သင့်အတွက် “အားရရွှင်လန်းစရာ အကြောင်း” က ဘာလဲ
၁။ လကုန်တိုင်း ကျွန်ုပ်တို့အတွက် အားရရွှင်လန်းစရာ ဘာအကြောင်းရင်းရှိသလဲ။
၁ လကုန်ရက်ရောက်လာပြီး လယ်ကွင်းမှတ်တမ်းတွေသွင်းတဲ့အခါ သင့်အတွက် “အားရရွှင်လန်းစရာအကြောင်း” က ဘာလဲ။ (ဂလ. ၆:၄) ကျွန်ုပ်တို့ဟာ တစ်လကို နာရီ ၁၃၀ သွင်းရတဲ့ အထူးရှေ့ဆောင်တွေပဲဖြစ်ဖြစ်၊ ၁၅ မိနစ်သွင်းခွင့်ရထားတဲ့ ကြေညာသူပဲဖြစ်ဖြစ် ယေဟောဝါရဲ့အမှုတော်ကို စိတ်နှလုံးအကြွင်းမဲ့ လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ပျော်ရွှင်သင့်ပါတယ်။—ဆာ. ၁၀၀:၂။
၂။ ယေဟောဝါရဲ့ အမှုတော်ဆောင်ရာမှာ ဘာကြောင့် ကြိုးစားအားထုတ်သင့်သလဲ။
၂ စကြဝဠာပိုင်သအုပ်စိုးရှင်ဖြစ်တဲ့ ယေဟောဝါဘုရားသခင်ဟာ ကျွန်ုပ်တို့မှာရှိတဲ့ အကောင်းဆုံးအရာကို ရထိုက်ပါတယ်။ (မာလ. ၁:၆) ကိုယ်တော့်ကို ချစ်တဲ့အတွက် ကိုယ်တော့်အလိုတော်ဆောင်ဖို့ ကျွန်ုပ်တို့ဘဝကို အပ်နှံခဲ့ကြတယ်။ ဒါကြောင့် တစ်နေ့တာရဲ့အဆုံး၊ တစ်လတာရဲ့အဆုံးမှာ ကျွန်ုပ်တို့ရဲ့ အချိန်၊ အစွမ်းခွန်အားတွေထဲက အကောင်းဆုံးကို ဘုရားသခင့်အမှုတော်မှာ အသုံးပြုခဲ့ပါတယ်လို့ စိတ်ချလက်ချပြောနိုင်ရင် ဒါဟာ ကျွန်ုပ်တို့အတွက် အားရရွှင်လန်းသင့်တဲ့ အကြောင်းရင်းဖြစ်တယ်။ (သု. ၃:၉) ဒါပေမဲ့ ဒီထက်ပိုလုပ်နိုင်ရဲ့သားနဲ့ ဆိုပြီး ကျွန်ုပ်တို့ရဲ့ ဩတ္တပ္ပစိတ်က ပြောနေမယ်ဆိုရင်တော့ အမှုဆောင်လုပ်ငန်းမှာ ဘယ်လိုနည်းနဲ့ ဒီထက်ပိုပါဝင်နိုင်မလဲဆိုတာ စဉ်းစားသုံးသပ်သင့်တယ်။—ရော. ၂:၁၅။
၃။ ကျွန်ုပ်တို့ကိုယ်ကို တခြားသူတွေနဲ့ နှိုင်းယှဉ်ခြင်းက ဘာကြောင့် ပညာမဲ့ရာကျသလဲ။
၃ “သူတစ်ပါးနှင့် ကိုယ်ကိုမနှိုင်းယှဉ်ဘဲ”– ကျွန်ုပ်တို့ကိုယ်ကို သူတစ်ပါးနဲ့ နှိုင်းယှဉ်တာ၊ ကျွန်ုပ်တို့ ပိုလုပ်ဆောင်နိုင်ခဲ့ချိန်နဲ့ နှိုင်းယှဉ်တာက ပညာမဲ့ရာကျတယ်။ အခြေအနေတွေက ပြောင်းလဲနေတယ်။ စွမ်းရည်တွေက တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ နှိုင်းယှဉ်တာက ယှဉ်ပြိုင်မှုတွေ ဖြစ်ပေါ်စေနိုင်၊ အသုံးမကျဘူးလို့ ခံစားရစေနိုင်တယ်။ (ဂလ. ၅:၂၆; ၆:၄) ယေရှုက နှိုင်းယှဉ်တာတွေ မလုပ်ခဲ့ဘူး။ လူတွေကို သူတို့လုပ်ဆောင်နိုင်ရာပေါ်မူတည်ပြီး ချီးမွမ်းခဲ့တယ်။—မာ. ၁၄:၆-၉။
၄။ ယေရှုရဲ့ တဲလင့်ပုံဥပမာကနေ ဘာသင်ခန်းစာရနိုင်သလဲ။
၄ ယေရှုရဲ့ တဲလင့်ပုံဥပမာမှာ လုပ်သားတစ်ဦးစီက “အစွမ်းအစ” ပေါ်မူတည်ပြီး တဲလင့်တွေ ရရှိခဲ့တယ်။ (မ. ၂၅:၁၅) သခင်ပြန်လာတဲ့အခါ သူတို့လုပ်ဆောင်ခဲ့တာတွေကို ပြန်ပြောပြရတယ်။ ကိုယ့်အစွမ်းအစ၊ ကိုယ့်အခြေအနေအရ လုံ့လရှိရှိလုပ်ဆောင်ခဲ့တဲ့ လုပ်သားတွေဟာ ချီးမွမ်းခံခဲ့ရပြီး သခင်နဲ့အတူ ဝမ်းမြောက်ခဲ့ကြတယ်။ (မ. ၂၅:၂၁၊ ၂၃) ကျွန်ုပ်တို့လည်း နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းမှာ အလုပ်များနေမယ်ဆိုရင် ဘုရားသခင့် မျက်နှာသာ ရရှိမယ်ဆိုတာစိတ်ချနိုင်ပြီး ရွှင်လန်းအားရစရာအကြောင်း ရှိပါလိမ့်မယ်။