ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၇/၁၃ စာ. ၈
  • နမူနာတင်ဆက်နည်းများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နမူနာတင်ဆက်နည်းများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • နမူနာတင်ဆက်နည်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • အပြာစာပေတွေကို ငါဘယ်လို ရှောင်နိုင်မလဲ
    နိုးလော့!—၂၀၀၇
  • ညစ်ညမ်းရုပ်ပုံစာပေ—အန္တရာယ်ရှိသလား၊ မရှိဘူးလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ညစ်ညမ်းရုပ်ပုံစာပေကြည့်ရှုခြင်းကို ဘာကြောင့် ငြင်းပယ်သင့်သလဲ
    လူငယ်များအမေး
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
နဓ ၇/၁၃ စာ. ၈

နမူနာတင်ဆက်နည်းများ

ဩဂုတ်လရဲ့ ပထမဆုံး စနေ ဒါမှမဟုတ် တနင်္ဂနွေမှာ ကျမ်းစာသင်အံမှုစဖို့ အခုလိုပြောနိုင်တယ်

“လူတိုင်းနီးပါးက တစ်ချိန်မဟုတ်တစ်ချိန် ဆုတောင်းတတ်ကြတယ်။ ဘုရားတရားမယုံတဲ့သူတွေတောင် ဒုက္ခကြုံတဲ့အခါ ဆုတောင်းတတ်ကြတယ်။ ဘုရားသခင်က ဆုတောင်းချက်အားလုံးကို နားထောင်တယ်လို့ မိတ်ဆွေ ထင်သလား။” တုံ့ပြန်မှုကိုစောင့်ပါ။ ဩဂုတ် ၁ ရက်ထုတ် ကင်းမျှော်စင်ရဲ့ နောက်ကျောအဖုံးကို ပြပါ။ ပထမဆုံးမေးခွန်းရဲ့ အောက်က အကြောင်းအရာနဲ့ အနည်းဆုံး ညွှန်းထားတဲ့ကျမ်းချက်တစ်ချက်ကို သုံးသပ်ပါ။ မဂ္ဂဇင်းကို ဝေငှပြီး နောက်မေးခွန်းတစ်ခု ဆွေးနွေးနိုင်အောင် ပြန်လည်ပတ်ဖို့ စီစဉ်ပါ။

သတိပြုပါ– ဒီတင်ဆက်နည်းကို ဩဂုတ် ၃ ရက် ဒါမှမဟုတ် ၄ ရက်နေ့ လယ်ကွင်းစုဆုံမှုမှာ သရုပ်ပြသင့်ပါတယ်။

ကင်းမျှော်စင် ဩဂုတ် ၁

“အခုအချိန်မှာ ညစ်ညမ်းရုပ်ပုံစာပေတွေ အရမ်းကိုများလာတယ်။ တချို့က ဒီအတွက် စိုးရိမ်မကင်းဖြစ်ကြပေမဲ့ တချို့ကတော့ ဘာမှအန္တရာယ် မရှိဘူးလို့ ယူဆကြတယ်။ မိတ်ဆွေကော ဘယ်လိုထင်သလဲ။ [တုံ့ပြန်မှုကို စောင့်ပါ။] တစ်ခုခုက ကောင်းတယ်၊ ဆိုးတယ်ဆိုတာ ထွက်ပေါ်လာတဲ့ရလဒ်ကိုကြည့်ပြီး သိနိုင်တယ်လို့ ယေရှုပြောခဲ့တယ်။ [မဿဲ ၇:၁၇ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းမှာ ညစ်ညမ်းရုပ်ပုံစာပေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို ဆွေးနွေးထားတယ်။ ညစ်ညမ်းရုပ်ပုံစာပေတွေကို ဖြတ်နိုင်ပုံနဲ့ပတ်သက်ပြီး လက်တွေ့ကျအကြံပြုချက်တွေကိုလည်း ဖော်ပြပေးထားပါတယ်။”

နိုးလော့! ဩဂုတ်

“လူအများစုက ဖြစ်နိုင်ရင် အသက်ရှည်ရှည် နေချင်ကြတယ်။ တိုးတက်လာတဲ့ သိပ္ပံပညာက လူတွေကို ထာဝစဉ်အသက်ရှင်နိုင်အောင် လုပ်ပေးနိုင်မယ်လို့ မိတ်ဆွေ ထင်ပါသလား။ [တုံ့ပြန်မှုကို စောင့်ပါ။] ဒီအားရှိစရာ ကတိတော်ကို သတိပြုကြည့်ပါ။ [၁ ကောရိန္သု ၁၅:၂၆ ကိုဖတ်ပါ။] ဒီကတိတော် ပြည့်စုံလာအောင် ဘုရားသခင် ဘယ်လိုလုပ်မလဲ။ သိပ္ပံပညာနဲ့လား၊ တခြားနည်းတစ်နည်းနဲ့လား။ အခုအချိန်မှာ ကျွန်ုပ်တို့ ဘာကြောင့် အိုမင်းပြီး သေဆုံးကြရတာလဲ။ ဒီမေးခွန်းတွေကို သမ္မာကျမ်းစာမှာ ဘယ်လိုဖြေဆိုထားသလဲဆိုတာ ဒီမဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ