ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၉/၀၅ စာ. ၁
  • ဌာနခွဲစာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဌာနခွဲစာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဌာနခွဲရုံးမှာ ဘာတွေလုပ်ဆောင်နေကြသလဲ
    ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
  • ဌာနခွဲမှစာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
  • မေတ္တာ၊ ယုံကြည်မှုနှင့် နာခံမှုတို့၏သက်သေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • သတင်းကောင်း ဝေမျှခြင်းကို အထောက်အကူပြုတဲ့ ဆောက်လုပ်ရေး
    အလှူငွေတွေကို အသုံးပြုပုံ
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
နဓ ၉/၀၅ စာ. ၁

ဌာနခွဲစာ

ချစ်လှစွာသောနိုင်ငံတော်ကြေညာသူများ–

ကျွန်ုပ်တို့သည် လုပ်ငန်းတော်နှစ်သစ်အစကို စောင့်မျှော်နေစဉ် လွန်ခဲ့သည့်နှစ်အတွင်း ပြီးမြောက်ခဲ့ရာများကြောင့် ဝမ်းမြောက်စရာအကြောင်းကောင်းရှိပါသည်။ ၂၀၀၅ ခုနှစ်၊ မတ်လတွင် လယ်ကွင်းဓမ္မအမှု၌ပါဝင်သူ အများဆုံးကြေညာသူနှုန်းသစ် ၃,၀၉၃ ယောက်ရရှိခဲ့သည်။ ထိုလတွင် အောက်မေ့ရာပွဲတက်ရောက်သူ အများဆုံးနှုန်းသစ် ၇,၂၇၁ ယောက်ကိုလည်းရရှိခဲ့သည်။ အသင်းတော်များစွာတွင် တက်ရောက်သူ အရေအတွက်မှာ ကြေညာသူအရေအတွက်၏ ၂၀၀% ကျော်ရှိပြီး ယင်းက နောက်ထပ်တိုးတက်ရန် အလားအလာရှိကြောင်း ဖော်ပြနေပါသည်။ ကြေညာသူ ၃ ယောက်သာရှိသည့် သီးခြားအုပ်စုတစ်ခုတွင် အောက်မေ့ရာပွဲကို ၈၂ ယောက်တက်ရောက်ခဲ့သည်။

လွန်ခဲ့သည့်လအနည်းငယ်က နိုင်ငံအတွင်း နယ်မြေသစ်များကို ဟောပြောခြင်းလုပ်ငန်းအတွက် ဖွင့်လှစ်ခဲ့သည်။ ယင်းတို့တွင် စစ်တွေ၊ ဖားကန့်၊ ဓနုဖြူနှင့် သောင်စုတို့ပါဝင်သည်။ သာ၍လိုအပ်သောနေရာများတွင် အကူအညီပေးရန် မိမိတို့ကိုယ်ကို လိုလိုလားလားအသုံးတော်ခံသူအားလုံးကို ကျေးဇူးတင်လေးမြတ်ကြောင်း ကျွန်ုပ်တို့ပြောလိုပါသည်။ ထို့ပြင် များစွာသောသူတို့အား၊ အထူးသဖြင့် ကျွန်ုပ်တို့၏ ညီအစ်ကိုညီအစ်မငယ်များအနေဖြင့် အချိန်ပြည့်ဓမ္မအမှုတွင် ပါဝင်ခြင်းကို အလေးအနက်စဉ်းစားကြဖို့ တိုက်တွန်းပါသည်။ မြန်မာနိုင်ငံ၏မှတ်တမ်းအားလုံးက “သခင်၏အမှုတော်၌ လုပ်ကိုင်စရာများစွာ” ရှိနေကြောင်း ဖော်ပြပါသည်။ ဌာနခွဲသည် နိုင်ငံတစ်ဝန်းရှိလူတို့ထံမှ ကျမ်းစာသင်အံမှု သို့မဟုတ် ထပ်ဆင့်အချက်အလက်များ တောင်းခံသည့်စာများကို အပတ်တိုင်းရရှိပါသည်။ လောလောဆယ် ကျွန်ုပ်တို့တွင် စိတ်ဝင်စားသူအားလုံးကို ကိုင်တွယ်ရန် အရည်အချင်းပြည့်မီသောကြေညာသူများ အလုံအလောက်မရှိပါ။

ကျွန်ုပ်တို့နှင့်အတူ အမှုဆောင်ရန် နိုင်ငံခြားမှ ညီအစ်ကိုညီအစ်မများအတော်အသင့်ရှိနေသည့်အတွက် ကျွန်ုပ်တို့အားရမိပါသည်။ သူတို့၏အတွေ့အကြုံသည် အလွန်တန်ဖိုးရှိပြီး သူတို့၏ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို ကျွန်ုပ်တို့လေးစားပါသည်။ သို့သော် သူတို့သည် ဆန္ဒရှိသလောက် လွတ်လပ်စွာအမှုဆောင်၍မရပါ၊ အထူးလိုအပ်သည့်နယ်မြေများသို့လည်း ပြောင်းရွှေ့၍မရပါ။ ထို့ကြောင့် လွတ်လပ်စွာအမှုဆောင်နိုင်သည့် ဒေသခံကြေညာသူများနှင့် ရှေ့ဆောင်များအား မိမိတို့၏ဓမ္မအမှုကိုတိုးချဲ့ရန် နည်းလမ်းများရှာကြံကြဖို့ ကျွန်ုပ်တို့တိုက်တွန်းပါသည်။ မိဘတို့၊ ရှေ့ဆောင်ဓမ္မအမှုတွင် ပါဝင်လိုသည့်ဆန္ဒကို သင်တို့၏သားသမီးများ၌ ထည့်သွင်းပေးနိုင်မည်လော။ ကျောင်းပြီးသည့်တိုင် အလုပ်အကိုင်အာမခံချက်မရှိသည့် ကောလိပ် သို့မဟုတ် တက္ကသိုလ် အဆင့်မြင့်ပညာရေးကို လိုက်စားမည့်အစား လူတို့အား သမ္မာတရားသင်ပေးခြင်းထက် သာ၍ကောင်းသောအလုပ် ရှိနိုင်ပါမည်လော။ ကိုယ်တော့်ဓမ္မအမှုတွင် လုပ်ဆောင်သော မည်သည့်အလုပ်မဆိုသည် ‘ဘယ်အခါမျှ အချည်းနှီးဖြစ်မည်မဟုတ်’ ကြောင်းသိရှိထားကာ ကျွန်ုပ်တို့အား ပြီးစီးသည်အထိ ယေဟောဝါ၏လေ့ကျင့်ပေးမှုကို ခွင့်ပြုခြင်းသည် အလွန်ကောင်းပေသည်။—၁ ကော. ၁၅:၅၈၊ ကဘ; ၁ ပေ. ၅:၁၀၊ ကဘ။

ကျွန်ုပ်တို့ကို များစွာပျော်ရွှင်စေသည့် အခြားအရာတစ်ခုမှာ မဂ္ဂဇင်းဖြန့်ဝေမှုတိုးတက်လာခြင်းဖြစ်သည်။ အသင် ချစ်လှစွာသောညီအစ်ကို ညီအစ်မများ၏ရပ်ကွက်ရှိ လူတို့အား ဝေငှနိုင်ရန် မဂ္ဂဇင်းများကို ဘာသာပြန်ခြင်း၊ ပုံနှိပ်ခြင်းနှင့် ထုပ်ပို့ပေးမှုများတွင် ဗေသလမိသားစု၏ စိတ်ရင်းမှန်ဖြင့် ကြိုးပမ်းအားထုတ်မှုများကို ကျွန်ုပ်တို့ အလွန်ကျေးဇူးတင်ကြပါသည်။ လွန်ခဲ့သည့်နှစ်နှစ်က မဂ္ဂဇင်းတစ်မျိုးလျှင် စောင်ရေ ၆,၀၀၀ သာပုံနှိပ်ခဲ့ပါသည်။ ယခုဆိုလျှင် တစ်မျိုးကို စောင်ရေ ၄၀,၀၀၀ အထိ တိုးမြှင့်ပုံနှိပ်ပါသည်။ ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းသည် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် လူသိအလွန်များလာပါသည်။ လူတို့သည် အလွန်ကောင်းသည့်ဆောင်းပါးများကို ဖတ်ချင်ကြရာ ယင်းတို့ကို လိုလိုလားလားလက်ခံကြသည်။ ထို့ကြောင့် မဂ္ဂဇင်းများကို သင်တို့နှင့်အတူ အချိန်တိုင်းယူဆောင်သွားကာ အခွင့်အရေးရတိုင်း ယင်းတို့ကိုဝေငှရန် ကျေးဇူးပြု၍ နိုးကြားနေပါ။ အိမ်တွင် သို့မဟုတ် နိုင်ငံတော်ခန်းမတွင် မဂ္ဂဇင်းများစုပုံမနေစေပါနှင့်။ ယင်းတို့ကို လူထု၏လက်ထဲရောက်ရန် နည်းလမ်းများရှာကြံပါ။ ဤသမ္မာတရားမျိုးစေ့များ မည်သို့ဖြစ်သွားမည်၊ မည်သူသည် ယင်းတို့အား တန်ဖိုးထားမည်ကို မည်သူသိမည်နည်း။—ဒေ. ၁၁:၁။

နိုင်ငံတော်အကျိုးစီးပွားတိုးတက်ရန် ဤထက်သန်သောလုပ်ဆောင်မှုအားလုံးသည် အလွန်ချီးကျူးထိုက်၏။ လုပ်ငန်းတော်အတွက် သင်တို့၏ငွေကြေးထောက်ပံ့မှုကိုလည်း အလွန်ကျေးဇူးတင်လေးမြတ်ပါသည်။ (သု. ၃:၉၊ ၁၀) “ဘုန်းတော်ကိုချီးမွမ်း” ရန် ကျွန်ုပ်တို့၏ တညီတညွတ်တည်း ကြိုးပမ်းအားထုတ်မှုများကို ယေဟောဝါကောင်းချီးပေးပါစေ။—ဧ. ၁:၁၂။

သင်တို့၏ညီအစ်ကိုများ၊

မြန်မာနိုင်ငံဌာနခွဲရုံး

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ