“ကျွန်တော်တို့စာပေကို ယူရင် ခင်ဗျားတို့စာပေကိုလည်း ယူမယ်”
အိမ်ရှင်တချို့က အဲဒီလိုပြောတတ်ကြတယ်။ မှားယွင်းတဲ့ အယူဝါဒတွေ ပျံ့နှံ့စေတဲ့ ဘာသာရေးစာပေနဲ့ ကျွန်ုပ်တို့ရဲ့ ကျမ်းစာသင်ထောက်ကူစာပေတွေကို အလဲအလှယ် လုပ်မှာမဟုတ်ဘူး။ အဲဒီတော့ သူ့ကို လိမ္မာပါးနပ်စွာ ဘယ်လိုပြန်ပြောမလဲ။ (ရော. ၁:၂၅) ကျွန်ုပ်တို့ ဒီလိုပြန်ပြောနိုင်ပါတယ်– “ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဖတ်တဲ့ ဘာသာရေးစာပေမှာ ဘုရားသခင့်နိုင်ငံတော်အကြောင်းကို အလေးပေး ဖော်ပြထားပါတယ်။ [အဲဒီနောက် မဿဲ ၆:၉၊ ၁၀ ကို ဖတ်ပြပါ ဒါမှမဟုတ် ကိုးကားပြပါ။] ကျွန်တော့်ဆီမှာ အဲဒီလိုမျိုး ဘာသာရေးစာပေတွေ အများကြီးရှိပါတယ်။”