ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၀ အမှတ် ၃ စာ. ၄-၅
  • မေတ္တာရှိတဲ့ ဖန်ဆင်းရှင် ကျွန်တော်တို့ကို ဂရုစိုက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေတ္တာရှိတဲ့ ဖန်ဆင်းရှင် ကျွန်တော်တို့ကို ဂရုစိုက်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ၁။ ဘုရားသခင်က နေထွက်အောင် လုပ်ပေးတယ်
  • ၂။ ဘုရားသခင်က မိုးရွာအောင် လုပ်ပေးတယ်
  • ၃။ ဖန်ဆင်းရှင် ဘုရားသခင်က အစားအစာနဲ့ အဝတ်အစားတွေ ထောက်ပံ့ပေးတယ်
  • မိုးရေအတွက် ကျေးဇူးတင်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ပစ္စည်းဥစ္စာတွေကိုမဟုတ်ဘဲ နိုင်ငံတော်ကို ဦးစားထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • သင့်ဖန်ဆင်းရှင်—ကိုယ်တော်သည်မည်သို့သောအရှင်ဖြစ်ကြောင်း သင်ယူလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • အရာခပ်သိမ်းကို ဖန်ဆင်းတဲ့အရှင်
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
ကလ၂၀ အမှတ် ၃ စာ. ၄-၅
တောင်ပေါ်ကနေ နေထွက်လာစဉ်။

မေတ္တာရှိတဲ့ ဖန်ဆင်းရှင် ကျွန်တော်တို့ကို ဂရုစိုက်

၁။ ဘုရားသခင်က နေထွက်အောင် လုပ်ပေးတယ်

ကမ္ဘာပေါ်မှာ နေရောင်ခြည်သာ မရှိရင် ဘယ်လိုနေမလဲလို့ စဉ်းစားဖူးသလား။ နေရောင်ခြည်က အပင်တွေ ရွက်နုပေါက်အောင်၊ အပွင့်ပွင့်အောင်၊ အသီးသီးအောင် စွမ်းအင်ပေးတယ်။ အဲဒီအပြင် အမြစ်ကနေ ရေကို စုပ်ယူပြီး အရွက်တွေဆီ ပို့ပေးနိုင်အောင်၊ လေထုထဲ ရေခိုးရေငွေ့အဖြစ် ထုတ်လွှတ်နိုင်အောင် လုပ်ပေးတယ်။

စိမ်းလန်းနေတဲ့ လက်ဖက်စိုက်ခင်းကို အပေါ်စီးကနေ မြင်ရစဉ်။

၂။ ဘုရားသခင်က မိုးရွာအောင် လုပ်ပေးတယ်

မိုးရေဟာ ဘုရား ပေးတဲ့ အဖိုးတန် လက်ဆောင်တစ်ခုပါ။ မိုးရေကြောင့် မြေကြီးထဲကနေ အစားအစာတွေ ရရှိတယ်။ ဘုရားသခင်က ကျွန်တော်တို့ကို အစားအစာ အလျှံပယ် ပေးဖို့၊ ရွှင်လန်းဝမ်းမြောက်စေဖို့ ကောင်းကင်ကနေ မိုးရွာစေတယ်။ အသီးအနှံတွေ ဖြစ်ထွန်းစေတဲ့ ရာသီဥတုကို ပေးတယ်။

ငှက်တစ်ကောင် သစ်ကိုင်းမှာ နားပြီး ကျလာတဲ့ အသီးကို ဖမ်းနေစဉ်။

၃။ ဖန်ဆင်းရှင် ဘုရားသခင်က အစားအစာနဲ့ အဝတ်အစားတွေ ထောက်ပံ့ပေးတယ်

လူသားဖခင်တွေဟာ မိသားစု စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်ကြတယ်။ ကျမ်းစာမှာတော့ ဒီလို ပြောထားတယ်– “ငှက်တွေကို အာရုံစိုက်ကြည့်လိုက်ပါ။ သူတို့က မျိုးစေ့ကြဲတာ၊ ရိတ်သိမ်းတာ၊ ကျီထဲ စုသိမ်းတာတွေ မလုပ်ကြဘူး။ ဒါပေမဲ့ ကောင်းကင်အဖက သူတို့ကို ကျွေးမွေးထားတာပဲ။ ခင်ဗျားတို့ဟာ အဲဒီငှက်တွေထက် ပိုတန်ဖိုးရှိတယ် မဟုတ်လား။”—မဿဲ ၆:၂၅၊ ၂၆။

“တောနှင်းပန်းတွေ ရှင်သန်နေပုံကို ကြည့်ပြီး သင်ခန်းစာယူပါ။ . . . ကျွန်တော် ပြောမယ်၊ ခံ့ခံ့ညားညား ဝတ်ဆင်ထားတဲ့ ရှောလမုန်မင်းတောင် အဲဒီနှင်းပန်းတစ်ပင်လို လှလှပပ ဖြစ်အောင် မဆင်မြန်းနိုင်ဘူး။ . . . တောပင်တွေကိုတောင် ဘုရားသခင်က အဲဒီလို ဆင်မြန်းပေးတယ်ဆိုရင် ခင်ဗျားတို့ကို ဒီထက်မက ဆင်မြန်းပေးမယ် မဟုတ်လား။”—မဿဲ ၆:၂၈-၃၀။

ဘုရားသခင်က အစားအစာ၊ အဝတ်အစားတွေ ထောက်ပံ့ပေးနိုင်တယ်ဆိုရင် ဘဝအတွက် တခြားလိုအပ်ရာတွေကိုလည်း ထောက်ပံ့ပေးနိုင်မှာ သေချာတယ်။ ဘုရားရဲ့ အလိုတော်အတိုင်း လုပ်ဆောင်မယ်ဆိုရင် စားစရာတွေ စိုက်ပျိုးတဲ့အခါ ဘုရား ကောင်းချီးပေးနိုင်တယ်။ လိုအပ်တာတွေ ဝယ်ဖို့ ပိုက်ဆံရတဲ့ အလုပ်အကိုင် ရှာတွေ့အောင် ကူညီပေးနိုင်တယ်။—မဿဲ ၆:၃၂၊ ၃၃။

နေရောင်၊ မိုးရေ၊ ငှက်တွေ၊ ပန်းတွေအကြောင်း စဉ်းစားတဲ့အခါ ဘုရားကို ချစ်ဖို့ အကြောင်းကောင်းတွေ ရှိလာတယ်။ နောက်ဆောင်းပါးမှာ လူသားတွေနဲ့ ဘုရားသခင် ဘယ်လို ဆက်သွယ်တယ်ဆိုတာ ဆွေးနွေးသွားပါမယ်။

ဖန်ဆင်းရှင်က “နေထွက်စေတယ်။ . . . မိုးရွာစေတယ်။” —မဿဲ ၅:၄၅။

ဖန်ဆင်းရှင် ဘုရားသခင်က ကျွန်တော်တို့ကို ချစ်တယ်။ ဂရုစိုက်တယ်။ မေတ္တာရှိတဲ့ အဖေလိုပဲ လူ့မိသားစုကို ကြည့်ရှုစောင့်ရှောက်တယ်။ “လိုအပ်ရာတွေကို မတောင်းခင်ကတည်း သိ” တဲ့ ရက်ရက်ရောရော ထောက်ပံ့ပေးသူအဖြစ် ဘုရားသခင်အကြောင်း ကျမ်းစာထဲမှာ ဖော်ပြထားတယ်။—မဿဲ ၆:၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ