ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၃/၀၈ စာ. ၁
  • ယေဟောဝါကို ကျွန်ုပ်တို့ပေးဆက်နိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါကို ကျွန်ုပ်တို့ပေးဆက်နိုင်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • စွမ်းအင်ချွေတာခြင်းအကြောင်း သိသင့်သိအပ်ရာ
    နိုးလော့!—၂၀၁၇
  • ဘုရားသခင့် နိုင်ငံတော်အတွက် သင် ကိုယ်ကျိုးစွန့်မလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • အရာအားလုံးရှိထားတဲ့အရှင်ကို ဘာကြောင့် ပေးနေရမလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ဘုရားပေး တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နေသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
နဓ ၃/၀၈ စာ. ၁

ယေဟောဝါကို ကျွန်ုပ်တို့ပေးဆက်နိုင်

၁ လူသားတို့သည် ဘုရားသခင်အား တစ်စုံတစ်ခုပေးဆက်နိုင်ကြောင်း သင်သိသလော။ အာဗေလသည် ၎င်း၏တန်ဖိုးရှိသည့် တိရိစ္ဆာန်အချို့ကို ယေဟောဝါထံ ယဇ်ပူဇော်ခဲ့ပြီး နောဧနှင့်ယောဘလည်း အလားတူပူဇော်သကာများကို ဆက်သခဲ့ကြသည်။ (က. ၄:၄; ၈:၂၀; ယောဘ ၁:၅) ဖန်ဆင်းရှင်သည် ထိုအရာအားလုံးကို ပိုင်ဆိုင်ပြီးဖြစ်သောကြောင့် ထိုကဲ့သို့ပူဇော်ရာများက ကိုယ်တော်အား မည်သည့်နည်းဖြင့်မျှ ပို၍ကြွယ်ဝမသွားစေပါ။ သို့သော် ပူဇော်ရာယဇ်များသည် ထိုသစ္စာရှိသူများတွင် ဘုရားအားနက်ရှိုင်းသည့် မေတ္တာရှိကြောင်း ဖော်ပြသည်။ ယနေ့အချိန်တွင် ကျွန်ုပ်တို့၏ အချိန်၊ ခွန်အားနှင့် ပိုင်ဆိုင်ရာများကို အသုံးပြုခြင်းဖြင့် “ချီးမွမ်းခြင်းယဇ်” ကို ယေဟောဝါအား ပေးဆက်နိုင်သည်။—ဟေဗြဲ ၁၃:၁၅။

၂ အချိန်– အမှုဆောင်လုပ်ငန်းတွင် အပြည့်အဝပါဝင်ရန် အရေးမကြီးသည့်အရာအချို့မှ အချိန်ကို “ဝယ်ယူ” ခြင်းသည် ချီးမွမ်းဖွယ်ပင်! (ဧ. ၅:၁၅-၁၆၊ ကဘ) တစ်နှစ်တွင် အရန်ရှေ့ဆောင် တစ်လ သို့မဟုတ် ထိုထက်မက လုပ်ဆောင်နိုင်ရန် ကျွန်ုပ်တို့၏ အချိန်ဇယားကို ပြုပြင်ပြောင်းလဲနိုင်သည်။ အမှုဆောင်လုပ်ငန်းတွင် ပုံမှန်အသုံးပြုသည့်အချိန်ထက် ပို၍အသုံးပြုနိုင်သည်။ တစ်ပတ်တွင် အပိုမိနစ် ၃၀ လယ်ကွင်းတွင်ရှိနေခြင်းက တစ်လတွင် အနည်းဆုံးနှစ်နာရီ ကျွန်ုပ်တို့၏ဓမ္မအမှုကို တိုးချဲ့စေလိမ့်မည်!

၃ ခွန်အား– ကျွန်ုပ်တို့၏ခွန်အားကို အမှုဆောင်လုပ်ငန်းတွင် အသုံးပြုရန်အတွက် ယေဟောဝါကို ကျွန်ုပ်တို့၏အကောင်းဆုံးအရာများ မပေးဆက်နိုင်လောက်သည့်အထိ ပင်ပန်းနွမ်းနွယ်စေသည့် အပန်းဖြေခြင်းနှင့် အလုပ်လုပ်ခြင်းတို့ကို ရှောင်ရှားရန်လိုသည်။ ဘုရားအတွက်အမှုဆောင်ရာတွင် အသုံးပြုမည့် ကျွန်ုပ်တို့၏ခွန်အားကို ပျောက်ဆုံးစေပြီး စိတ်နှလုံးကို “ညှိုးငယ်” စေနိုင်သည့် စိုးရိမ်ပူပန်မှုများကို ဘေးဖယ်ထားရန်လည်းလိုအပ်သည်။ (သု. ၁၂:၂၅) အကယ်၍ ကျွန်ုပ်တို့တွင် အမှန်စိုးရိမ်သင့်သည့်ကိစ္စများရှိနေလျှင်ပင် “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရားထံ၌ ချထား” နိုင်ခြင်းသည် မည်မျှကောင်းလိုက်လေခြင်း!—ဆာ. ၅၅:၂၂; ဖိ. ၄:၆၊ ၇။

၄ ပိုင်ဆိုင်ရာများ– ကျွန်ုပ်တို့၏ ရုပ်ပစ္စည်းပိုင်ဆိုင်ရာများကို ဟောပြောခြင်းလုပ်ငန်းတွင်ထောက်ပံ့ရန် ပေးဆက်နိုင်သည်။ ပုံမှန် “ဥစ္စာတစ်ဖို့ကို ထုတ်၍စုထားကြ” ခြင်းဖြင့် လိုအပ်နေသူများအား တစ်စုံတစ်ခုကူညီပေးနိုင်ရန် ခရစ်ယာန်ချင်းများကို ပေါလုအားပေးခဲ့သည်။ (၁ ကော. ၁၆:၁၊ ၂) အလားတူ ကျွန်ုပ်တို့လည်း ငွေအချို့စုထားခြင်းဖြင့် ဒေသခံအသင်းတော်လိုအပ်ရာများကိုသာမက ကမ္ဘာချီလုပ်ငန်းအတွက်ပါ ပါဝင်လှူဒါန်းနိုင်သည်။ အနည်းငယ်ပင်ဖြစ်ပါစေ ကျွန်ုပ်တို့၏ နှလုံးထဲမှပေးဆက်ရာများကို ယေဟောဝါတန်ဖိုးထားပေသည်။—လု. ၂၁:၁-၄။

၅ ယေဟောဝါသည် ကျွန်ုပ်တို့အားများစွာပေးထားပါသည်။ (ယာ. ၁:၁၇) ထို့ကြောင့် ကိုယ်တော်၏အမှုတော်ကို ထမ်းဆောင်ရန် ကျွန်ုပ်တို့၏ အချိန်၊ ခွန်အားနှင့် အခြားပိုင်ဆိုင်ရာများကို လိုလိုလားလားပေးဆက်ခြင်းဖြင့် ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြကြသည်။ ထိုကဲ့သို့လုပ်ဆောင်ခြင်းဖြင့် “စေတနာစိတ်နှင့်လှူသောသူကိုသာ နှစ်သက်တော်မူသည့် ဘုရားသခင်” ယေဟောဝါကို ဝမ်းသာစေနိုင်သည်။—၂ ကော. ၉:၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ