ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb17 ဇွန် စာ. ၈
  • သတင်းကောင်း ဟောပြောခြင်းမှာ ပျော်မွေ့ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သတင်းကောင်း ဟောပြောခြင်းမှာ ပျော်မွေ့ပါ
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • နိုင်ငံတော်နှင့်ယှဉ်သော သတင်းကောင်းကို ဟောပြောစို့
    ယေဟောဝါအား ချီးမွမ်းကျူးဧခြင်း
  • ‘သွား၍ လူမျိုးတကာမှ လူတို့ကို တပည့်ဖြစ်စေပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • သတင်းကောင်းကို ဘယ်သူတွေ ဟောနေကြသလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ‘ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောခြင်း’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၇
mwb17 ဇွန် စာ. ၈

ခရစ်ယာန်အသက်တာလမ်းစဉ်

သတင်းကောင်း ဟောပြောခြင်းမှာ ပျော်မွေ့ပါ

အမှုဆောင်ထွက်ဖို့ စိတ်မပါတာမျိုး ဖြစ်ဖူးသလား။ ဖြစ်ဖူးပါလိမ့်မယ်။ ဘာဖြစ်လို့လဲ။ ရပ်ကွက်ကလူတွေ စိတ်ဝင်စားမှုမရှိတာ၊ အတိုက်အခံလုပ်တာ၊ သူစိမ်းတွေနဲ့ စကားမပြောဝံ့တာတွေကြောင့် မပျော်ရွှင်တော့တာ ဖြစ်နိုင်တယ်။ ယေဟောဝါက ပျော်ရွှင်တဲ့ ဘုရားဖြစ်လို့ ကျွန်တော်တို့ကို ပျော်ပျော်ရွှင်ရွှင်နဲ့ အမှုဆောင်စေချင်တယ်။ (ဆာ. ၁၀၀:၂။ ၁ တိ. ၁:၁၁) အမှုဆောင်မှာ ပျော်ရွှင်ရတဲ့ အကြောင်းရင်း သုံးခုက ဘာလဲ။

ပထမ၊ မျှော်လင့်ချက် ရှိစေတဲ့ သတင်းကို ကြေညာနေတာ ဖြစ်တယ်။ မျှော်လင့်ချက်တွေ မှေးမှိန်နေတဲ့ ဒီလောကမှာ “ကောင်းကျိုးချမ်းသာနဲ့ဆိုင်တဲ့ သတင်းကောင်း” ကို ကျွန်တော်တို့ ကြားသိစေတယ်။ (ဟေရှာ. ၅၂:၇) ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းက ကျွန်တော်တို့ကိုလည်း ရွှင်လန်းစေတယ်။ အမှုဆောင်မထွက်ခင် ဘုရားသခင့်နိုင်ငံတော် လုပ်ဆောင်ပေးမယ့် ကောင်းချီးတွေကို တွေးတောဆင်ခြင်ပါ။

ဒုတိယ၊ ကျွန်တော်တို့ဟောပြောတဲ့ သတင်းကောင်းက ကာယရေးနဲ့ ဝတ်ပြုရေးကို အကျိုးပြုတယ်။ အကျင့်ဆိုးတွေကို စွန့်ပစ်စေပြီး ထာဝရအသက် မျှော်လင့်ချက် ရှိလာစေတယ်။ (ဟေရှာ. ၄၈:၁၇၊ ၁၈။ ရော. ၁:၁၆) ကျွန်တော်တို့ဟာ ရှာဖွေ ကယ်ဆယ်ရေး လုပ်တဲ့သူတွေနဲ့ တူတယ်။ တချို့သူတွေက ကယ်ဆယ်ပေးတာကို လက်မခံကြပေမဲ့ လက်ခံတဲ့သူတွေကို ဆက်ရှာမှာဖြစ်တယ်။—မ. ၁၀:၁၁-၁၄။

တတိယနဲ့ အရေးအကြီးဆုံးအချက်၊ ဟောပြောခြင်းလုပ်ငန်းက ယေဟောဝါကို ဂုဏ်တင်တယ်။ ဒီလိုသက်သေခံတာကို ကိုယ်တော် တန်ဖိုးထားလေးမြတ်တယ်။ (ဟေရှာ. ၄၃:၁၀။ ဟီ. ၆:၁၀) ဒီအလုပ်ပြီးမြောက်ဖို့ သန့်ရှင်းသောစွမ်းအားတော်ကို ရက်ရက်ရောရော ပေးထားတယ်။ စွမ်းအားတော်အရည်အသွေးဖြစ်တဲ့ ဝမ်းမြောက်ခြင်းရှိဖို့ ယေဟောဝါဆီမှာ တောင်းခံပါ။ (ဂလ. ၅:၂၂) ကိုယ်တော်ရဲ့အကူအညီနဲ့ စိုးရိမ်ပူပန်မှုတွေ မရှိတော့ဘဲ ရဲရဲရင့်ရင့် ဟောပြောနိုင်မယ်။ (တ. ၄:၃၁) ဒီအခါ ရပ်ကွက်မှာ ဘယ်လိုပဲ ကြုံရကြုံရ ရထားတဲ့တာဝန်ကို ပျော်ရွှင်စွာ ထမ်းဆောင်နိုင်ပါလိမ့်မယ်။—ယေဇ. ၃:၃။

ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်နေပေမဲ့ တစ်ပုံက ပျော်ရွှင်မှုမရှိ၊ တစ်ပုံက ရွှင်လန်းနေ

အမှုဆောင်လုပ်ငန်းမှာ ဘယ်လိုစိတ်သဘောထားမျိုး ရှိချင်သလဲ။ပျော်ရွှင်နေတယ်ဆိုတာကို ဘယ်လိုတင်ပြနိုင်သလဲ။

ပျော်ရွှင်မှုပြန်ရအောင် လေ့လာပါ၊ တွေးတောဆင်ခြင်ပါ ဗီဒီယိုကို ကြည့်ပြီး အောက်ပါမေးခွန်းတွေကို ဖြေပါ–

  • အမှုဆောင်လုပ်ငန်းမှာ လစဉ် နာရီများများ ပါဝင်နေရင်တောင် ကိုယ်ပိုင်လေ့လာမှုလုပ်ဖို့ ဘာကြောင့် အရေးကြီးတာလဲ။

  • မာရိကို ဘယ်လိုနည်းနဲ့ တုပနိုင်သလဲ။

  • ဘယ်အချိန်တွေမှာ ကျမ်းစာကို တွေးတောဆင်ခြင်သလဲ။

  • သတင်းကောင်းဟောပြောတဲ့အခါ ဘာက ပျော်ရွှင်စေတာလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ