ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၀ အမှတ် ၂ စာ. ၄-၅
  • ဘုရားသခင့်နိုင်ငံတော်ကို ဘာကြောင့် လိုအပ်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်နိုင်ငံတော်ကို ဘာကြောင့် လိုအပ်သလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူ့အုပ်ချုပ်မှု ပေါ်ပေါက်လာ
  • အချိန်ကျပြီ
  • ဘုရားသခင့်နိုင်ငံတော်—မြေကြီး၏အုပ်ချုပ်ရေးသစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ဆင်းရဲဝေဒနာကို ဘုရားသခင်ခွင့်ပြုချိန် နိဂုံးချုပ်လုပြီ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ယေဟောဝါ၏အုပ်ချုပ်ပုံနည်းလမ်း မှန်ကန်ကြောင်း သက်သေထင်ရှားပြီ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • မကောင်းမှုနဲ့ ဆင်းရဲဒုက္ခတွေ ဘာကြောင့် ရှိနေသလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
ကလ၂၀ အမှတ် ၂ စာ. ၄-၅
ဧဒင်ဥယျာဉ်မှာ အာဒံနဲ့ ဧဝ ရေတံခွန်ကို ကြည့်နေစဉ်။

ဘုရားရဲ့အုပ်ချုပ်မှုအောက်မှာ ဖန်ဆင်းခံသတ္တဝါအားလုံး စည်းလုံးမှု၊ ငြိမ်သက် အေးချမ်းမှု ရှိခဲ့

ဘုရားသခင့်နိုင်ငံတော်ကို ဘာကြောင့် လိုအပ်သလဲ

လူ့သမိုင်းအစမှာ ယေဟောဝါလို့နာမည်ရှိတဲ့ ဖန်ဆင်းရှင်ပဲ တစ်ပါးတည်းသော အုပ်စိုးရှင်ဖြစ်ခဲ့တယ်။ ယေဟောဝါဟာ မေတ္တာနည်းလမ်းနဲ့ အုပ်ချုပ်ခဲ့တယ်။ လူသားတွေနေထိုင်ဖို့ သာယာလှပတဲ့ ဧဒင်ဥယျာဉ်စံအိမ်ကို ပြုလုပ်ပြီး စားစရာတွေ အလျှံပယ် ထောက်ပံ့ပေးတယ်။ ဒါ့အပြင် လူသားတွေအတွက် အဓိပ္ပာယ်ရှိတဲ့အလုပ် ပေးခဲ့တယ်။ (ကမ္ဘာဦး ၁:၂၈၊ ၂၉။ ၂:၈၊ ၁၅) ဘုရားရဲ့ မေတ္တာပါ အုပ်ချုပ်မှုအောက်မှာ ဖန်ဆင်းခံသတ္တဝါတွေဟာ စည်းလုံးမှု၊ ငြိမ်သက်အေးချမ်းမှု ရှိခဲ့တယ်။

ဧဝ ပေးလိုက်တဲ့ တားမြစ်ထားတဲ့အသီးကို အာဒံ ကိုင်ထားစဉ်။

ပထမလူသားတွေဟာ ဘုရားကို အုပ်စိုးရှင်အဖြစ် လက်မခံခဲ့

စာတန်မာရ်နတ်ဖြစ်လာတဲ့ ပုန်ကန်သူ ကောင်းကင်တမန်ဟာ ဘုရားရဲ့ ဖြောင့်မှန်တဲ့ အုပ်ချုပ်မှုကို အန်တုခဲ့တယ်လို့ ကျမ်းစာမှာ ပြောထားတယ်။ ဘုရားရဲ့ လမ်းညွှန်မှုနဲ့ အုပ်ချုပ်မှု မရှိရင် လူတွေအတွက် ပိုကောင်းမယ်လို့ သူပြောခဲ့တယ်။ ဝမ်းနည်းစရာက ကျွန်တော်တို့ရဲ့ ပထမမိဘ ဖြစ်တဲ့ အာဒံနဲ့ ဧဝဟာ စာတန့်လမ်းစဉ်ကို လိုက်ပြီး ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့တယ်။—ကမ္ဘာဦး ၃:၁-၆။ ဗျာဒိတ် ၁၂:၉။

အာဒံနဲ့ ဧဝဟာ ဘုရားသခင်ကို အုပ်စိုးရှင်အဖြစ် လက်မခံခဲ့လို့ သာယာလှပတဲ့ ပရဒိသုစံအိမ်၊ ဒေါင်ဒေါင်မြည်ကျန်းမာရေးနဲ့ ထာဝစဉ်အသက်ရှင်ခွင့် အလားအလာတွေကို ဆုံးရှုံးလိုက်ရတယ်။ (ကမ္ဘာဦး ၃:၁၇-၁၉) သူတို့ရဲ့ ဆုံးဖြတ်ချက်ကြောင့် သားမြေးတွေလည်း ထိခိုက်ခဲ့တယ်။ အာဒံရဲ့အပြစ်ကြောင့် ‘အပြစ်ဟာ လူ့လောကထဲ ရောက်လာတယ်။ အပြစ်ကြောင့် သေခြင်းလည်း ပေါ်ပေါက်လာတယ်’ လို့ ကျမ်းစာ ပြောတယ်။ (ရောမ ၅:၁၂) အဲဒီအပြင် “ထိခိုက်နစ်နာစရာတွေပဲ” ဖြစ်စေတဲ့ “လူလူချင်း အုပ်ချုပ်” မှုလည်း ပေါ်ပေါက်လာတယ်။ (ဒေသနာ ၈:၉) လူလူချင်း အုပ်ချုပ်မှုက ပြဿနာတွေပဲ ဖြစ်စေတယ်။

လူ့အုပ်ချုပ်မှု ပေါ်ပေါက်လာ

နိမ်ရောဒ မာနထောင်လွှားတဲ့ အမူအရာနဲ့ ရပ်နေစဉ်။ နောက်မှာ လူတွေ အဆောက်အဦ ဆောက်နေကြစဉ်။

နိမ်ရောဒဟာ ယေဟောဝါကို ဆန့်ကျင်ပုန်ကန်ခဲ့

ပထမဆုံး လူ့အုပ်စိုးရှင်ဟာ နိမ်ရောဒလို့ ကျမ်းစာမှာ ပြောထားတယ်။ သူဟာ ယေဟောဝါရဲ့ အုပ်ချုပ်မှုကို ပုန်ကန်ခဲ့တယ်။ နိမ်ရောဒခေတ်ကတည်းက အခွင့်အာဏာရှိသူတွေဟာ အခွင့်အာဏာကို သုံးပြီး လူတွေကို ဖိနှိပ်ခဲ့တယ်။ လွန်ခဲ့တဲ့ အနှစ် ၃,၀၀၀ လောက်က ဘုရင်ရှောလမုန် ဒီလို ရေးခဲ့တယ်– “ဖိနှိပ်ခံရသူတွေ ငိုကြွေးနေပေမဲ့ နှစ်သိမ့်ပေးသူတစ်ယောက်မှ မရှိမှန်း ငါမြင်တယ်။ ဖိနှိပ်သူတွေက ဩဇာအာဏာရှိသူတွေဖြစ်လို့ နှစ်သိမ့်ပေးသူ တစ်ယောက်မှ မရှိဘူး။”—ဒေသနာ ၄:၁။

အခုအချိန်မှာလည်း အခြေအနေတွေ မပြောင်းလဲသေးဘူး။ “ကမ္ဘာ့ပြဿနာတွေဟာ ညံ့ဖျင်းတဲ့ အုပ်ချုပ်မှုတွေကြောင့်ဆိုတာ ထင်ရှားလာပြီ” လို့ ကုလသမဂ္ဂ ထုတ်ဝေတဲ့ စာစောင်တစ်ခုမှာ ဖော်ပြထားတယ်။

အချိန်ကျပြီ

ကမ္ဘာကြီးဟာ ပိုကောင်းတဲ့ အုပ်စိုးရှင်၊ ပိုကောင်းတဲ့ အစိုးရ လိုအပ်နေပြီ။ ဖန်ဆင်းရှင်က အဲဒါကိုပဲ ကတိပေးခဲ့တယ်။

ရုပ်ပုံများ– လူ့အုပ်ချုပ်မှုရဲ့ ဆိုးကျိုးများ။ ၁။ အာရှ အမျိုးသမီးတစ်ယောက် ငိုနေတဲ့ကလေးကို ဖက်ထားပြီး ညစ်ပတ်တဲ့လမ်းပေါ်မှာ ထိုင်နေစဉ်။ ၂။ ဖျားနေတဲ့ အသက်ကြီးသူတစ်ယောက် ဆေးရုံကုတင်မှာ အိပ်နေစဉ်။ ၃။ စစ်ပွဲမှာ စစ်သားတွေ သေနတ်ပစ်နေကြစဉ်။ ၄။ ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေ ဆိုင်းဘုတ်ကိုင်ပြီး အော်နေကြစဉ်။ ၅။ အမျိုးသမီးတစ်ယောက်နဲ့ သမီးဖြစ်သူ အိမ်အပြင်မှာ ရပ်ပြီး ကွဲနေတဲ့ သူတို့အိမ်ရဲ့မှန်တံခါးကို ကြည့်နေစဉ်။ ၆။ မီးခိုးခေါင်းတိုင်၊ ဓာတ်ကြိုးတွေနဲ့ မီးခိုးငွေ့ ဖုံးလွှမ်းနေတဲ့ မြို့ကိုတွေ့ရစဉ်။

အကောင်းဆုံး လူ့အစိုးရတွေတောင် အရေးကြီးတဲ့ လူ့ပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့

လူ့အုပ်ချုပ်မှုအားလုံးကို အစားထိုးမယ့်၊ “ထာဝစဉ် တည်တံ့” မယ့် နိုင်ငံတော်၊ အစိုးရတစ်ခုကို ဘုရား တည်ထောင်ထားပြီးပြီ။ (ဒံယေလ ၂:၄၄) အဲဒီနိုင်ငံတော်ဟာ သန်းနဲ့ချီတဲ့သူတွေ ဆုတောင်းကြတဲ့ နိုင်ငံပဲ။ (မဿဲ ၆:၉၊ ၁၀) ဒါပေမဲ့ ဘုရားသခင်ကိုယ်တိုင် အဲဒီနိုင်ငံတော်မှာ အုပ်ချုပ်မှာ မဟုတ်ဘူး။ အဲဒီအစား လူသားဖြစ်ခဲ့ဖူးသူတစ်ဦးကို အုပ်စိုးရှင်အဖြစ် ခန့်အပ်ထားပြီးပြီ။ ဘယ်သူဖြစ်မလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ