထက်ပါစကားများဖြင့် ဖော်ပြခဲ့သည်။ အခြားတစ်ဦးဖြစ်သည့် ပေရသိနှင့်ပတ်သက်၍ “သူသည် သခင်ဘုရား၏အမှုတော်ကို အလွန်ကြိုးစားဆောင်ရွက်သူဖြစ်ပေသည်” ဟုဆိုခဲ့သည်။ အလားတူပင် ဖိဗေကိုလည်း “လူအမြောက်အမြားကို ကူညီမစခဲ့သူ” ဟူ၍ ချီးမွမ်းပြောဆိုခဲ့သည်။ (ရော. ၁၆:၂၊ ၁၂၊ သတင်းကောင်း) ကျမ်းစောင်များတွင် ဒေါ်ကာသည် “ကောင်းသောအကျင့်၊ စွန့်ကြဲခြင်းအကျင့်နှင့်ပြည့်စုံ” သူတစ်ဦးအဖြစ် ရွေးထုတ်ခံရသည်။ (တ. ၉:၃၆) ဝိညာဏအမျိုးသမီးများသည် အသင်းတော်အတွက် တကယ့်ကောင်းချီးတစ်ရပ်ပါတကား!
၂ ကျွန်ုပ်တို့သည် အသင်းတော်ရှိ အလုပ်ကြိုးစားသောညီအစ်မများကို လေးမြတ်ကြသလော။ သူတို့သည် ဟောပြောခြင်းလုပ်ငန်းအများစုကို လုပ်ဆောင်ကြသည်၊ ကျမ်းစာသင်အံမှုအများစုကို ကျင်းပကြသည်၊ လူသစ်များစွာကို ကူညီပေးကြသည်။ ကလေးများကို ဝိညာဉ်ရေးတွင်တိုးတက်လာရန် ကူညီပေးရာ၌လည်း အချိန်အတော်အတန်ကိုအသုံးပြုရသည်။ ခရစ်ယာန်အမျိုးသမီးများသည် အသင်းတော်တွင် ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းနှင့် ဇွဲရှိသည့်စိတ်ဓာတ်ကို ပျိုးထောင်ပေးရာ၌ မိမိတို့၏အပိုင်းကဏ္ဍကိုလုပ်ဆောင်ကြသည်။ သူတို့သည် ခင်ပွန်းသည်များနှင့် အခြားမိသားစုဝင်များအား ယေဟောဝါ၏အမှုတော်ကို ပို၍ဆောင်ရွက်နိုင်ကြဖို့ နည်းလမ်းများစွာဖြင့် ထောက်ကူပေးကြသည်။
၃ အချိန်ပြည့်လုပ်ငန်းရှိညီအစ်မများ– သခင်အရှင်၏အမှုတော်၌ အလွန်ကြိုးစားလုပ်ဆောင်ကြသူများတွင် သာသနာပြုညီအစ်မများပါဝင်ပြီး များစွာသောသူတို့သည် တိုင်းတစ်ပါးရှိလုပ်ငန်းတော်ကိုပျိုးထောင်ရာတွင် ပါဝင်လျက်ရှိသည်။ ခင်ပွန်းသည်များလည်ပတ်သည့်အသင်းတော်များတွင် နယ်လှည့်ကြီးကြပ်မှူးတို့၏ဇနီးများသည် လယ်ကွင်းဓမ္မအမှုတွင် အလုပ်များကြကာ ညီအစ်မများစွာကိုအားပေးကြသည်။ ယေဟောဝါ၏အဖွဲ့အစည်းကို ထောက်ပံ့ကူညီရာတွင် မြင့်မြတ်သောလုပ်ငန်းတော်ကို ဇွဲနပဲဖြင့်ဆောင်ရွက်နေသည့် ဗေသလညီအစ်မများကို သတိမမူဘဲနေ၍မရပါ။ ကျွန်ုပ်တို့၏မှန်မှန်ရှေ့ဆောင်ညီအစ်မများသည် ဘုရားသခင်ကိုချီးမွမ်းရာတွင် သစ္စာရှိရှိကြိုးစားကြခြင်းဖြင့် ထောင်နှင့်ချီသောသူတို့အား သမ္မာတရားကိုသိရှိလာရန် ကူညီပေးနေကြသည်။
၄ ဤသစ္စာရှိသောအမျိုးသမီးများသည် သူတို့၏ကိုယ်ကျိုးစွန့်ဘဝလမ်းစဉ်တွင် ကျေနပ်မှုများစွာရရှိကြသည်။ (၁ တိ. ၆:၆၊ ၈) သူတို့သည် ချီးကျူးထိုက်ကာ မည်သည့်အားပေးထောက်ပံ့မှုကိုမဆို သူတို့အား ကျွန်ုပ်တို့ပေးနိုင်သည်။
၅ ခရစ်ယာန်အမျိုးသမီးများသည် ယေဟောဝါ၏အဖွဲ့အစည်းအတွက် တန်ဖိုးရှိသူများဖြစ်ကာ သူတို့၏သစ္စာရှိရှိအမှုဆောင်ခြင်းသည် အားလုံးအတွက် ကောင်းချီးတစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့သည် ထိုသို့သောအမျိုးသမီးများကို ဆက်လက်၍လေးမြတ်ကာ ‘သခင်အရှင်၏အမှုတော်၌ကြိုးစားလုပ်ဆောင်’ နေကြစဉ် သူတို့ကို ယေဟောဝါကောင်းချီးပေးရန် ဆုတောင်းပေးကြစို့။