သမ္မာကျမ်းစာ—သင့်အသက်တာတွင် ယင်း၏အစွမ်း ဗီဒီယိုခွေမှစွဲမှတ်စရာများ
အောက်ပါမေးခွန်းများကိုဖြေဆိုရာတွင် ဤဗီဒီယိုခွေပါသတင်းတရားနှင့်ပတ်သက်၍ သင့်နှလုံးထဲစွဲမှတ်နေသည့်အရာများကို ဖွင့်ဟဖော်ပြပါ။ (၁က) မည်သည့်အရာက သန်းပေါင်းများစွာသောသူတို့အား ၎င်းတို့၏အသက်တာပိုမိုကောင်းမွန်လာရန် ပြောင်းလဲစေသနည်း။ (ဟေဗြဲ ၄:၁၂) (၁ခ) လူတစ်ဦး၏အသက်တာတွင် ယင်းအစွမ်းကိုရရှိကာ လက်တွေ့အသုံးချရန် အဘယ်အရာလိုသနည်း။ (၂) အိမ်ထောင်ဖက်များအား (က) ၎င်းတို့၏ဆက်သွယ်ရေးတိုးတက်ကောင်းမွန်လာစေရန်နှင့် (ခ) ၎င်းတို့၏အမျက်ဒေါသကို ချုပ်တည်းနိုင်ဖို့ကူညီပေးရန် မည်သည့်ကျမ်းချက်များကို ညွှန်းထားသနည်း။ (၃) အိမ်ထောင်မင်္ဂလာအပေါ် ခရစ်ယာန်ရှုမြင်ပုံက မိသားစုအသက်တာကို မည်သို့တိုးတက်ကောင်းမွန်စေသနည်း။ (ဧ. ၅:၂၈၊ ၂၉) (၄) ယေဟောဝါဘုရားသခင်သည် သားသမီးအားလုံးလိုလားတောင့်တသည့်အရာသုံးခုကို ဖြည့်ဆည်းပေးရာတွင် စုံလင်သောပုံသက်သေကို မည်သို့ချမှတ်ခဲ့သနည်း၊ ယနေ့ မိဘတို့သည် မည့်သို့အလားတူပြုနိုင်သနည်း။ (မာ. ၁:၉-၁၁) (၅) မိဘတို့သည် မိမိတို့၏သားသမီးများအား သမ္မာကျမ်းစာကို အဘယ်ကြောင့်ကိုယ်တိုင်သင်ပေးသင့်သနည်း၊ ထိုသို့ပုံမှန်လုပ်ဆောင်ရန်လိုကြောင်း အဘယ်အရာကဖော်ပြသနည်း။ (တရား. ၆:၆၊ ၇) (၆) မိဘတို့သည် မိသားစုသင်အံမှုကို မည်သို့စိတ်ဝင်စားစရာဖြစ်စေနိုင်သနည်း။ (၇) ကျမ်းစာသင်အံမှုအပြင် မိမိတို့၏သားသမီးများအတွက် အခြားအဘယ်အရာများစီမံပေးရန် ဘုရားသခင့်နှုတ်ကပါဌ်စကားတော် ဘုရားသခင့်နှုတ်မြွက်စကားတော်က မိဘတို့ကိုလှုံ့ဆော်ပေးသနည်း။ (၈) ကျမ်းစာအကြံပြုချက်က မိသားစုများအား ခြိုးခြံချွေတာစွာနေထိုင်တတ်ရန် မည်သို့ကူညီပေးနိုင်သနည်း။ (၉) အဘယ်ကျမ်းစာမူများကို လက်တွေ့ကျင့်သုံးသည့်အခါ ကျန်းမာရေးပြဿနာများလျော့နည်းစေသနည်း။ (၁၀) ဘုရားသခင့်နှုတ်ကပါဌ်စကားတော် ဘုရားသခင့်နှုတ်မြွက်စကားတော်ပါမူများက သင့်အသက်တာတွင် မည်သို့ထူးခြားစေခဲ့ပြီနည်း။ (၁၁) ဤဗီဒီယိုခွေကိုကြည့်ခြင်းက ဓမ္မအမှုတွင် သင်တွေ့ဆုံခဲ့သူတစ်ဦးအား အိမ်တွင်းကျမ်းစာသင်အံမှုလက်ခံရန် အဘယ်ကြောင့်အားပေးလိမ့်မည်နည်း။