ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၆/၀၈ စာ. ၄
  • အိမ်ရှင်သည် အခြားဘာသာစကား ပြောသောအခါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အိမ်ရှင်သည် အခြားဘာသာစကား ပြောသောအခါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • နိုင်ငံခြားဘာသာစကားပြောလယ်ကွင်းကို တိုးတက်စေခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • သတင်းကောင်း ဟောပြောနည်းများ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • ဘာသာစကား အမျိုးမျိုးပြောတဲ့ ရပ်ကွက်မှာ ဟောပြောဖို့ ပူးပေါင်းလုပ်ဆောင်ပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
  • အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—တခြားဘာသာစကားပြောသူတွေကို သက်သေခံပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၅
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
နဓ ၆/၀၈ စာ. ၄

အိမ်ရှင်သည် အခြားဘာသာစကား ပြောသောအခါ

၁။ ရပ်ကွက်တွင်အမှုဆောင်သောအခါ အဘယ်ကြောင့် ပူးပေါင်းဆောင်ရွက်မှု ပို၍လိုအပ်သနည်း။

၁ ကမ္ဘာတစ်ဝန်း နိုင်ငံတော်ကြေညာသူများသည် အသင်းတော်သုံးဘာသာစကားမဟုတ်ဘဲ အခြားဘာသာစကားပြောသော စိတ်ဝင်စားသည့်လူတို့ကို ပို၍မကြာခဏတွေ့ရှိကြသည်။ ထိုသို့သောသူတို့ကို ဝိညာဉ်ရေးရာကူညီပေးဖို့ ဌာနခွဲများစွာသည် ဘာသာစကားအုပ်စုများနှင့် အသင်းတော်များဖွဲ့စည်းရန် လိုအပ်ကြောင်း တွေ့ရှိလာသည်။ ဒေသတစ်ခုတွင် ဘာသာစကားအမြောက်အမြားပြောဆိုနိုင်သောကြောင့် မတူညီသောဘာသာစကားပြောအသင်းတော်အချို့သည် ရပ်ကွက်တစ်ခုတည်းတွင် ဟောပြောပေမည်။ ဟောပြောခြင်းလုပ်ငန်း စနစ်တကျလုပ်ဆောင်ကြောင်း သေချာစေရန် အသင်းတော်များသည် မည်သို့ပူးပေါင်းဆောင်ရွက်နိုင်သနည်း။​—၁ ကော. ၁၄:၃၃။

၂။ တစ်အိမ်မှတစ်အိမ်ဟောပြောသောအခါ ကျွန်ုပ်တို့ဒေသရှိ သီးခြားဘာသာစကားအုပ်စု သို့မဟုတ် အသင်းတော်တစ်ခုနှင့် မည်သို့ပူးပေါင်းဆောင်ရွက်နိုင်သနည်း။

၂ ကောင်းစွာပူးပေါင်းဆောင်ရွက်မှု– လမ်းပေါ် သို့မဟုတ် အလွတ်သဘောသက်သေခံသောအခါတွင် ကြေညာသူတစ်ဦးသည် အခြားဘာသာစကားပြောသူတို့အပါအဝင် လူတိုင်းကို လွတ်လွတ်လပ်လပ်ချဉ်းကပ်သင့်ပြီး ထိုသူဖတ်လိုသည့်ဘာသာစကားဖြင့် စာပေကို ပေးသင့်သည်။ သို့သော် အခြားဘာသာစကားအုပ်စု သို့မဟုတ် အသင်းတော်တချို့လည်းလုပ်ဆောင်သော ရပ်ကွက်များတွင် တစ်အိမ်မှတစ်အိမ်သွားသောအခါ ကြေညာသူသည် သူတက်ရောက်သည့်အသင်းတော် ဘာသာစကားကိုပြောသောသူတို့၏အိမ်များကို များသောအားဖြင့် အာရုံစိုက်သင့်သည်။ သီးခြားအသင်းတော်များသည် ရပ်ကွက်တစ်ခုတည်းတွင် ဟောပြောသောအခါ ကောင်းသောမှတ်တမ်း သိမ်းဆည်းထားခြင်းသည် အလွန်အရေးကြီးသည်။ လုပ်ငန်းတော်ကြီးကြပ်မှူးများသည် အချင်းချင်းဆက်သွယ်သင့်ပြီး အားလုံးကိုအကျိုးပြုသည့်နည်းဖြင့် ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်သင့်သည်။ (သု. ၁၁:၁၄) သို့သော် တစ်အိမ်မှတစ်အိမ်သွားစဉ် အခြားဘာသာစကားပြောသူတစ်ဦးကို တွေ့ဆုံပြီး အနီးအနားတွင် ထိုဘာသာစကားပြောအသင်းတော်များမရှိပါက ကြေညာသူသည် ကြိုးစားသက်သေခံကာ စိတ်ဝင်စားသူကို ဆက်ကူညီပေးသင့်သည်။

၃။ ကျွန်ုပ်တို့အမှုဆောင်သည့်ရပ်ကွက်တွင် အမှုဆောင်နေကြသည့် မတူသောဘာသာစကားအုပ်စု သို့မဟုတ် အသင်းတော်မှ ကြေညာသူများကို ကျွန်ုပ်တို့တွေ့ဆုံသောအခါ မည်သို့တုံ့ ပြန်သင့်သနည်း။

၃ တူညီသောလုပ်ငန်း– သီးခြားအသင်းတော်များမှ ကြေညာသူများသည် ရပ်ကွက်တစ်ခုတည်းကို တစ်နေ့တည်းတွင် ဟောပြောသည့်အခါ မည်သို့ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ မှန်ပါသည်၊ ခရစ်ယာန်မေတ္တာသည် မည်သည့်ဘာသာစကားအတားအဆီးကိုမဆို ကျော်လွှားမည်ဖြစ်ပြီး အားလုံးသည် ရပ်ကွက်ရှိလူတို့လိုအပ်ရာများကို အဓိကအာရုံစိုက်ကြမည်။ (ယော. ၁၃:၃၄၊ ၃၅) ထို့ကြောင့် ဦးဆောင်သူတို့သည် အုပ်စုတစ်စု အခြားရပ်ကွက်တစ်ခုသို့ ယာယီပြောင်းသင့်မသင့် ဆုံးဖြတ်ရာတွင် အကျိုးသင့်အကြောင်းသင့်ရှိမှုနှင့် မေတ္တာကို တင်ပြသင့်သည်။​—ယာ. ၃:၁၇၊ ၁၈။

၄ ။ ယနေ့အချိန်တွင် အဘယ်ပရောဖက်ပြုချက်သည် ပြည့်စုံလျက်ရှိသနည်း။

၄ အသီးသီးဘာသာစကားပြောသောလူတို့သည် သတင်းကောင်းကို ကြားရလိမ့်မည်ဟု သမ္မာကျမ်းစာပရောဖက်ပြုခဲ့သည်။ (ဗျာ. ၁၄:၆၊ ၇) ပါဝင်သူအားလုံး အနီးကပ်ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် မလိုအပ်ဘဲ တစ်အိမ်တည်းတွင်လည်ပတ်မိသည့်အခြေအနေကို ရှောင်နိုင်ပြီး အခြားဘာသာစကားပြောသူတို့အပါအဝင် များစွာသောလူသစ်များထံ သတင်းကောင်းရောက်ရှိမည်ဖြစ်သည်။​—ဧ. ၄:၁၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ