ဘရိုရှာအသစ် ဝေငှကြမည်
၁။ နိုဝင်ဘာလအတွင်း ဘာစာပေဝေငှကြမလဲ၊ ဒီစာစောင်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။
၁ ၂၀၀၉ ခုနှစ်၊ “စောင့်နေကြသည်” ပြည်လုံးကျွတ် စည်းဝေးကြီးမှာ သမ္မာကျမ်းစာ—ယင်းတွင်အဘယ်သတင်းတရားပါရှိသနည်း ဆိုတဲ့ဘရိုရှာအသစ်ကို ထုတ်ဝေခဲ့တယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အသင်းတော်တွေဟာ နိုဝင်ဘာလအတွင်းမှာ အဲဒီဘရိုရှာကို ဦးဆုံးအကြိမ်အနေနဲ့ ဝေငှကြမှာဖြစ်တယ်။ ဒီစာစောင်က ကျွန်ုပ်တို့ရပ်ကွက်မှာရှိသူတွေကို ဘယ်လိုအကျိုးပြုနိုင်ပါသလဲ။ ခရစ်ယာန်မဟုတ်တဲ့ လူအများစုက သမ္မာကျမ်းစာအကြာင်း မသိကြဘူး။ ဒါကြောင့် ဒီဘရိုရှာရဲ့စာမျက်နှာ ၃ မှာ “သမ္မာကျမ်းစာတွင်ပါဝင်သော အကြောင်းအရာများကို ခြုံငုံသုံးသပ်” ထားပါတယ်။
၂။ ဘရိုရှာကို ကျွန်ုပ်တို့ ဘယ်လိုဝေငှနိုင်သလဲ။
၂ ဝေငှပုံ– ကျွန်ုပ်တို့ ဒီလိုပြောနိုင်ပါတယ်– “ဒီအချက်အပေါ် မိတ်ဆွေရဲ့အမြင်ကို သိချင်ပါတယ်။ [၂ တိမောသေ ၃:၁၆ ကိုဖတ်ပါ။] ကျွန်ုပ်တို့နဲ့စကားပြောခဲ့သူအများစုက ဒီစကားတွေကို သဘောတူကြတယ်။ တခြားသူတွေကတော့ သမ္မာကျမ်းစာက စာကောင်းပေမွန်တစ်အုပ်လောက်ပါပဲလို့ ထင်ကြတယ်။ သမ္မာကျမ်းစာနဲ့ပတ်သက်တဲ့ မိတ်ဆွေရဲ့သဘောထားကရော ဘယ်လိုရှိသလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ကျွန်ုပ်တို့ကဘယ်ဘာသာဝင်ပဲဖြစ်ပါစေ သမ္မာကျမ်းစာကို ကိုယ်တိုင်ဆန်းစစ်လေ့လာဖို့ အကြောင်းကောင်းအများကြီးရှိပါတယ်။ [စာမျက်နှာ ၃ ပါ နိဒါန်းစာပိုဒ်ကို ဖတ်ပါ။] ဘရိုရှာမှာပါတဲ့ သမ္မာကျမ်းစာအကြောင်းအကျဉ်းချုပ်ကို ဖတ်တဲ့အခါ စိတ်ဝင်စားစရာကောင်းတဲ့ ဒီအချက်ကို တွေ့ရပါလိမ့်မယ်– သမ္မာကျမ်းစာတစ်အုပ်လုံးကို ခြုံငုံသုံးသပ်ကြည့်ရင် အဓိကအချက်တစ်ခုပဲရှိတယ်။”
၃။ အထူးသဖြင့် ခရစ်ယာန်မဟုတ်သူတွေ နေထိုင်တဲ့ရပ်ကွက်မှာ ဟောပြောတဲ့အခါ ကျွန်ုပ်တို့အသုံးပြုနိုင်တဲ့ နောက်ထပ်တင်ဆက်နည်းက ဘာလဲ။
၃ အထူးသဖြင့် ခရစ်ယာန်မဟုတ်သူတွေကို ဟောပြောတဲ့အခါ နောက်တစ်မျိုးအနေနဲ့ ဒီလိုပြောနိုင်ပါတယ်– “ဒီကျမ်းချက် (ဒီကျမ်းဂန်မြတ်) မှာဖော်ပြထားတဲ့အချက်အပေါ် မိတ်ဆွေရဲ့အမြင်ကို သိချင်ပါတယ်။ [ဆာလံ ၃၇:၁၁ ကိုဖတ်ပါ။] ဒီပရောဖက်ပြုချက် ပြည့်စုံလာတဲ့အခါ ကမ္ဘာမြေကြီးဘယ်လိုဖြစ်လာမယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒါက ယဉ်ကျေးမှုနဲ့ ယုံကြည်ချက်အမျိုးမျိုးရှိသူအားလုံး သမ္မာကျမ်းစာကနေရရှိနိုင်တဲ့ မျှော်လင့်ချက်နဲ့ နှစ်သိမ့်မှုတွေထဲက ဥပမာတစ်ခုဖြစ်တယ်။” စာမျက်နှာ ၃ ပါ နိဒါန်းစာပိုဒ်ကိုဖတ်ပြီး ဘရိုရှာကိုဝေငှပါ။
၄။ ဘရိုရှာကိုသုံးပြီး ကျမ်းစာသင်အံမှုတစ်ခု ဘယ်လိုစတင်နိုင်မလဲ။
၄ ကျမ်းစာသင်အံမှုတစ်ခု စတင်ပါ– ကျွန်ုပ်တို့ပြန်လည်ပတ်တဲ့အခါ အရင်တစ်ခေါက်က ပြောခဲ့တဲ့အကြောင်းအရာကို ပြန်နွှေးပြီး ကျွန်ုပ်တို့ဆွေးနွေးခဲ့တဲ့အကြောင်းအရာပါတဲ့ အပိုဒ်တစ်ပိုဒ်၊ နှစ်ပိုဒ်ကို သုံးသပ်ပါ။ အဲဒီအပိုင်းရဲ့အဆုံးမှာပါတဲ့ သင့်တော်မယ့်မေးခွန်းတွေကို သုံးပါ။ ဒါမှမဟုတ် သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်ကို ချက်ချင်းအသုံးပြုချင်တယ်ဆိုရင် ဘရိုရှာရဲ့နောက်ကျောဖုံးမှာပါတဲ့ စာမျက်နှာကို ဖတ်နိုင်ပါတယ်။ စာအုပ်ကိုကမ်းပေးပြီး ဘယ်အခန်းကို စိတ်ဝင်စားသလဲလို့မေးပါ။ အဲဒီအခန်းထဲက အပိုဒ်တစ်ပိုဒ်၊ နှစ်ပိုဒ်ကို အတူသုံးသပ်ပါ။ နိုဝင်ဘာလအတွင်း ဒီဘရိုရှာကိုဝေငှရာမှာ ကျွန်ုပ်တို့အားလုံး အပြည့်အဝပါဝင်နိုင်ကြပါစေ။