ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၁၂ စာ. ၁
  • “လူအားလုံးနှင့် သင့်မြတ်စွာနေကြလော့”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “လူအားလုံးနှင့် သင့်မြတ်စွာနေကြလော့”
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—ဒေါသထွက်နေတဲ့ အိမ်ရှင်ကို လိမ္မာပါးနပ်စွာတုံ့ပြန်ပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၅
  • ရဲရင့်သော်လည်း အသင့်အတင့်နေကြ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
  • အိမ်ရှင်ကို ကျိုးကြောင်းဆင်ခြင်နိုင်အောင် ကူညီပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • မေးခွန်းသေတ္တာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
နဓ ၁၂/၁၂ စာ. ၁

“လူအားလုံးနှင့် သင့်မြတ်စွာနေကြလော့”

၁။ စိတ်အနှောင့်အယှက်ဖြစ်နေတဲ့ အိမ်ရှင်နဲ့တွေ့တဲ့အခါ ဘယ်ကျမ်းစာအကြံပြုချက်ကို ကျွန်ုပ်တို့ ကျင့်သုံးသင့်သလဲ။

၁ ယေဟောဝါလူမျိုးဟာ သင့်မြတ်ငြိမ်သက်ခြင်းကို မြတ်နိုးကြတယ်။ ကျွန်ုပ်တို့ကြေညာတဲ့သတင်းကလည်း ငြိမ်သက်ခြင်းသတင်းဖြစ်တယ်။ (ဟေရှာ. ၅၂:၇) ဒါပေမဲ့ ကျွန်ုပ်တို့က လူတွေရဲ့အိမ်တွေကိုသွားတဲ့အတွက် စိတ်အနှောင့်အယှက်ဖြစ်နေတဲ့ အိမ်ရှင်တွေနဲ့ တစ်ခါတလေ ကြုံရကြတယ်။ ဒီလိုအခြေအနေမှာ သင့်မြတ်စွာနေဖို့ ဘယ်အရာက အထောက်အကူပေးမလဲ။—ရော. ၁၂:၁၈။

၂။ ကျွန်ုပ်တို့မှာ ထိုးထွင်းသိမြင်မှုရှိဖို့ ဘာကြောင့်အရေးကြီးသလဲ။

၂ ထိုးထွင်းသိမြင်မှုရှိပါ– တချို့က အမှန်တရားကို မကြိုက်လို့ စိတ်ဆိုးတာဖြစ်တယ်။ တချို့စိတ်ဆိုးရတဲ့ အကြောင်းရင်းကတော့ ကျွန်ုပ်တို့ဟောပြောတဲ့သတင်းနဲ့ မဆိုင်ဘူး။ အဆင်မပြေတဲ့အချိန် သွားလည်ပတ်မိလို့ဖြစ်နိုင်တယ်။ အိမ်ရှင်က ကိုယ်ရေးကိုယ်တာပြဿနာကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေတာလည်း ဖြစ်နိုင်တယ်။ သတင်းကောင်းကြောင့် စိတ်ဆိုးတယ်ဆိုရင်တောင် သူက လှည့်စားခံထားရလို့ အဲဒီလိုတုံ့ပြန်တာဆိုတာ ကျွန်ုပ်တို့သတိရသင့်တယ်။ (၂ ကော. ၄:၄) ထိုးထွင်းသိမြင်မှုရှိမယ်ဆိုရင် ပုဂ္ဂိုလ်ရေးအရ ကိုယ့်ကိုတိုက်ခိုက်နေတာမဟုတ်ဘူးဆိုတာ နားလည်မှာဖြစ်ပြီး စိတ်ငြိမ်သက်မှုရှိမှာဖြစ်တယ်။—သု. ၁၉:၁၁။

၃။ အိမ်ရှင်ကို လေးစားကြောင်း ဘယ်လိုဖော်ပြနိုင်မလဲ။

၃ လေးစားမှုတင်ပြပါ– ရပ်ကွက်မှာရှိသူများစွာရဲ့ ယုံကြည်ချက်တွေက အခိုင်အမာအမြစ်စွဲနေတယ်။ (၂ ကော. ၁၀:၄) နားထောင်မလား၊ နားမထောင်ဘူးလားဆိုတာ သူတို့ ရွေးချယ်ပိုင်ခွင့်ရှိတယ်။ ကျွန်ုပ်တို့ဟာ အိမ်ရှင်ရဲ့ယုံကြည်ချက်ကို အထင်သေးတဲ့ ဒါမှမဟုတ် သူတို့ထက် ကျမ်းစာအကြောင်းပိုသိတယ်ဆိုတဲ့ ပုံစံမျိုး မပြလိုကြဘူး။ သူတို့က ထွက်သွားဖို့ပြောရင် ကျွန်ုပ်တို့က လေးစားစွာနဲ့ လိုက်နာသင့်တယ်။

၄။ နှစ်လို့ဖွယ်စကားဆိုတာ ဘယ်လိုမျိုးလဲ။

၄ နှစ်လို့ဖွယ်စကားပြောပါ– အိမ်ရှင်က ရိုင်းရိုင်းစိုင်းစိုင်းပြောမယ်ဆိုရင်တောင် ကျွန်ုပ်တို့က နှစ်လို့ဖွယ်စကားနဲ့ နူးညံ့စွာ ပြန်ပြောသင့်တယ်။ (ကော. ၄:၆; ၁ ပေ. ၂:၂၃) အငြင်းပွားစရာစကားကိုပြောမယ့်အစား နှစ်ဦးသဘောတူနိုင်မယ့်အချက်ကို ရှာသင့်တယ်။ အိမ်ရှင်ကန့်ကွက်ရတဲ့အကြောင်းရင်းကို လေးစားစွာမေးသင့်တယ်။ သူ့ကို ပိုပြီးဒေါသဆွပေးသလိုမဖြစ်စေဖို့ တစ်ခါတလေ စကားဆက်မပြောတာက အကောင်းဆုံးဖြစ်တယ်။—သု. ၉:၇; ၁၇:၁၄။

၅။ အမှုဆောင်ခြင်းမှာ သင့်မြတ်ဖို့ကြိုးစားမယ်ဆိုရင် ဘာအကျိုးရမလဲ။

၅ ကျွန်ုပ်တို့က သင့်မြတ်စွာနေလိုတယ်ဆိုရင် ကျွန်ုပ်တို့ရဲ့တုံ့ပြန်ပုံကို အိမ်ရှင် သတိထားမိနိုင်ပြီး နောက်တစ်ကြိမ် တစ်ယောက်ယောက်က သူ့ကိုသက်သေခံတဲ့အခါ နားထောင်နိုင်တယ်။ (ရော. ၁၂:၂၀၊ ၂၁) သူ့ရဲ့ဆန့်ကျင်မှုက ပြင်းထန်နေတဲ့ပုံပေါက်ရင်တောင် တစ်နေ့မှာ သူက ကျွန်ုပ်တို့ရဲ့ ညီအစ်ကို ဖြစ်လာနိုင်တယ်။ (ဂလ. ၁:၁၃၊ ၁၄) အမှန်တရားကို သူလက်ခံလာသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ကျွန်ုပ်တို့က စိတ်ချုပ်တည်းပြီး သင့်မြတ်ဖို့ကြိုးစားမယ်ဆိုရင် ယေဟောဝါကို ဂုဏ်တင်ရာရောက်ပြီး ကျွန်ုပ်တို့ရဲ့သတင်းတရားကို တန်ဆာဆင်ရာရောက်တယ်။—၂ ကော. ၆:၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ