ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၉/၀၇ စာ. ၁
  • အမှုဆောင်လုပ်ငန်းတွင် တက်လှမ်းနေခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အမှုဆောင်လုပ်ငန်းတွင် တက်လှမ်းနေခြင်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားပေး တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နေသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • လူငယ်ညီအစ်ကိုများ၊ ရှေ့ကို တက်လှမ်းနေကြသလား
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • သင့်ဓမ္မအမှုကို တိုးချဲ့ရန် နည်းလမ်းများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
  • ကြိုးစားတက်လှမ်းဖို့ ညီအစ်ကိုတွေကို ကူညီပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
နဓ ၉/၀၇ စာ. ၁

အမှုဆောင်လုပ်ငန်းတွင် တက်လှမ်းနေခြင်း

၁ တမန်တော်ပေါလုက ခရစ်ယာန်များအား ဘုရားသခင်၏လမ်းစဉ်၌ လျှောက်လှမ်းရန်နှင့် “တိုးပွား၍ကြွယ်ဝပြည့်စုံ” ရန် တိုက်တွန်းခဲ့သည်။ (၁ သက်. ၄:၁) ယင်းက ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။ တစ်ချက်အနေဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှစ်သက်သည့်လုပ်ငန်း၌ တိုး၍ပါဝင်နိုင်ရန်၊ တစ်နည်းအားဖြင့် အမှုဆောင်လုပ်ငန်းကို “အပြည့်အဝကျေပွန်နိုင်ရန်” နည်းလမ်းများကို ကြိုးစားရှာဖွေနေသင့်သည်။—၂ တိ. ၄:၅၊ ကဘ။

၂ ရည်ရွယ်ချက်– ဖန်ဆင်းရှင်၏အမှုတော်ကို အပြည့်အဝထမ်းဆောင်လိုသောကြောင့် အမှုဆောင်လုပ်ငန်းတွင် ကျွန်ုပ်တို့တိုး၍ပါဝင်ကြသည်။ ကျွန်ုပ်တို့သည် ယေဟောဝါနှင့် ကောင်းသောဆက်ဆံရေးရှိလိုပြီး အမှုဆောင်လုပ်ငန်းကို တိုးတက်စေမည့်နည်းလမ်းများကို ရှာဖွေလိုကြသည်။ အစီအစဉ်ဇယားကောင်းနှင့် ရည်ရွယ်ချက်မှန်ရှိခြင်းက သီအိုကရက်တစ်ပန်းတိုင်များကို လက်လှမ်းမီစေပါလိမ့်မည်။—ဆာ. ၁:၁၊ ၂; ဖိ. ၄:၆; ဟေဗြဲ ၁၀:၂၄၊ ၂၅။

၃ ကျွန်ုပ်တို့၏အမှုဆောင်လုပ်ငန်းကို တိုးချဲ့နိုင်ရန် ကိုယ်ကျိုးစွန့်စိတ်ဓာတ် မွေးမြူဖို့လိုသည်။ ယေရှု၏ပုံသက်သေကောင်းကို ဆုတောင်း၍တွေးတောဆင်ခြင်ခြင်းဖြင့် ထိုစိတ်ဓာတ်ကို မွေးမြူနိုင်သည်။ (မ. ၂၀:၂၈) ယေရှုသည် မြေကြီးပေါ်အမှုဆောင်ချိန်အတွင်း အခြားသူများ၏အကျိုးအတွက် လုပ်ဆောင်ပေးခြင်းမှ အလွန်ဝမ်းမြောက်မှု ခံစားခဲ့ရသည်။ (တ. ၂၀:၃၅) ကျွန်ုပ်တို့လည်း လူတို့၏အကျိုးကို အထူးစိတ်ဝင်စားခြင်း၊ အမှုဆောင်လုပ်ငန်းကိုတိုးချဲ့ရန် အခွင့်အရေးမှန်သမျှကို အသုံးချခြင်းဖြင့် ယေရှုကို တုပနိုင်ပါသည်။—ဟေရှာ. ၆:၈။

၄ မိဘများ၏ကဏ္ဍ– သားသမီးများငယ်စဉ်ကတည်းက အခြားသူတို့၏အကျိုးကို သယ်ပိုးလိုစိတ်၊ အမှုဆောင်လုပ်ငန်းတွင် တိုး၍ပါဝင်လိုစိတ်ရှိရန် သွန်သင်ပေးနိုင်သည်။ ကလေးများသည် မိသားစုဝင်များ၏ဇွဲထက်သန်မှု၊ အမှုဆောင်လုပ်ငန်းကိုတိုးချဲ့ရာတွင် တက်တက်ကြွကြွပါဝင်မှုတို့ကို သတိပြုမိလိမ့်မည်။ ညီအစ်ကိုတစ်ဦးသည် သူငယ်စဉ်က အဘိုးဖြစ်သူနှင့်အတူ အသင်းတော်လုပ်ငန်းများတွင် ပါဝင်ခဲ့သည်။ သူ့အဘိုး၏ဇွဲထက်သန်မှု၊ ပျော်ရွှင်မှုကို တွေ့မြင်ခြင်းက ဆက်၍တက်လှမ်းရန်၊ ညီအစ်ကိုများ၏အကျိုးအတွက် အတတ်နိုင်ဆုံးလုပ်ဆောင်ရန် သူ့ကိုလှုံ့ဆော်ပေးခဲ့၏။ သူသည် ယခု အသင်းတော်တွင် အမှုထမ်းတစ်ဦးအဖြစ် အမှုဆောင်နေသည်။

၅ ညီအစ်ကိုများ လုပ်သင့်ရာ– “. . . တက်လှမ်းနေသောသူသည် ကောင်းသောအမှုအရာကို တောင့်တ၏။” (၁ တိ. ၃:၁၊ ကဘ) ထိုစကားများက ယေဟောဝါ၏အဖွဲ့အစည်းတွင် ထပ်ဆင့်လုပ်ငန်းတော်အခွင့်ထူးများအတွက် အရည်အချင်းပြည့်မီအောင် ကြိုးစားဖို့ ညီအစ်ကိုများကို အားပေးနေခြင်းဖြစ်သည်။ ထိုသို့လုပ်ဆောင်နိုင်ရန် အထူးကျွမ်းကျင်မှုများ သို့မဟုတ် ပင်ကိုအစွမ်းအစများ မလိုအပ်ပေ။ တက်လှမ်းနေသော ညီအစ်ကိုတစ်ဦးသည် နိုင်ငံတော်ကိုရှေးဦးထားပြီး အမှုဆောင်လုပ်ငန်းတွင် ဇွဲရှိရှိပါဝင်မည်ဖြစ်သည်။ (မ. ၆:၃၃; ၂ တိ. ၄:၅) အခြားသူများရှေ့ ပုံသက်သေကောင်းသူဖြစ်ရန်လည်း ကြိုးစားပေလိမ့်မည်။

၆ ကမ္ဘာချီ– ယေဟောဝါသည် စုသိမ်းခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့်ကာ လုပ်ဆောင်နေ၏။ (ဟေရှာ. ၆၀:၂၂) ယေရှု၏ပုံသက်သေကို လိုက်လျှောက်သူ အားလုံးသည် အမှုဆောင်လုပ်ငန်းတွင် အပြည့်အဝပါဝင်ရန် အလွန်အရေးကြီးနေသည်။ ၂၀၀၆ လုပ်ငန်းတော်နှစ်၏ ကမ္ဘာချီမှတ်တမ်းက ၂၄၈,၃၂၇ ဦးနှစ်ခြင်းခံကြောင်း ဖော်ပြသည်။ ယင်းက ပျမ်းမျှအားဖြင့် လူသစ် ၆၈၀ ကျော်သည် နေ့စဉ်နှစ်ခြင်းခံသည်ဟူသော သဘောဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့အားလုံး အမှုဆောင်လုပ်ငန်းတွင် ပို၍အပြည့်အဝပါဝင်နိုင်ရန် နည်းလမ်းများကို ရှာဖွေနေကြပါစို့။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ