ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၀၂ စာ. ၈
  • ဆက်သွယ်ပြောဆိုသူတစ်ဦးဖြစ်ပါ!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆက်သွယ်ပြောဆိုသူတစ်ဦးဖြစ်ပါ!
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါနှင့်ခရစ်တော် အဓိကဆက်သွယ်သူများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခရစ်ယာန်ဓမ္မအမှုတွင် ဆက်သွယ်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • မိသားစုနှင့်အသင်းတော်အတွင်း ဆက်သွယ်မှုပြုခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ကျန်းခံ့သောဆက်သွယ်မှု—သာယာသောအိမ်ထောင်ရေး၏သော့ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
နဓ ၈/၀၂ စာ. ၈

ဆက်သွယ်ပြောဆိုသူတစ်ဦးဖြစ်ပါ!

၁ ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းတာဝန်ကို ထမ်းဆောင်ရန် ကျွန်ုပ်တို့သည် အခြားသူတို့အား အချက်အလက်များကို အသိပေးပြောဆိုကြရမည်။ (မ. ၂၄:၁၄; ၂၈:၁၉၊ ၂၀) ဆက်သွယ်ပြောဆိုခြင်းသည် မိတ်ဆွေများကြား၌ပင် စိန်ခေါ်ချက်တစ်ခုဖြစ်နိုင်သည်။ သူစိမ်းများထံ သတင်းကောင်းရောက်ရှိရန် အဘယ်အရာက ကျွန်ုပ်တို့ကိုကူညီပေးနိုင်သနည်း။

၂ သူစိမ်းအဖြစ်မှ မိတ်ဆွေအဖြစ်သို့– ဓမ္မအမှုတွင် သင်ချဉ်းကပ်သူများ၏နေရာတွင် သင်ကိုယ်တိုင်နေကြည့်ပါ။ ယနေ့လောကတွင် အချို့သူတို့သည် သူစိမ်းများအား သံသယဖြစ်မည် သို့မဟုတ် ကြောက်ရွံ့ကြမည်ကိုပင် နားလည်နိုင်သည်။ ယင်းက ဆက်သွယ်ပြောဆိုခြင်းကို အဟန့်အတားဖြစ်စေနိုင်သည်။ သင်နှင့်တွေ့ဆုံသူများ၏ အစကနဦး စိုးရိမ်ထိတ်လန့်မှုကို မည်သို့ကျော်လွှားနိုင်သနည်း။ စကားတစ်ခွန်းမျှမပြောမီ၌ ကျွန်ုပ်တို့ဆက်သွယ်ကြသည့် နည်းတစ်နည်းမှာ ကျွန်ုပ်တို့၏ဣန္ဒြေရှိသော ကိုယ်အသွင်အပြင် အားဖြင့်ဖြစ်သည်။ ကျွန်ုပ်တို့၏လျောက်ပတ်သော ဝတ်စားဆင်ယင်မှုနှင့် သိက္ခာရှိရှိပြောဆိုပြုမူပုံသည် ကြောက်ရွံ့မှုများကို လျော့နည်းစေ၏။—၁ တိ. ၂:၉၊ ၁၀။

၃ ဆက်သွယ်ပြောဆိုခြင်းအတွက် နောက်ထပ်အကူအညီတစ်ခုမှာ သက်သောင့်သက်သာရှိပြီး ဖော်ရွေသော ပြုမူပြောဆိုပုံ ဖြစ်သည်။ ယင်းက အခြားသူတို့အား သက်သက်သာသာရှိစေကာ နားထောင်လိုစိတ် ပိုရှိစေသည်။ ဤကိစ္စတွင် ကောင်းစွာပြင်ဆင်မှုရှိရန် လိုအပ်သည်။ ကျွန်ုပ်တို့သည် မိမိတို့ဘာပြောရမည်ကို ကောင်းစွာမှတ်မိလျှင် ကြောက်ရွံ့စိတ်နည်းမည်ဖြစ်သည်။ ထို့အပြင် ကျွန်ုပ်တို့၏ တည်ငြိမ်မှုရှိရှိ ပြုမူပြောဆိုပုံသည် အခြားသူတို့အား ကျွန်ုပ်တို့၏သတင်းတရားသို့ ဆွဲဆောင်နိုင်သည်။ အမျိုးသမီးတစ်ဦးသည် သက်သေခံတစ်ဦး၏ လည်ပတ်မှုနှင့်ပတ်သက်၍ ဤသို့ပြောခဲ့သည်– “သူ့ရဲ့ပြုံးနေတဲ့ မျက်နှာထားနှင့်ပတ်သက်ပြီး ကျွန်မမှတ်မိတာကတော့ တည်ငြိမ်မှုဖြစ်တယ်။ အဲဒါက ကျွန်မကို စိတ်ဝင်စားစေခဲ့တယ်။” ယင်းက သတင်းကောင်းကိုနားထောင်ရန် ထိုအမျိုးသမီးအတွက် လမ်းဖွင့်ပေးခဲ့သည်။

၄ ဆွဲဆောင်မှုရှိသော အရည်အသွေးများ– ကျွန်ုပ်တို့သည် အခြားသူများအား ရိုးသားသောပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှု ရှိရန်လိုသည်။ (ဖိ. ၂:၄) ယင်းကိုလုပ်ဆောင်ရန် နည်းတစ်နည်းမှာ စကားစမြည်ပြောဆိုခြင်းကို လွှမ်းမိုးချုပ်ကိုင်မှု မပြုခြင်းအားဖြင့်ဖြစ်သည်။ အမှန်မှာ ဆက်သွယ်ပြောဆိုခြင်းတွင် နားထောင်ခြင်းလည်းပါဝင်သည်။ ကျွန်ုပ်တို့သည် နားထောင်သူများအား ဖွင့်ဟပြောဆိုစေကာ သူတို့၏မှတ်ချက်များကို စိတ်ဝင်စားစွာနားထောင်သည့်အခါ သူတို့ကို ကျွန်ုပ်တို့အရေးစိုက်သည်ဟု သူတို့ခံစားကြရသည်။ ထို့ကြောင့် နားထောင်သူများ စကားပြောသည့်အခါ သင်ပြင်ဆင်ထားသည့် တင်ဆက်မှုသို့ ပြန်သွားရန် အလျင်စလိုမပြုပါနှင့်။ ဖြစ်နိုင်လျှင် သူတို့ကို စိတ်ရင်းမှန်ဖြင့် ချီးမွမ်းကာ သူတို့ပြောဆိုသည့်စကားအပေါ် တည်ဆောက်ပေးရန် ကြိုးစားပါ။ သူတို့၏မှတ်ချက်များသည် စိုးရိမ်မှုတစ်ခုခုကို ဖော်ပြလျှင် သူတို့၏စိုးရိမ်မှုများကို ဦးတည်ပြောဆိုရန် သင့်တင်ဆက်မှုကို အလိုက်သင့်ပြောင်းပေးပါ။

၅ ကျိုးနွံခြင်းနှင့် စိတ်နှိမ့်ချခြင်း သည် ဆက်သွယ်ပြောဆိုမှုကို ချောမွေ့ပြေပြစ်စေ၏။ (သု. ၁၁:၂; တ. ၂၀:၁၉) ယေရှုသည် “နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ” ခြင်းကြောင့် ကိုယ်တော်ထံသို့ လူတို့ဆွဲဆောင်ခံခဲ့ရသည်။ (မ. ၁၁:၂၉) တစ်ဖက်တွင်မူ မိမိကိုယ်ကိုအထင်ကြီးသောသဘောထားသည် မနှစ်မြို့စရာဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့တွင် သမ္မာတရားရှိသည်ဟု အခိုင်အမာယုံကြည်ထားကြသော်လည်း တစ်ယူသန်ဆန်ဆန်ပြောဆိုခြင်းကို ပညာရှိရှိ ကျွန်ုပ်တို့ရှောင်ကြသည်။

၆ လူတစ်ဦး၏မှတ်ချက်များသည် ကျမ်းစာသွန်သင်ချက်နှင့်မညီညွတ်သော ယုံကြည်ချက်များကို ထင်ဟပ်လျှင်ကော အသို့နည်း။ သူ၏အမှားကိုထောက်ပြရန် ကျွန်ုပ်တို့၌ တာဝန်ရှိသလော။ ရှိပါသည်၊ အချိန်တန်သောအခါတွင်ဖြစ်သည်။ သို့သော် ဦးဆုံးအကြိမ်လည်ပတ်ချိန်တွင် ထိုသို့ပြုရန်မကြိုးစားရပါ။ များသောအားဖြင့် လက်ခံရန် သူပို၍အခက်တွေ့နိုင်သည့် ကျမ်းစာသွန်သင်ချက်များကိုမဝေမျှမီ နားထောင်သူရော ကျွန်ုပ်တို့ပါကိုင်စွဲထားသည့် တူညီသောအယူအဆများအပေါ် တည်ဆောက်ပေးခြင်းသည် အကျိုးရှိသည်။ ဤသို့ပြုရန် စိတ်ရှည်မှုနှင့် လိမ္မာပါးနပ်မှု ရှိဖို့လို၏။ ပေါလုသည် အာရေတောင်မင်းများကို သက်သေခံသည့်အခါ ဤကိစ္စတွင် ပုံသက်သေကောင်းချမှတ်ခဲ့သည်။—တ. ၁၇:၁၈၊ ၂၂-၃၁။

၇ ထို့ထက်ကား၊ ကိုယ်ကျိုးမဖက်သောမေတ္တာ သည် ထိရောက်သော ဆက်သွယ်ပြောဆိုသူများဖြစ်ရန် ကူညီပေး၏။ ယေရှုနည်းတူ ကျွန်ုပ်တို့သည် “ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ဖြစ်ကြ” သူများကို သနားရမည်။ (မ. ၉:၃၆) ယင်းက သူတို့ထံ သတင်းကောင်းဆောင်ကြဉ်းပေးရန်နှင့် အသက်လမ်းပေါ်ရောက်ဖို့ သူတို့အားကူညီပေးရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသည်။ ကျွန်ုပ်တို့၏သတင်းတရားမှာ မေတ္တာတရားနှင့်ဆိုင်သောကြောင့် ယင်းကို မေတ္တာရှိရှိ ဆက်ပြောဆိုနေကြစို့။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့သည် စကြဝဠာတွင် အထင်ရှားဆုံး ဆက်သွယ်ပြောဆိုရှင်များ—ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်—ကိုတုပကြသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ