ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၀၃ စာ. ၁
  • ‘ထိုစကားကိုခံယူလော့’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘ထိုစကားကိုခံယူလော့’
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်တစ်ကိုယ်ရေဘဝကို ပညာရှိစွာ အသုံးချပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • တစ်ကိုယ်ရေနေခြင်း—စိတ်ရှုပ်ထွေးမှုမရှိဘဲလုပ်ဆောင်ဖို့အတွက် တံခါးတစ်ခု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ယေဟောဝါ၏အမှုတော်တွင် တစ်ကိုယ်ရေဘဝနှင့် အားရကျေနပ်နေခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
နဓ ၄/၀၃ စာ. ၁

‘ထိုစကားကိုခံယူလော့’

၁ တစ်ခါက မိမိ၏တပည့်တော်များနှင့် အိမ်ထောင်မင်္ဂလာအကြောင်းပြောဆိုသောအခါ ယေရှုက တစ်ကိုယ်ရေဘဝကို ‘ဆုကျေးဇူး’ တစ်ခုအဖြစ် ရည်ညွှန်းပြောဆိုခဲ့သည်။ ထို့နောက် ကိုယ်တော်က “ထိုစကားကို ခံယူနိုင်သောသူသည် ခံယူစေ” ဟုဆိုသည်။ (မ. ၁၉:၁၀-၁၂) နှစ်အတန်ကြာသော် တမန်တော်ပေါလုက တစ်ကိုယ်ရေဘဝ၏အကျိုးကျေးဇူးများကိုရေးသားကာ အိမ်ထောင်မပြုဘဲနေခြင်းဖြင့် မိမိ၏ပုံသက်သေကိုတုပရန် အခြားသူတို့ကို အားပေးခဲ့သည်။ (၁ ကော. ၇:၇၊ ၃၈) ယနေ့ လူအများသည် တစ်ကိုယ်ရေဘဝကို ‘ခံယူခဲ့’ ကြကာ ယင်း၏အကျိုးကျေးဇူးများကို ခံစားနေကြသည်။ ၎င်းအကျိုးကျေးဇူးများမှ အချို့ကားအဘယ်နည်း။

၂ “အာရုံပျံ့လွင့်ခြင်းမရှိဘဲ” အမှုတော်ဆောင်ခြင်း– တစ်ကိုယ်ရေဘဝကြောင့် “စိတ်ရှုပ်ထွေး [“အာရုံပျံ့လွင့်၊” ကဘ] ခြင်းမရှိဘဲ” ယေဟောဝါ၏အမှုတော်ဆောင်ခွင့်ရခဲ့ခြင်းဖြစ်ကြောင်း ပေါလုသဘောပေါက်ခဲ့သည်။ အလားတူပင် ယနေ့လည်း တစ်ကိုယ်ရေညီအစ်ကိုတစ်ဦးသည် ဓမ္မအမှုထမ်းသင်တန်းကျောင်းအတွက် လျှောက်နိုင်ကာ တစ်ကိုယ်ရေသမားတစ်ဦးသည် ရှေ့ဆောင်လုပ်ရန်၊ အခြားဘာသာစကားတစ်ခုသင်ယူရန်၊ သာ၍လိုအပ်သောနေရာသို့ ပြောင်းရွှေ့ရန်၊ ဗေသလတွင်အမှုထမ်းရန် သို့မဟုတ် အခြားသော အထူးလုပ်ငန်းတော်အခွင့်အရေးများအတွက် အသုံးတော်ခံရန် ယေဘုယျအားဖြင့် ပို၍လွတ်လပ်ကြသည်။ သူသည် ကိုယ်ပိုင်လေ့လာမှုနှင့် တွေးတောဆင်ခြင်မှုကို နက်နက်နဲနဲပြုလုပ်ရန်၊ နှလုံးပါသောဆုတောင်းချက်ဖြင့် ယေဟောဝါနှင့် ရင်းနှီးစွာပြောဆိုဆက်ဆံရန် အချိန်နှင့် အခွင့်အရေးများ ပိုရရှိနိုင်သည်။ အိမ်ထောင်မရှိသူသည် အခြားသူများအားကူညီရာတွင် မိမိကိုယ်ကိုပေးဆက်ရန် အချိန်ပိုရလေ့ရှိသည်။ ထိုသို့သောလုပ်ဆောင်မှုအားလုံးသည် လူတစ်ဦး၏ “အကျိုး” အတွက်ဖြစ်၏။—၁ ကော. ၇:၃၂-၃၅; တ. ၂၀:၃၅။

၃ ဘုရားသခင်၏အမှုတော်ကို ထိုသို့အာရုံမပျံ့လွင့်ဘဲထမ်းဆောင်ခြင်းက ကြွယ်ဝသောဆုကျေးဇူးများရရှိစေသည်။ ကင်ညာနိုင်ငံတွင် ၂၇ နှစ်နေပြီးနောက် တစ်ကိုယ်ရေညီအစ်မတစ်ဦးက ဤသို့ရေးခဲ့သည်– “မိတ်ဆွေတွေအများကြီးရှိပြီး လုပ်စရာတွေလည်း အများကြီးရှိခဲ့တယ်! ကျွန်မတို့အတူတူလုပ်ကိုင်ကြ [ပြီး] တစ်ဦးဆီကိုတစ်ဦး လည်ပတ်ခဲ့ကြတယ်။ . . . တစ်ကိုယ်ရေဘဝကြောင့်ရရှိတဲ့ အပိုလွတ်လပ်ချိန်နဲ့ ပြောင်းရွှေ့နိုင်ခွင့်ကို ဓမ္မအမှုမှာအလုပ်များနေဖို့ အသုံးချနိုင်ခဲ့တယ်။ အဲဒါက ကျွန်မကို အလွန်ပဲပျော်ရွှင်စေခဲ့တယ်။” “နှစ်များတစ်လျှောက်မှာ ယေဟောဝါနဲ့ ကျွန်မရဲ့ဆက်ဆံရေးဟာ ပိုမိုလေးနက်လာတယ်” ဟူ၍သူဆက်ပြောသည်။

၄ ထိုစကားကိုခံယူခြင်း– တစ်ကိုယ်ရေဘဝ၏ဆုကျေးဇူးကို ပြုစုပျိုးထောင်ရသည့်ရည်ရွယ်ချက်မှာ “ကောင်းကင်နိုင်ငံတော်အဖို့အလို့ငှာ” ဖြစ်သင့်သည်ဟု ယေရှုမိန့်ဆိုခဲ့သည်။ (မ. ၁၉:၁၂) မည်သည့်ဆုကျေးဇူးမဆိုကဲ့သို့ ရွှင်လန်းမှုနှင့် အကျိုးကျေးဇူးများရရှိရန် တစ်ကိုယ်ရေဘဝကို တော်မှန်စွာအသုံးချရမည်။ တစ်ကိုယ်ရေဘဝကြောင့်ရရှိသည့် အခွင့်အရေးများကို ကောင်းစွာအသုံးချကာ ဉာဏ်ပညာနှင့် ခွန်အားရရှိရန် ယေဟောဝါကိုမှီခိုအားထားခြင်းဖြင့် အိမ်ထောင်မရှိသူများစွာသည် တစ်ကိုယ်ရေဆုကျေးဇူးခံယူခြင်း၏တန်ဖိုးကို နားလည်လာကြပြီဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ