ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၂/၀၁ စာ. ၈
  • ယေဟောဝါသည် ခွန်အားပေးတော်မူ၏

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသည် ခွန်အားပေးတော်မူ၏
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပင်ပန်းနွမ်းနယ်သူကို ယေဟောဝါခွန်အားရှိစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ‘ယေဟောဝါနှင့် ကိုယ်တော်၏တန်ခိုးတော်ကို ရှာကြလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ယေဟောဝါ သင့်ကို ခွန်အားပေးမယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ယေဟောဝါသည် မောသောသူတို့အား အစွမ်းခွန်အားကိုပေးတော်မူသည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
နဓ ၂/၀၁ စာ. ၈

ယေဟောဝါသည် ခွန်အားပေးတော်မူ၏

၁ တမန်တော်ပေါလုနှင့်ပတ်သက်၍ သင်အထင်ကြီးလေးစားသည့်အရာကား အဘယ်နည်း။ တမန်တော်ကျမ်းကိုဖတ်သည့်အခါ ယေဟောဝါ၏လုပ်ငန်းတော်တွင် သူဝီရိယစိုက်ကြိုးစားခဲ့ပုံကို ကျွန်ုပ်တို့လေးမြတ်ကြသည်။ ပေါလုသည် သူလုပ်ဆောင်ခဲ့သမျှအားလုံးကို မည်သို့ပြီးမြောက်ခဲ့သနည်း။ သူကဤသို့ဆိုသည်– ‘ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောအရှင်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။’ (ဖိ. ၄:၁၃) ကျွန်ုပ်တို့လည်း ယေဟောဝါပေးတော်မူသည့်ခွန်အားမှ အကျိုးခံစားနိုင်သည်။ မည်သို့အားဖြင့်နည်း။ ကျွန်ုပ်တို့ကို ဝိညာဉ်ရေးအရ အားသစ်လန်းစေကာ ခွန်အားရှိစေရန် ကိုယ်တော်ပြုလုပ်ပေးထားသည့် အစီအစဉ်ခြောက်ခုကို အသုံးချခြင်းအားဖြင့်ဖြစ်သည်။

၂ ဘုရားသခင့်နှုတ်ကပါဌ်တော်– ကျွန်ုပ်တို့သည် ကာယခွန်အားရှိရန် အစာစားရမည်ဖြစ်သကဲ့သို့ ဝိညာဉ်ရေးအရ ရှင်သန်ရန် ဘုရားသခင့်နှုတ်ကပါဌ်တော်ဖြင့် ကိုယ့်ကိုယ်ကိုကျွေးမွေးနေရမည်ဖြစ်သည်။ (မ. ၄:၄) သမ္မာကျမ်းစာသည် ကျွန်ုပ်တို့ကိုထောက်မပေးနိုင်စွမ်းရှိ၏။ သမ္မာတရားအတွက် ကျွန်ုပ်တို့၏ဇွဲနှင့် စိတ်အားထက်သန်မှုကိုဆက်ထိန်းသိမ်းရန် အဓိပ္ပာယ်ပြည့်ဝသောကိုယ်ပိုင်လေ့လာမှုနှင့် တွေးတောဆင်ခြင်မှုကို ဖြစ်နိုင်လျှင် နေ့စဉ်ပြုလုပ်ရန်လိုသည်။—ဆာ. ၁:၂၊ ၃။

၃ ဆုတောင်းခြင်း– အထူးသဖြင့် အထူးလိုအပ်နေချိန်အတွင်း ယေဟောဝါထံချဉ်းကပ်ရန်အရေးကြီးသည်။ ကိုယ်တော်သည် မိမိ၏ဝိညာဉ်တော်အားဖြင့် အစွမ်းခွန်အားရဖို့ဆုတောင်းသူများအား ယင်းကိုပေးတော်မူ၏။ (လု. ၁၁:၁၃; ဧ. ၃:၁၆) သမ္မာကျမ်းစာက “ဆုတောင်းခြင်းတွင်စွဲမြဲ” ရန် ကျွန်ုပ်တို့ကိုတိုက်တွန်းသည်။ (ရော. ၁၂:၁၂၊ ကဘ) သင် ထိုသို့လုပ်ဆောင်သလော။

၄ အသင်းတော်– ကျွန်ုပ်တို့သည် အသင်းတော်အစည်းအဝေးများနှင့် ထိုတွင် ကျွန်ုပ်တို့၏ညီအစ်ကိုညီအစ်မများနှင့်မွေ့လျော်ရသည့် နွေးထွေးသောပေါင်းသင်းမှုတို့မှလည်း ခွန်အားနှင့်အားပေးမှုရရှိကြသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ကျွန်ုပ်တို့ဒုက္ခရောက်သည့်အခါ ယင်းတို့က ကျွန်ုပ်တို့ကို ခွန်အားရှိစေပြီး မေတ္တာပါစွာကူညီပေးသည်။—သု. ၁၇:၁၇; ဒေ. ၄:၁၀။

၅ လယ်ကွင်းဓမ္မအမှု– လယ်ကွင်းဓမ္မအမှုတွင် မှန်မှန်ပါဝင်ခြင်းက နိုင်ငံတော်နှင့် ယင်း၏ကောင်းချီးများအပေါ် အာရုံစိုက်နေရန် ကျွန်ုပ်တို့ကိုကူညီပေးသည်။ အခြားသူတို့အား ယေဟောဝါအကြောင်းသိရန် ကူညီပေးသည့်အခါ ကျွန်ုပ်တို့၏စိတ်ဓာတ်မြှင့်တင်ခံရသည်။ (တ. ၂၀:၃၅) ကျွန်ုပ်တို့အားလုံးသည် သာ၍လိုအပ်သည့်နေရာတွင်အမှုဆောင်ရန် သို့မဟုတ် အချိန်ပြည့်လုပ်ငန်းတွင်ပါဝင်ရန် ပြောင်းရွှေ့နိုင်ကြမည်မဟုတ်သော်လည်း အခြားနည်းများဖြင့် ဓမ္မအမှုတွင် အဓိပ္ပာယ်ပြည့်ဝစွာပါဝင်နိုင်သည်။—ဟေဗြဲ ၆:၁၀-၁၂။

၆ ခရစ်ယာန်ကြီးကြပ်မှူးများ– ကျွန်ုပ်တို့သည် အကြီးအကဲများ၏အားပေးမှုနှင့် ကူညီပေးမှုမှ အကျိုးရရှိနိုင်သည်။ ဘုရားသခင့်သိုးတော်စုကို ဂရုစိုက်ထိန်းကျောင်းရန် သူတို့ကို ယေဟောဝါတာဝန်ပေးထားသည်။ (၁ ပေ. ၅:၂) ပေါလုခေတ်၌ လုပ်ဆောင်ခဲ့သကဲ့သို့ပင် နယ်လှည့်ကြီးကြပ်မှူးများသည် ၎င်းတို့အမှုဆောင်သည့်အသင်းတော်များကို တည်ဆောက်ပေးကြသည်။—ရော. ၁:၁၁၊ ၁၂။

၇ သစ္စာရှိသူတို့၏ပုံသက်သေများ– ရှေးခေတ်နှင့် မျက်မှောက်ခေတ်နှစ်ခုစလုံးမှ သစ္စာရှိလုပ်ဖော်ဆောင်ဖက်များ၏ အားရှိစရာပုံသက်သေများကို သုံးသပ်ခြင်းသည် ခွန်အားရှိစေသည်။ (ဟေဗြဲ ၁၂:၁) သင်သည် အားသစ်အင်သစ်နှင့်ပြည့်ဝနေဖို့လိုလျှင် ကျွန်ုပ်တို့၏မဂ္ဂဇင်းများပါ အားရှိစရာဘဝအတ္ထုပ္ပတ္တိများမှတစ်ခု၊ နှစ်ချုပ်စာအုပ် ပါ တည်ဆောက်မှုပေးသောမှတ်တမ်းတစ်ခု သို့မဟုတ် ကြွေးကြော်သူများ စာအုပ်ပါ ယေဟောဝါသက်သေတို့၏မျက်မှောက်ခေတ်သမိုင်းကြောင်းဆိုင်ရာ စိတ်လှုပ်ရှားဖွယ်မှတ်တမ်းများမှအချို့ကို ဖတ်ပါလေ။

၈ ယခု အသက် ၉၀ ကျော်ရှိနေပြီဖြစ်သောညီအစ်ကိုတစ်ဦးသည် ငယ်စဉ်ကတည်းက သမ္မာတရားကိုလက်ခံခဲ့သည်။ ငယ်ရွယ်သည့်အချိန်၌ပင် သူ၏ယုံကြည်ခြင်း စမ်းသပ်ခံခဲ့ရသည်။ ဦးဆုံး၊ အသင်းတော်နှင့်တက်တက်ကြွကြွပေါင်းသင်းခဲ့သူအချို့ ယေဟောဝါ၏အဖွဲ့အစည်းကို စွန့်သွားကြသည်။ ထို့နောက် သူအခက်တွေ့ခဲ့ရသည့် တစ်အိမ်မှတစ်အိမ်လုပ်ငန်းကို လုပ်ဆောင်ရသည်။ သို့သော် သူသည် ယေဟောဝါကို အစဉ်အားကိုးခဲ့သည်။ များမကြာမီ သူသည် ဓမ္မအမှုတွင်ပျော်ရွှင်လာသည်။ ယနေ့ကော။ သူသည် ကျန်းမာရေးချို့တဲ့လင့်ကစား ဘရွတ်ကလင်ဗေသလမိသားစုဝင်တစ်ဦးဖြစ်ကာ အုပ်ချုပ်ရေးအဖွဲ့တွင် အမှုဆောင်နေဆဲဖြစ်သည်။ ယေဟောဝါ၏အဖွဲ့အစည်းကို တွယ်ကပ်နေခြင်းအတွက် သူ၌ဝမ်းနည်းစရာမရှိပါ။

၉ ဗြိတိန်နိုင်ငံတွင် ဗေသလမိသားစုဝင်တစ်ဦးဖြစ်သော ညီအစ်မတစ်ဦးသည် အသက် ၁၃ နှစ်တွင်နှစ်ခြင်းခံခဲ့သည်။ နောက်တစ်နှစ်တွင် သူ၏အစ်ကိုနှင့်အတူရှေ့ဆောင်စလုပ်ကာ နောက်တစ်နှစ်တွင်မူ သူ၏ဖခင်သည် ဒုတိယကမ္ဘာစစ်အတွင်း ကြားနေမှုကြောင့် ထောင်ချခံခဲ့ရသည်။ သူသည် အစွမ်းခွန်အားရဖို့ ယေဟောဝါကို ဆက်အားထားမှီခိုကာ မှန်သောဘုရားသခင့်အမှုတော်ကို ဆက်လက်ထမ်းဆောင်ခဲ့သည်။ အချိန်တန်သော် သစ္စာရှိညီအစ်ကိုတစ်ဦးနှင့်အိမ်ထောင်ပြုကာ ယေဟောဝါအလိုတော်ကို ဆက်၍အတူတကွထမ်းဆောင်ခဲ့ကြသည်။ အိမ်ထောင်သက် ၃၅ နှစ်ကြာပြီးနောက် သူ၏ခင်ပွန်းသည် ရုတ်တရက်ကွယ်လွန်သွားသည်။ တစ်ဖန် ယေဟောဝါထံမှ ခွန်အားရယူကာ ယနေ့ထိတိုင် အမှုတော်ထမ်းဆောင်လျက်ရှိပြီး ယေဟောဝါ၏မြေကြီးဆိုင်ရာမိသားစုဝင်တစ်ဦးအဖြစ် ထာဝစဉ်အမှုထမ်းဆောင်ရန် စောင့်မျှော်နေပါသည်။

၁၀ ယေဟောဝါသည် မိမိ၏သစ္စာရှိကျေးကျွန်များအား အကူအညီပေးကာ အားအင်ပြည့်ဝစေတော်မူ၏။ “ထိုဘုရားသည် မောသောသူတို့အား ခွန်အားကိုပေးတော်မူ၏။ နွမ်းနယ်သောသူတို့အား အစွမ်းသတ္တိနှင့်ပြည့်စုံသောအခွင့်ကို ပေးတော်မူ၏။” ကျွန်ုပ်တို့သည် အထက်ဖော်ပြပါ အစီအစဉ်ခြောက်ခုစလုံးကို အသုံးချခြင်းဖြင့် ဤအကန့်အသတ်မဲ့ အစွမ်းခွန်အား၏ရင်းမြစ်ကို ရရှိနိုင်ပါသည်။ ဤအချက်ကိုသတိ ရပါ– “ထာဝရဘုရားကိုမျှော်လင့်သောသူတို့မူကား အားပြည့်ကြလိမ့်မည် . . . ပြေးသော်လည်းမပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။” (ဟေရှာ. ၄၀:၂၉-၃၁) ပေါလုသည် ခွန်အားရဖို့အတွက် ယေဟောဝါကို အလွန်မှီခိုအားထားခဲ့ကာ ကျွန်ုပ်တို့လည်း ထိုသို့ပြုရမည်ဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ