ခရစ်ယာန်အသက်တာလမ်းစဉ်
ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်သလား
ယေဟောဝါ ခွင့်လွှတ်ပြီးသား အမှားတွေကို ကိုယ်တိုင်က ခွင့်မလွှတ်ဘဲ ဖြစ်နေနိုင်တယ်။ ဒါကို ၂၀၁၆၊ “ယေဟောဝါဘုရားကို ဆက်သစ္စာစောင့်သိပါ” ခရိုင်အစည်းအဝေးမှာ ဟောပြောချက်တစ်ခု၊ ဗီဒီယိုတစ်ခုနဲ့ သုံးသပ်ခဲ့ကြတယ်။ JW Library app မှာ ဗီဒီယိုကို ပြန်ကြည့်ပြီး ဒီမေးခွန်းတွေကို ဖြေကြည့်ပါ–
ဘယ်လောက်ကြာကြာ ဆိုနီယာ နှင်ထုတ်ခံရသလဲ။
အကြီးအကဲတွေက ဘယ်ကျမ်းချက် ဖတ်ပြသလဲ။ ဒါက ဘယ်လို အကူအညီဖြစ်စေသလဲ။
သူ့ကို ပြန်လက်ခံတဲ့အခါ အသင်းတော်က ဘယ်လို ပြုမူဆက်ဆံသလဲ။
ဘယ်ခံစားချက်တွေကို သူတိုက်လှန်ရသလဲ။ သူ့အဖေက ဘယ်လိုကူညီပေးသလဲ။