အီတလီနိုင်ငံမှာ တစ်အိမ်မှတစ်အိမ် ဟောပြောနေ
နမူနာတင်ဆက်နည်းများ
ကင်းမျှော်စင်
မေးခွန်း– သေတယ်ဆိုတာက နောက်ဘဝတစ်ခုကို ကူးပြောင်းသွားတာလား။
ကျမ်းချက်– ဒေသနာ ၉:၅
ဝေငှပုံ– သေပြီးနောက် ဘာဖြစ်သွားသလဲ၊ ဘာမျှော်လင့်ချက် ရှိသလဲဆိုတာ ဒီကင်းမျှော်စင် မှာ ဖော်ပြထားတယ်။
အမှန်တရားကို သင်ပေးပါ
မေးခွန်း– ဆင်းရဲဒုက္ခတွေ ဘာကြောင့် ဒီလောက် များနေသလဲ။
ကျမ်းချက်– ၁ ယော. ၅:၁၉
အမှန်တရား– ဒီလောကကို စာတန်မာရ်နတ် အုပ်စိုးနေလို့ပါ။
ကျမ်းစာလေ့လာမှုကို ဘယ်လိုလုပ်ကြသလဲ
ကမ်းလှမ်းပုံ– ဆင်းရဲဒုက္ခတွေ ဘာကြောင့် ဒီလောက် များနေသလဲ။ ပျော်ရွှင်တဲ့ မိသားစုဘဝ ဘယ်လိုပိုင်ဆိုင်နိုင်မလဲ စတဲ့ မေးခွန်းတွေရဲ့ အဖြေကို ယေဟောဝါသက်သေတွေနဲ့ အခမဲ့ ဆွေးနွေးနိုင်ပါတယ်။ ကျမ်းစာကို ဘယ်လို လေ့လာတယ် ဆိုတာ သိဖို့ ဒီဗီဒီယိုတိုလေး ပြချင်တယ်။ [ကျမ်းစာလေ့လာမှုကို ဘယ်လိုလုပ်ကြသလဲ ဗီဒီယို ပြပါ။] ဒီစာအုပ်နဲ့ လေ့လာနိုင်ပါတယ်။ [သင်အံမှုမှာသုံးတဲ့ စာအုပ်တစ်အုပ်ကို ပြပါ။ ဖြစ်နိုင်ရင် ကျမ်းစာသင်ပုံကို သရုပ်ပြပါ။]
ကိုယ်ပိုင်တင်ဆက်နည်းကို ချရေးပါ
နမူနာတွေကိုသုံးပြီး ကိုယ်ပိုင်တင်ဆက်နည်းတွေ ဖန်တီးပါ။