ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၀ အမှတ် ၁ စာ. ၁၄-၁၅
  • အနာဂတ်နဲ့ပတ်သက်တဲ့ အမှန်တရား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အနာဂတ်နဲ့ပတ်သက်တဲ့ အမှန်တရား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကောင်းမွန်တဲ့ အုပ်ချုပ်မှု
  • ငြိမ်သက်အေးချမ်းလာမယ်
  • ကမ္ဘာပေါ်မှာ လူကောင်းတွေပဲ ရှိမယ်
  • တစ်ကမ္ဘာလုံး သာယာလှပလာမယ်
  • မျှော်လင့်ချက် ရှိခြင်း
    နိုးလော့!—၂၀၁၈
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဆင်းရဲဝေဒနာကို ဘုရားသခင်ခွင့်ပြုချိန် နိဂုံးချုပ်လုပြီ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ဘုရားသခင့်နိုင်ငံတော်အဘက်ဘက်တွင် သာလွန်ကောင်းမွန်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
ကလ၂၀ အမှတ် ၁ စာ. ၁၄-၁၅
ပရဒိသုမှာ လူတွေ ပျော်မွေ့နေကြစဉ်

အနာဂတ်နဲ့ပတ်သက်တဲ့ အမှန်တရား

အနာဂတ်မှာ ဘာတွေ ဖြစ်လာမယ်ဆိုတာ စဉ်းစားဖူးလား။ ကမ္ဘာပေါ်မှာရှိတဲ့ လူသားတိုင်းအပေါ် အကျိုးသက်ရောက်မယ့် အရေးပါတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်လာတော့မယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။

“ဘုရားသခင့်နိုင်ငံတော် နီးနေပြီဆိုတာ သိ” နိုင်တဲ့နည်းကို ယေရှု ပြောပြခဲ့တယ်။ (လုကာ ၂၁:၃၁) စစ်ပွဲတွေ၊ အင်အားပြင်းငလျင်တွေ၊ အစားအစာ ရှားပါးတာတွေ၊ ကပ်ရောဂါ စတာတွေ ဖြစ်လာမယ်လို့ ယေရှု ကြိုပြောခဲ့တယ်။ အခုချိန်မှာ အဲဒါတွေ ဖြစ်ပျက်နေတာကို ကျွန်တော်တို့ကိုယ်တိုင် မြင်တွေ့နေရပြီ။—လုကာ ၂၁:၁၀-၁၇။

လူ့အုပ်ချုပ်မှုရဲ့ “နောက်ဆုံးကာလ” အတွင်း လူတွေရဲ့အကျင့် ပိုဆိုးလာမယ်လို့လည်း ကျမ်းစာမှာ ဖော်ပြထားတယ်။ ၂ တိမောသေ ၃:၁-၅ မှာ ဖတ်နိုင်တယ်။ အဲဒီသဘောထားတွေ၊ အမူအကျင့်တွေကို မြင်တွေ့တဲ့အခါ အဲဒီကျမ်းစာကြိုဟောချက် အခုချိန်မှာ ဖြစ်ပျက်နေပြီဆိုတာ သင် သဘောတူပါလိမ့်မယ်။

အဲဒါက ဘာကို ဆိုလိုတာလဲ။ ဘုရားသခင့်နိုင်ငံတော်က လူတွေရဲ့ ဘဝကို တိုးတက်ပြောင်းလဲစေမယ့် အပြောင်းအလဲကြီးတွေ ပြုလုပ်ပေးမယ့်အချိန် နီးနေပြီ ဆိုတဲ့ အဓိပ္ပာယ်ပဲ။ (လုကာ ၂၁:၃၆) ကမ္ဘာမြေကြီးနဲ့ ကမ္ဘာပေါ် နေထိုင်မယ့်လူတွေအတွက် ကောင်းတဲ့အရာတွေ လုပ်ပေးမယ်လို့ ကျမ်းစာမှာ ဘုရားသခင် ကတိပေးထားတယ်။ နမူနာတချို့ ကြည့်ရအောင်။

ကောင်းမွန်တဲ့ အုပ်ချုပ်မှု

“သူ [ယေရှု] က အုပ်ချုပ်ခွင့်အာဏာ၊ ဂုဏ်ကျက်သရေနဲ့ နိုင်ငံတစ်ခုကို ရတယ်။ ဒါကြောင့် ဘာသာစကား အမျိုးမျိုးပြောတဲ့ လူမျိုးအပေါင်းဟာ သူ့ဆီမှာ အမှုထမ်းကြတယ်။ သူ့ရဲ့ အုပ်ချုပ်ခွင့်အာဏာဟာ မကွယ်ပျောက်ဘဲ ထာဝစဉ် တည်တံ့လိမ့်မယ်။ သူ့နိုင်ငံဟာ ပျက်စီးမှာ မဟုတ်ဘူး။”—ဒံယေလ ၇:၁၄။

အဓိပ္ပာယ်– ဘုရားသခင် တည်ထောင်တဲ့ ကမ္ဘာချီအစိုးရမှာ သားတော်ကို ဘုရင်အဖြစ် ခန့်အပ်ထားတယ်။ အဲဒီအုပ်ချုပ်မှုအောက်မှာ သင် နေထိုင်နိုင်တယ်။

ကောင်းမွန်တဲ့ ကျန်းမာရေး

မိန်းကလေးတစ်ယောက် ဘီးတပ်ကုလားထိုင်ကနေထပြီး လမ်းလျှောက်သွားနေစဉ်

“ပြည်သူပြည်သားတွေက ‘နေမကောင်းဘူး’ လို့ မညည်းရတော့ဘူး။”—ဟေရှာယ ၃၃:၂၄။

အဓိပ္ပာယ်– ဖျားနာမှု၊ မသန်စွမ်းမှုတွေကို သင် မခံစားရတော့ဘူး။ ဘယ်တော့မှ မသေတော့ဘူး။

ငြိမ်သက်အေးချမ်းလာမယ်

သေနတ် အပိုင်းပိုင်း ကျိုးနေစဉ်

“ဘုရားက မြေတစ်ခွင်လုံးမှာ စစ်မှုကို ငြိမ်းစေတယ်။” —ဆာလံ ၄၆:၉။

အဓိပ္ပာယ်– စစ်ရဲ့ ခြိမ်းခြောက်မှုနဲ့ စစ်ကြောင့်ဖြစ်တဲ့ ဒုက္ခတွေ မရှိတော့ဘူး။

ကမ္ဘာပေါ်မှာ လူကောင်းတွေပဲ ရှိမယ်

“လူဆိုးတွေ လုံးဝ ရှိတော့မှာ မဟုတ်ဘူး . . . စိတ်နူးညံ့သူတွေကတော့ ကမ္ဘာမြေကို ပိုင်ဆိုင်ရလိမ့်မယ်။” —ဆာလံ ၃၇:၁၀၊ ၁၁။

အဓိပ္ပာယ်– လူဆိုးတွေ မရှိတော့ဘူး။ ဘုရားစကား နားထောင်သူတွေပဲ ရှိမယ်။

တစ်ကမ္ဘာလုံး သာယာလှပလာမယ်

“လူတွေက အိမ်တွေဆောက်ပြီး ကိုယ်တိုင်နေထိုင်ရလိမ့်မယ်။ စပျစ်ခြံတွေစိုက်ပြီး စပျစ်သီးတွေကို ကိုယ်တိုင်စားသုံးရလိမ့်မယ်။”—ဟေရှာယ ၆၅:၂၁၊ ၂၂။

အဓိပ္ပာယ်– တစ်ကမ္ဘာလုံး သာယာလှပလာမယ်။ ဘုရားအလိုတော် “ကမ္ဘာမြေမှာ” ပြည့်စုံပါစေ ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်ကို ဘုရား ပြည့်စုံစေမယ်။—မဿဲ ၆:၁၀။

ပရဒိသုမှာ လူတွေ ပျော်မွေ့နေကြစဉ်
    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ