ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၀၃ စာ. ၁
  • လန်းဆန်းစေသောလုပ်ငန်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လန်းဆန်းစေသောလုပ်ငန်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ကျွန်တော့်ဆီ လာကြပါ။ ခင်ဗျားတို့ကို လန်းဆန်းစေမယ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ‘သင်တို့စိုးလ်များအတွက် လန်းဆန်းမှုတွေ့ရှိခြင်း’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • “ငါ့ထမ်းပိုးသည် ထမ်းလွယ်၍ ငါ့ဝန်လည်းပေါ့၏”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ယေရှုက လန်းဆန်းမှုပေး
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
နဓ ၈/၀၃ စာ. ၁

လန်းဆန်းစေသောလုပ်ငန်း

၁ ကျမ်းစာသတင်းတရားသည် ယင်းကို အသက်တာတွင် လက်ခံကျင့်သုံးသူအားလုံးအား လန်းဆန်းစေ၏။ (ဆာ. ၁၉:၇၊ ၈) ယင်းက သူတို့အား မှားယွင်းသည့်သွန်သင်ချက်များနှင့် အန္တရာယ်ရှိသောအကျင့်များမှ လွတ်မြောက်စေကာ အနာဂတ်အတွက် စိတ်ချရသောမျှော်လင့်ချက်ကို ပေးသည်။ သို့သော် သတင်းကောင်းကို လက်ခံသူများသာ အကျိုးခံစားရသည် မဟုတ်ချေ။ အခြားသူများအား လန်းဆန်းစေသော ကျမ်းစာသမ္မာတရားကို ဝေငှသူများလည်း ကိုယ်တိုင်လန်းဆန်းမှု ခံစားကြရသည်။—သု. ၁၁:၂၅။

၂ ဓမ္မအမှုက အားတက်လန်းဆန်းစေ– ယေရှုက ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းပါဝင်သော ခရစ်ယာန်တပည့်ဖြစ်ခြင်းထမ်းပိုးကို ထမ်းသူများ၏ “စိုးလ်သည် လန်းဆန်း” မှုရရှိမည်ဟု မိန့်ဆိုခဲ့သည်။ (မ. ၁၁:၂၉၊ ကဘ) အခြားသူများအား သက်သေခံခြင်းသည် အားတက်လန်းဆန်းစေကြောင်း ကိုယ်တော်တိုင် တွေ့ရှိခဲ့သည်။ ယင်းသည် ကိုယ်တော့်အတွက် စားစရာကဲ့သို့ဖြစ်၏။ (ယော. ၄:၃၄) တပည့်တော် ၇၀ သည် ဟောပြောရန်စေလွှတ်ခံရသောအခါ မိမိတို့၏ကြိုးစားမှုများအား ယေဟောဝါကူညီပံ့ပိုးပေးနေသည်ကို တွေ့မြင်ရ၍ ဝမ်းသာကြသည်။—လု. ၁၀:၁၇။

၃ ယနေ့ ခရစ်ယာန်များစွာလည်း ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ခြင်းဖြင့် အားတက်လန်းဆန်းလာကြသည်။ ညီအစ်မတစ်ဦးက ဤသို့ဆိုသည်– “ဓမ္မအမှုဟာ ကျွန်မရဲ့ဘဝကို ညွှန်ကြားပြီး ရည်ရွယ်ချက်ရှိစေတဲ့အတွက် လန်းဆန်းစေတယ်။ လုပ်ငန်းတော်မှာ ကျွန်မပါဝင်တဲ့အခါ ကိုယ်ရေးကိုယ်တာပြဿနာတွေ၊ နေ့တိုင်းခံစားနေရတဲ့ ဖိစီးမှုတွေဟာ ဘာမှမဟုတ်သလို ဖြစ်သွားတယ်။” စိတ်ထက်သန်သောဓမ္မအမှုဆောင် နောက်တစ်ဦးက ဤသို့ဆိုသည်– “ဓမ္မအမှုက . . . ယေဟောဝါဟာ ကျွန်မအတွက် နေ့စဉ်နေ့တိုင်း တကယ့်ပုဂ္ဂိုလ်ဖြစ်လာစေပြီး အခြားဘယ်နည်းနဲ့မှမရနိုင်တဲ့ ငြိမ်သက်မှုနဲ့ အတွင်းပျော်ရွှင်မှုကိုလည်း ရစေပါတယ်။” “ဘုရားသခင်၏ လုပ်ဖော်ဆောင်ဖက်များ” ဖြစ်ရခြင်းသည် တကယ့်အခွင့်ထူးပါတကား!—၁ ကော. ၃:၉၊ ကဘ။

၄ ခရစ်တော်၏ထမ်းပိုးသည် ထမ်းလွယ်၏– “ကြိုးစားအားထုတ်ကြ” ရန် ခရစ်ယာန်များအား တိုက်တွန်းထားသော်လည်း ယေရှုသည် ကျွန်ုပ်တို့ပေးနိုင်သည်ထက် ပို၍မတောင်းဆိုပါ။ (လု. ၁၃:၂၄) အမှန်မှာ၊ ကိုယ်တော်က ‘သူနှင့်အတူ ထမ်းပိုးထမ်း’ ရန် ကျွန်ုပ်တို့ကို မေတ္တာဖြင့်ဖိတ်ခေါ်သည်။ (မ. ၁၁:၂၉၊ ကဘ၊ အောက်ခြေမှတ်ချက်) ခက်ခဲသောအခြေအနေများနှင့် ရင်ဆိုင်ရသူများသည် အကန့်အသတ်ရှိသော်လည်း မိမိတို့၏စိုးလ်အကြွင်းမဲ့ အမှုဆောင်ခြင်းကို ဘုရားသခင်နှစ်သက်တော်မူကြောင်း စိတ်ချနိုင်သည်။—မာ. ၁၄:၆-၈; ကော. ၃:၂၃။

၅ နာမတော်အတွက် ကျွန်ုပ်တို့လုပ်ဆောင်သမျှကို တန်ဖိုးထားသောဘုရားသခင်၏အမှုတော် ထမ်းဆောင်ရခြင်းသည် မည်မျှလန်းဆန်းမှုဖြစ်စေသည်တကား! (ဟေဗြဲ ၆:၁၀) ကိုယ်တော်အား အတတ်နိုင်ဆုံးပေးဆက်ရန် အစဉ်ကြိုးစားနိုင်ကြပါစေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ